(ဓါတ်ပုံ အညွှန်း – အလှိုင်အဝေးပြေးဝင်းတွင် ရန်ကုန်-မော်လမြိုင် ယာဉ်လိုင်းများအား တွေ့ရစဉ်)

နှစ်သစ်ကူး ကာလတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ခရီးသွားလာမှု ပိုများပြားလာသဖြင့် မော်တော်ယာဉ် လိုင်းများကို တိုးမြင့်ပြေးဆွဲနေရသော်လည်း မော်တော်ယာဉ် လက်မှတ်ဈေးနှုန်းများကို ပုံမှန်အတိုင်းသာ ရောင်းချလျက်ရှိကြောင်း လှိုင် (မြေနီကုန်း) အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – အလှိုင်အဝေးပြေးဝင်းတွင် ရန်ကုန်-မော်လမြိုင် ယာဉ်လိုင်းများအား တွေ့ရစဉ်)
(ဓါတ်ပုံ အညွှန်း – အလှိုင်အဝေးပြေးဝင်းတွင် ရန်ကုန်-မော်လမြိုင် ယာဉ်လိုင်းများအား တွေ့ရစဉ်)

“ဒီရက်ပိုင်းက ပုံမှန်ထက် ခရီးသည် ပိုများလာတယ်၊ မနက်ပိုင်းဆို ပုံမှန် ငါးစီး၊ အခုဆို ခြောက်စီး ထွက်တယ်၊ ကားကတော့ နေ့တိုင်းအပြည့်ပဲ” ဟု မန္တလာမင်းကားဂိတ်မှ ဂိတ်မှူးဦးလွင်ကိုကိုလတ်က ပြောသည်။

ဒီဇင်ဘာ အားလပ်ရက်များတွင် ဌာနေရပ်သို့ ပြန်ကြသူများနှင့် အလည်အပတ် သွားကြသူများပြားပြီး၊ ရန်ကုန်သို့ သွားသောခရီးသည် ပိုများကြောင်းနှင့် ယာဉ်စီးခ ဈေးနှုန်းကို ပြည်နယ် (ယ.ထ.က) ညွှန်ကြားချက် အတိုင်းသာ ရောင်းချနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ညီမတို့က မကွေးမှာ ကျောင်းသွားတက်ဖို့ပါ၊ ကားလက်မှတ်ဝယ်ရတာက သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး၊ လက်မှတ်ကလည်း ပုံမှန်ဈေးပါပဲ”ဟု မော်လမြိုင်မြို့မှ ကျောင်းသွားတက်မည့် ကျောင်းသူတစ်ဦးက ပြောသည်။

ရိုးရိုးလေး ကားလက်မှတ် အရောင်းဌာနမှလည်း ကျိုက်ထီးရိုးဘုရားဖူး ခရီးသည်များ၊ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်းနှင့် ယာဉ်စီးခဈေးနှုန်း တက်ခြင်းမရှိကြောင်း ရိုးရိုးလေးယာဉ်လိုင်း ဂိတ်မှူးက ပြောသည်။

Leave a Reply