(ဓါတ်ပုံ အညွှန်း – မော်လမြိုင် View Point တွင် ၂၀၁၆ နှစ်သစ်ကူးကို စောင့်ကြိုနေကြသူများ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၁၆ ခုနှစ်၏ နှစ်သစ်ကူးည၌ ယာဉ်မတော်တဆဖြစ်ပွားမှုနှင့် ရိုက်မှုကြောင့် မော်လမြိုင် ပြည်သူ့ ဆေးရုံကြီးသို့ လူနာ ၃၁ ဦး တက်ရောက်ကုသခဲ့ကြကြောင်း မော်လမြိုင်ပြည်သူ ဆေးရုံကြီး၏ လူနာမှတ်တမ်း အရ သိရသည်။

အဆိုပါညက ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ဆေးရုံတက်ကုသခံရသူ ၂၈ ဦးရှိခဲ့ရာ ၎င်းတို့အနက်မှ သုံးဦးသာ အနည်းငယ် ထိခိုက်ဒဏ်ရာခဲ့ပြီး ၂၅ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသောကြောင့် အတွင်းလူနာအဖြစ် အထူးကြပ်မတ်ကုသပေး နေကြောင်း မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး၏ ပြင်ပလူနာဌာနမှ တာဝန်ကျဆရာတစ်ဦးက ပြောသည်။

ရိုက်မှုများဖြစ်ပွားခြင်းကြောင့် ဆေးရုံတတ်ကုသခံရသူ သုံးဦးတွင်လည်း နှစ်ဦးမှာ အတွင်းလူနာအဖြစ် ကုသနေရပြီး တစ်ဦးမှာ ပြင်ပလူနာအဖြစ် ကုသပေးနေကြောင်း ၎င်းက ပြောဆိုသည်။

(ဓါတ်ပုံ အညွှန်း – မော်လမြိုင် View Point တွင် ၂၀၁၆ နှစ်သစ်ကူးကို စောင့်ကြိုနေကြသူများ)
(ဓါတ်ပုံ အညွှန်း – မော်လမြိုင် View Point တွင် ၂၀၁၆ နှစ်သစ်ကူးကို စောင့်ကြိုနေကြသူများ)

“တစ်ညလုံးပဲ လူနာတွေ မနားတမ်း ရောက်လာတယ်၊ တစ်ချို့ကလည်း ကျိုး၊ တစ်ချို့ကတော့ ကွဲပြဲတာတွေ စုံလို့ပါပဲ၊ အများစုကတော့ ဆိုင်ကယ်တိုက်ကြတာ”ဟု ဆေးရုံကြီး၏ ဆိုင်ကယ်စောင့်တာဝန်ယူထားသည့် ကိုမြင့်ဦးက ဆိုသည်။

နှစ်သစ်ကူးညတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများသည် ဆိုင်ကယ်မောင်းရာမှ ယာဉ်တိုက်မှုများဖြစ်ပွားခဲ့ပြီး မူးယစ်သေစာများ သောက်စား ထားသောကြောင့် စိတ်မထိန်းနိုင်၍ အချင်းချင်းရန်ဖြစ်ပြီး ရိုက်မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ကျဆရာဝန်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်မြို့အတွင်း မနက် ၄ နာရီ ၂၀ မိနစ် အထိကို အမျိုးသား ၁၀ ဦး နဲ့ အမျိုးသမီး တစ်ဦးကို ကယ်ဆယ်ရေး လုပ်ခဲ့ရပါတယ်၊ ဒီထဲက သုံးယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်၊ တစ်ချို့ဆို မျက်လုံးကြေတဲ့ အထိတောင်ဖြစ်ပါတယ်”ဟု မော်လမြိုင်ကယ်ဆယ်ရေးအဖွဲ့( RESCUE) မှ ဦးအောင်ချိုဦးက ဆိုသည်။

Leave a Reply