နှစ်သုံးဆယ်အတွင်း ရောင်းကြေး ဒေါ်လာသန်း ၆၀၀၀ကျော်ခဲ့တဲ့ Levi’s ကုမ္ပဏီ

ကယ်လီဖိုးနီးယား မတ် ၁၂

နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ နာမည်ကျော် Levi’s ဂျင်း ကုမ္ပဏီဟာ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၆၁၇၀၀ကျော် ဈေးကွက်မှာရောင်းချခဲ့ရပြီး ရှယ်ယာတန်ဖိုးတွေဟာလည်း သန်းပေါင်း ၅၈၇သန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ရှယ်ယာစုစုပေါင်း ၃၈၅ သန်းကျော်ကိုပြင်ပမှာရောင်းချထားပြီး နောက်ထပ် ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ အမေရိကန်ဒေါ်လာ ၃၇သန်းကျော်အထိ ရှိနေတယ်လို့သိရပါတယ်။ ရှယ်ယာတစ်စုရဲ့ ပျမ်းမျှတန်ဖိုးကိုတော့ ၁၄ဒေါ်လာကနေ ၁၆ဒေါ်လာအထိ တန်ဖိုးရှိပါတယ်။

ဒါ့အပြင် အခြားနာမည်ကျော် အဝတ်အထည်ကုမ္ပဏီတွေဖြစ်တဲ့ American Eagle Outfitters နဲ့ Abercrombie & Fitchတို့ကလည်း Levi’sကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အထိကထား ပြီး သုံးစွဲနေကြတာကြောင့် ဒီဇိုင်းလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်နေဆဲ ဖြစ်ပါတယ်။

ရှယ်ယာဝယ်ယူလိုမှုအားတွေ အထူးမြင့်တက်လာပေမဲ့ Levi’sကုမ္ပဏီဘက်က ရှယ်ယာတွေကို ထပ်တိုးပြီးရောင်းချဖို့ မရှိပဲ ထုတ်ကုန်တွေကိုသာ ဦးစားပေးတိုးထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Levi’s ဟာ ဂျင်းအဝတ်အထည်တွေသာမက ခြေစွပ်၊ ခါးပတ်၊ ပိုက်ဆံအိတ်တွေအထိ ရောင်းချနေပြီး ရောင်းရနှုန်း မြင့်တက်လွန်းတာကြောင့် တစ်နှစ်ကို ပြည်တွင်းအခွန် အမေရိကန် ၅ဒသမ၆သန်းအထိ အခွန်ပေးဆောင်နေရတယ်လို့ ၂၀၁၈ ခုနှစ်ကထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Levi’s ကုမ္ပဏီဟာ နှစ်ပေါင်း ၁၆၅နှစ်သက်တမ်းရှိပြီး ဂျင်းဘောင်းဘီ အပြာတွေကို စတင်ထုတ်လုပ်ရာမှ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဈေးကွက်ကိုမြှင့်တင်တဲ့အနေနဲ့ Levi’s အပ်ချုပ်ဆိုင်ခွဲအထိဖွင့်လှစ်ပေးပြီး ဂျင်းဘောင်းဘီတွေနဲ့ တီရှပ်တွေကို ဝယ်ယူသူတွေရဲ့ အတိုင်းနဲ့အတိအကျ ချုပ်ပြီးဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကိုတော့ ၂၀၁၉ခုနှစ် ဇွန်လမှာ စတင်တော့မှာ ဖြစ်ပါတယ်။

အပ်ချုပ်ဆိုင်ဝန်ဆောင်မှုဟာ Levi’sရဲ့ ဈေးကွက်ကိုတစ်ခေတ်ဆန်းစေပြီး မည်သည့် ဆိုဒ်မဆို အတိအကျ ရတာကြောင့် ရောင်းအားကိုလည်းတစ်ဟုန်ထိုးမြင့်လာစေမယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လက်ရှိ နယူးယောက်ရဲ့စတော့အိတ်စ်ချိန်းဈေးကွက်ကိုလည်း Levi’sက ဦးဆောင်နေပြီး ကုမ္ပဏီကိုတော့ ဒါရိုက်တာအဖွဲ့ဝင် ၁၂ဦးပါဝင်တဲ့ ဘုတ်အဖွဲ့နဲ့ ဦးဆောင်အုပ်ချုပ်နေတာဖြစ်ပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.