နှစ် (၁၉၀)ပြည့် ပထမဦးဆုံးတိုင်းမြို့တော်

၅ မတ်၁၈၂၄ တွင်းအိန္ဒိယဘုရင်ခံချုပ် လော့ဒ်အမ်းဟတ် (Lord Amherst) က၊ မြန်မာနိုင်ငံနှင့်စစ်ဖြစ်နေပြီ ဖြစ်ကြောင်းတရားဝင်ကြေညာသည့်အခါမှစ၍ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲ ပေါ်ပေါ်ထင်ထင် စတင်ဖြစ်ပွားသည်။ စစ်ပွဲတွင် စစ်နယ်မြေ (Theatres of War) ၇ ခုရှိသည်။ (၁) အာသံမဏိပူရစစ်မျက်နှာ (၂) ရခိုင်စစ်မျက်နှာ (၃) တနင်္သာရီစစ်မျက်နှာ (၄) မြစ်ဝကျွန်းေပေါ်စစ်မျက်နှာ (၅) ရန်ကုန်တိုင်း စစ်မျက်နှာ (၆) ပဲခူးတိုင်း စစ်မျက်နှာနှင့် (၇) ဧရာဝတီမြစ်ကြောင်းချီ ရကြောင်းစစ်မျက်နှာတို့ဖြစ် ကြသည်။ စစ်မျက်နှာ (၇) ခုရှိ သည့်အနက် ပထမဆုံးတိုင်း မြို့ တော်တည်ရှိရာ တနင်္သာရီတိုင်းစစ်မျက်နှာကိုသာ တင်ပြ မည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၈၂၄ တွင်၊ အင်းဝနေပြည်တော်မှစစ်ကိုင်း မင်း (ဘကြီးတော်) သည်၊အင်္ဂလိပ်တို့နှင့် စစ်ဖြစ်တော့မည်ကို ရိပ်စားမိသည်။ ထိုကြောင့်ထား ဝယ်မြို့ဝန်ဦးရွှေတုပ်ကို၊မြန်မာနှင့် မလေး မဟာမိတ်ဖွဲ့ နိုင်ရေး ဆွေးနွေးရန်ပီနန်သို့သွားရန် အမိန့်ပေးသည်။ ထားဝယ်မြို့ဝန်မှာ အလာကောင်းသော်လည်း အခါနှောင်းသွားသည်။ မြို့ဝန်သည် ပီနန်မှပြန်လည်မထွက် ခွာမီ အင်္ဂလိပ်ကမြန်မာကိုစစ် ကြေညာကြောင်းသတင်း ပီနန် သို့ရောက်လာသည်။ ဤသို့ ဖြင့် ထားဝယ်မြို့ဝန်သည်ထားဝယ် သို့ အမြန်ပြန်လာရသည်။

ထိုခေတ်အုပ်ချုပ်ရေးပုံစံအရ မြို့ဝန်လက်အောက် ဒု တိ ယအရေးပါဆုံးမှာရေဝန်ဖြစ် သည်။ ရေဝန်သည် တရားရုံး တွင်လည်း ဒုတိယ အကြီးအကဲ ဖြစ်သည်။‘‘ထားဝယ်မြို့ဝန်မင်းကြီးမင်းကျော်စည်သူဦးရွှေတုပ်’’ လက်ထက်တွင် ရေဝန်မှာ ‘‘ မောင် ဒါ’’ ဖြစ်သည်။ မောင်ဒါသည် မြန်မာဘုရင်ကိုတော်လှန်သူ ယိုးဒယား (ထိုင်း) ခေါင်း ဆောင် ‘‘မောင်မဲ’’ ကို ဖမ်းဆီး ပေးသ ဖြင့် မြန်မာဘုရင်က သဘော ကျ ၍ ထားဝယ်ရေဝန်အဖြစ် ခန့် အပ်ခံရသူဖြစ်သည်။ မောင်ဒါ သည် သတ္တိရှိ၍စည်းရုံးရေး ကောင်းသူဖြစ်သည်။ ဦးရွှေ တုပ် ပီနန် သို့ သံတမန် အဖြစ်သွား နေ ခိုက်၊ထားဝယ်မြို့၏အုပ်ချုပ်ရေး တာဝန်ကို မောင်ဒါအားခေတ္တ လွှဲအပ်ခဲ့ရပေသည်။ ထိုကာ လ တွင် မောင်ဒါသည် မြို့ဝန်တစ် ဦး၏ အာဏာအရသာကို မြည်း စမ်းခွင့်ရခဲ့ပေမည်။အာဏာ မက်သူတစ်ဦးဖြစ်လာပေမည်။

ဦးရွှေတုပ်သည်ပီနံမှ ပြန်ရောက်လျှင်ရောက်ချင်းထား ဝယ်မြို့ ကာကွယ်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင် ရွက်သည်။ ထိုအတောအတွင်း အင်းဝနေပြည်တော်မှစစ်သည် (၃ဝဝ) စစ်ကူရောက်လာသည်။ ဦးရွှေတုပ်သည် ရှမ်းသွေးပါသူ ဖြစ်၍ ရှမ်းအမျိုးသားများလည်း စစ်ကူရောက်လာသည်။ ဦးရွှေ တုပ်သည်ခေါင်းတွင်ရှာနီပတ်၍ပန်းနီပန်ကာပုဆိုးနီဝတ်လျက် ဓားထမ်းပြီးမြို့ရိုး (ဝါ) တပ်ကုန်း မြင့်ပေါ်တွင်လူးလာခေါက်တုံး စင်္ကြံလျှောက်ရင်း၊အမိန့်ပေး ညွှန်ကြားလျက်ရှိသည်။

မရှေးမနှောင်းမှာပင် အင်္ဂလိပ် ဗိုလ်မှူးကြီး မီးလ်စ် (Colonel Miles) ဦးဆောင်၍ ရေကြောင်းမှချီတက်လာသော မဒရပ်ခြေလျင်တပ်ရင်း (၇) နှင့် (၈၉) မှ တပ်သားများ ထားဝယ် မြို့ အနီးသို့ ချဉ်းကပ်လာသည်။ မကြာမီမှာပင် ရေဝန်မောင်ဒါ အကြီးအမှူးပြု၍ စစ်ကဲမောင် ရွှေရစ်၊မောင်မဲတုံး၊မောင်ကြောင် ၄ဦးသည်ထားဝယ်မြစ်အတွင်း ဆိုက်ကပ်ထားသော သင်္ဘော ထက်တွင်၊အင်္ဂလိပ်ဗိုလ်မှူးကြီး နှင့် တိတ်တဆိတ်တွေ့ဆုံဆွေး နွေး၍ အပေးအယူလုပ်ရန် သ ဘောတူကြသည်။ရေဝန်က ထားဝယ်မြို့ဝန်ကိုဖမ်းဆီး၍ ထားဝယ်မြို့ဝန်နှင့် တကွအင်္ဂ လိပ် တို့ထံအပ်နှံရန်နှင့် အင်္ဂလိပ်တို့ က ထားဝယ်ရေဝန်ကို ရာထူး တိုးမြှင့်၍ထားဝယ်မြို့ဝန်အဖြစ် ခန့်ထားရန်ဖြစ်သည်။ မကြာမီ မှာပင်မောင်ဒါနှင့်အပေါင်းပါ များသည်။မြို့တွင်းပုန်ကန်မှု အသွင်ရုန်းရင်းခတ်မှု တစ်ခုဖန် တီး၍ မြို့ဝန်ဦးရွှေတုပ်အား လက်ရဖမ်းဆီးသည်။ဦးရွှေ တုပ်အား ထောင်တွင်း၌ ခြေ ကျင်းခတ်ထားပြီးနောက် ဆိပ် ကမ်းရှိအင်္ဂလိပ်တို့ထံထားဝယ် မြို့ကို သိမ်းယူရန်ကိုယ်စား လှယ် လွှတ်ပြောဆိုသဖြင့် ၈ စက်တင် ဘာ ၁၈၂၄ တွင် အင်္ဂလိပ်တို့က ထားဝယ်မြို့ကိုအလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ ဦးရွှေတုပ်အားသင်္ဘော ဖြင့် ကုလားပြည် (အိန္ဒိယ) သို့ ပို့ ဆောင်ရာခရီးလမ်းသင်္ဘော ထက်တွင် အစားအသောက် ကောင်းများ ကျွေးမွေးနေစဉ် အင်္ဂလိပ်သင်္ဘော ကပ္ပတိန်က ‘‘တကယ်လို့ ခင်ဗျား အင်္ဂလိပ် တွေကိုနိုင်ရင်ဘယ်လိုလုပ်မ လဲ’’ ဟု မေးရာ ဦးရွှေတုပ်က စား ပွဲ(တင်) (အသား) လှီးဓားငယ် တစ် စင်းကိုယူပြီး သကာလ အ မဲသားတစ်တုံးကိုညက်ညက် ပါအောင်လှီးပြကာ‘‘မင်းတို့ အင်္ဂလိပ်တွေကို နိုင်ရင်ဒီလိုလုပ် မယ်’’ ဟု ဒေါမာန်ပါပါ ပြော ဆို ခဲ့သည်။အမျိုးသားစာကြည့်တိုက် ရှိ ပုရပိုက် (၆ဝ၉) အရ ဦးရွှေတုပ်သည် နောင်အခါ အင်းဝနေပြည်တော်တွင် ပြန်လည်နေထိုင်ပြီး ဘုရင်မင်းမြတ်၏ ချီးကျူးမြှောက်စားမှုကို ခံရသေးကြောင်းတွေ့ရသည်။

ထားဝယ်မြို့အင်္ဂလိပ်လက်အောက်မကျရောက်မီ တစ်လခန့်အလို သြဂုတ် ၁၈၂၄ တွင်နေပြည်တော်မှအထူးတမန်တော်စာရေးတော်ကြီး ‘’ စန္ဒဝေသာ’’ မြိတ်မြို့သို့ရောက်လာပြီးအမိန့်စာချွန်တော်ပေးပို့သည်။ အမိန့်စာချွန်တွင် ‘’အင်္ဂလိပ်တို့သည် တိုက်သင်္ဘော အစီး (၄ဝ) ဖြင့် ရန်ကုန်မြို့ကိုဝင်ရောက်တိုက်ခိုက်နေပြီဖြစ်၍ နောင်မြိတ်မြို့သို့အင်္ဂလိပ်သင်္ဘောများဝင်လာလျှင် ခုခံတိုက်ခိုက်ရန် လက်နက်ခဲယမ်း မီးကျောက်များအသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်းပါရှိသည်။

မြိတ်မြို့ဝန်မင်းလှသီရိနော်ရထာ ဦးမြတ်လေးသည် ဆိပ်ငယ်ရပ်ကွက်ကိုဖြိုဖျက်၍ခိုင်ခံ့သော သူရဲခို (စစ်သည်တို့အကာအကွယ်ယူရာမြို့ရိုးထက်ရှိ အုတ်နံရံငယ်) ကို နေ့ချင်းညချင်း အပြီးတည်ဆောက်သည်။ အမြောက်ငယ်(၃၅) လုံးဆင်သည်။အမြောက်ကြီး(၃ဝ)ကိုလည်း မြို့တောင်ဘက်တွင် နေရာချထားသည်။ မြိတ်မြို့တွင်နေထိုင်သောပေါ်တူဂီလူမျိုး ရော်ရှင် (Rushin) ကို ပေါ်တူဂီလူမျိုးအမြောက်တပ်သားများ၏ အမြောက်မှူးခန့်သည်။ ထိုနောက် ဦးမြတ်လေးသည်စစ်သည်တော်များခြံရံကာ တနင်္သာရီနှင့်ပုလောမြို့များသို့သွားရောက်ပြီး စစ်သားသစ် (၁ဝဝဝ)ရအောင်အတင်းအကြပ်စုဆောင်းကာ မြိတ်မြို့သို့ခေါ်ဆောင်လာသည်။

ဦးမြတ်လေးသည်လိုအပ်သောပြင်ဆင်မှုများပြုလုပ်ပြီးလျှင် စစ်သည်(၁ဝဝဝ) တိုက်လှေ(၃ဝ) ဖြင့် ထားဝယ်သို့ချီသည်။ ‘’မလိကျွန်း’’သို့ရောက်သော်ရှေ့ပြေးကင်းထောက်စစ်သည်တို့ကအင်္ဂလိပ်စစ်သင်္ဘော (၄) စင်း မြိတ်မြို့သို့ ဦးတည်မောင်းနှင်
လာပြီး’’ ဟု သတင်းပို့သဖြင့် ဦးမြတ်လေးကတပ်များကိုမြိတ်မြို့သို့ ပြန်လှည့်စေသည်။

ဦးမြတ်လေးသည် မြိတ်မြို့သို့ပြန်ရောက်သော ရော်ရှင်ဦးဆောင်သော ပေါ်တူဂီတပ်ဖွဲ့ကိုအမြောက် (၂၅) လုံးပေး၍မြို့ကာကွယ်ရေးတာဝန်ပေးသည်။ မြို့ဝန်စာရေးတော်ကြီး ‘’ ဦးပိန်’’ နှင့် ဆရာ ‘’ရဲထွဋ်’’ တို့ကို အမြောက် (၅)လုံးပေး၍ ဘုရားတောင်ပေါ်တွင် အစောင့်ချထားသည်။ ဆိပ်ငယ်ရပ်သူရဲခိုမှနောက်လယ်ရပ်‘’ဝက်ခေါင်း’’အထိကာကွယ်ရေးအတွက် ‘’စစ်ကဲ ဦးရွှေကြာ’’ ကိုတာဝန်ပေးသည်။တနင်္သာရီနှင့်ပုလောမှ ခေါ်ဆောင်လာသော တပ်သား
သစ် (၁ဝဝဝ) ကို လက်နက်တပ်ဆင်ပေး၍ လူ (၂၅ဝ) လျှင် (၁) တပ်ကျဖြင့် (၄) တပ်ခွဲပြီးအခွန်ဝန် ‘’ဦးမြတ်ရာ’’၏အုပ်ချုပ်မှုအောက်တွင်ထားသည်။ ဤသို့ စီမံခန့်ခွဲပြီးသော် မင်္ဂလာအောင်ပွဲကျင်းပလျက် အင်္ဂလိပ်သင်္ဘောများအလာကို စောင့်ဆိုင်းနေကြသည်။

၆ အောက်တိုဘာ ၁၈၂၄ နံနက် ၈နာရီတွင် ဗိုလ်မှူးကြီး မီးလ်စ်ဦးဆောင်သော တိုက်သင်္ဘော (၄) စီးတပ်သားတင် သင်္ဘော (၆) စီးတို့သည် မြိတ်မြစ်တွင်းသို့ ဝင်ရောက်လာသည်။

စစ်သင်္ဘော (၄) စီးတို့မှာ ဂျက်ဆီ(Jessy) မာကျူရီ (Mercury)ထိန်မောက် (Teignmsuth) နှင့် ထီတစ် (Thetis)တို့ ဖြစ်ကြသည်။သင်္ဘောတစ်စီးပေါ်မှအလံကိုင်တစ်ယောက်သည်သမ္ဗာန်တစ်စီးဖြင့် မြစ်ဆိပ်ကမ်းသို့ ကူးလာသည်။ ထိုသူမှာ အင်္ဂလိပ်တို့ ထားဝယ်မှ ခေါ်ဆောင်လာသူ ‘’မောင်ခွေးဖြူ’’ ဖြစ်သည်။ မောင်ခွေးဖြူက အင်္ဂလိပ်ဗိုလ်မှူးကြီးထံမှ ယူဆောင်လာသော အမိန့်စာကို ဦးမြတ်လေးထံ ဆက်သသည်။

ဦးမြတ်လေးက မင်းပေါင်းအစုံအညီရှေ့ဝယ်အမိန့်စာကို ဖတ်ပြသည်။ စာ၏အဓိပ္ပာယ်ကား ‘‘ထားဝယ်မြို့သည် ရေဝန်မောင်ဒါက ပေးအပ်သဖြင့် အင်္ဂလိပ်အစိုးရလက်အောက်သို့ကျရောက်လေပြီ။ မောင်ဒါနှင့် မယားသားများကိုအင်္ဂလိပ်အစိုး
ရကမြန်မာအစိုးရလက်ထက် ကထက်တိုး၍ မြင့်မြတ်သော ရာထူးများ ခန့်ထားပြီးလေပြီ။ ယခုလည်း မြိတ်မြို့ကို မြို့ဝန်မောင်မြတ်လေးက အပ်မည်မ အပ်မည်ကိုအမြန်ဆုံးပြန်ကြား ရမည်။ အသာတကြည်အပ်ပါ က မြန်မာအစိုးရလက်ထက်က ရရှိသည့်ရာထူးထက်တိုး မြှင့် ၍ပေးမည်။ ယခုတိုက် သင်္ဘော (၄)စီး၌ထားဝယ်ရေဝန်၏သား ‘‘ဗိုလ်ရွှေပု’’ က ထား ဝယ်သား(၅ဝဝ)ကို ဦးဆောင်၍ မြိတ်မြို့ ကို တိုက်ခိုက်ရန်ပါလာသည်’’ ဟူ၍ဖြစ်သည် ထိုစာကိုဖတ်ပြ ပြီး ဦးမြတ်လေးက ‘‘ သစ္စာဖောက်ငဒါ’’ရာထူးမက်ပြီးတစ်ပါးကျွန် ခံသည်။ ငါကားတစ်ပါးကျွန်အဖြစ်မခံ တိုက်ရင်း သားအ သေ ခံမည်ု ကြုံးဝါးသည်။ နံနက်၉နာရီတွင်အင်္ဂလိပ်တိုက်သင်္ဘော ၄ စီးသည် ကျောက်တံတားတွင် တစ်စီး၊ ရေစီးတွင်းဘက်သို့ တစ်စီး၊ တံ
တားကြီးတွင်နှစ်စီးနေရာယူ ကျောက်ချလာသည်။

နံနက် ၁ဝ နာရီရောက်သော်‘‘ရန်ပုံခွင်း’’နှင့်‘‘ပြည်လုံး ချမ်းသာ’’အမြောက်ကြီးနှစ် လက်စတင်ပစ်ခတ်ပြီး ကျန်အမြောက်ငယ်နှင့် လက်နက်ကိုင် စစ်သည်များကအင်္ဂလိပ်သင်္ဘော များကိုဆက်လက်တိုက်ခိုက် ကြသည်။ အင်္ဂလိပ် သင်္ဘော များကလည်းပြန်လည်ပစ်ခတ် သည်။တစ်ဘက်နှင့်တစ်ဘက် သုံးနာရီကျော်ကြာအပြန်အ လှန် ပစ်ခတ်ကြသောကြောင့် တစ်မြို့လုံးမီးခိုးဖုံး၍ မှောင်အ တိကျပြီး တစ်ဦးနှင့် တစ်ဦးမ မြင် ကြရချေ။ မြန်မာဘက်မှ ပစ်သော ကျည်များ သည် အင်္ဂလိပ် သင်္ဘောများကိုထိမှန်၍အင်္ဂ လိပ်တို့ဘက်မှ ပစ်ခတ်သော
ကျည်များမှာ တောင်ခံနေသော ကြောင့်မြန်မာတို့ဘက်တွင် ထိခိုက်မှုမရှိချေ။

ထိုသို့တိုက်ခိုက်ရင်းညနေစောင်းရောက်လာသော အ ခါ ဦးမြတ်လေးက ‘‘ယနေ့အဖို့ အချိန်မရှိပြီ အခြေအနေ ဤဘက်မှ သာနေသည်။ ခဲယမ်း မီးကျောက်များစနစ်တကျသုံး စွဲရန်နှင့် နံနက်စောစောမှ ပစ် ရ မည်’’ ဟုမှာကြားသည်။
ဦးမြတ်လေး အမိန့်အ တိုင်းအပစ်အခတ်ရပ်နားထား သည်ကိုအခွင့်ကောင်းယူ၍အင်္ဂလိပ် တိုက်သင်္ဘောမှ စစ် သည်များသမ္ဗန်များဖြင့် မြို့ ဆိပ် ကမ်းသို့ ကူးလာရာ ‘‘မသာတံ ခါးဝ’’ ရှိ မြန်မာစစ်သည်တို့က တွန်းလှန်တိုက်ခိုက်နိုင်သည်။ ထို အချိန်တွင် မိုးသည်းထန်စွာ ရွာချသည်။ ဤသည်ကို အခွင့် ကောင်းယူ၍ အင်္ဂလိပ်စစ်သည်များက အလုံးအရင်းဖြင့် တိုက် ခိုက်လာသည်။ မြန်မာ စစ်သည်တို့က ပြန်လည်ခုခံသော်လည်း အမြောက်သေနတ်များမှာ မိုး စိုနေသောကြောင့် ‘‘နားခွက်’’ (ရှေးခေတ်သေနတ်တွင် ယမ်းထည့်ရသည့်ခွက်) က မီးမ ထွက် ဘဲ ဖြစ်နေသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က သေနတ်ဖြင့် မြန်မာတို့ကဓားလှံတို့ဖြင့်တိုက်ခိုက် ရတော့သည်။ဦးမြတ်လေးနှင့် သားဖြစ်သူ မောင်မောင်တို့ လည်း မြန်မာစစ်သည်တို့နှင့်အတူ လက်တွဲ၍တိုက်ပွဲဝင်သည်။ တိုက်ပွဲပြင်းထန်နေစဉ် ‘‘ရန်ပုံ ခွင်း’’ အမြောက်ကြီးမှာ လက်ကျိုး၍ပစ်မရတော့ချေ။ဤ သည်ကိုအခွင့်ကောင်းယူ၍ ‘‘ဂေါ်ရာ’’ (ဥရောပတိုက်သား စစ်သည်) ချီတက်လာပြန်ရာ မြန်မာစစ်သည်တို့ကဓားလှံ တို့ဖြင့် စွမ်းစွမ်းတမံတိုက်ခိုက် သဖြင့်ဂေါ်ရာတပ်များဆုတ် ခွာသွားရသည်။

ဂေါ်ရာတပ်များဆုတ်ခွာသွားပြီးနောက်အင်အား (၁ဝဝဝ) ပါ အင်္ဂလိပ်တပ် ‘‘ အ ရှေ့ကျောင်း’’သို့ချီတက်လာ သည်။ဦးမြတ်လေးခေါင်း ဆောင် ၍ ခုခံတိုက်ခိုက်သည်။ အင်္ဂ လိပ် တို့ဘက်မှလက်နက်ကောင်း လွန်းသဖြင့် မြန်မာစစ်သည်ရာ
ချီကျဆုံးသည်။ဦးမြတ်လေး နောက်တွင်စစ်သည်(၅ဝဝ)သာ ကျန်တော့သည်။ ဦးမြတ်လေး က အရှုံးမပေးဘဲ ဆက်လက်ခုခံတိုက်ခိုက်ရာအင်္ဂလိပ်စစ်တပ် ၏ အဝိုင်းခံရသည်။

၆အောက်တိုဘာ၁၈၂၄ ညနေ ၅ နာရီခွဲတွင် မြို့ပျက် သည်။ဦးမြတ်လေးမှာ‘‘က လွင်ရွာ’’ တွင် ပုန်းအောင်းနေ ထိုင်ရသည်။ အင်္ဂလိပ်တို့သည် ‘‘ရော်ရှင်’’ ခေါင်းဆောင်သော ပေါ်တူဂီ အမြောက်တပ်သား (၄၇) ဦးအား ဖမ်းဆီး၍ သင်္ဘော ထက်တွင်ချုပ်နှောင်ထားသည်။ ဦးမြတ်လေးကိုမရသေးသမျှမလွှတ်ဟုဆိုသည်။မြိတ်တိုက်ပွဲ တွင် မြန်မာတို့ဘက်မှ(၅ဝဝ) ကျ ဆုံး၍ အင်္ဂလိပ်တို့ဘက်မှ(၆)ဦး ကျဆုံး (၃၆) ဦးဒဏ်ရာရသည်။ မြန်မာတို့ထံမှ အမြောက်(၃၇)လုံးစိန်ပြောင်း(၁ဝ၆)လုံးရ သည်။ ဦးမြတ်လေးသည်က လွင်ရွာတွင် ပုန်းအောင်း နေရာ မှ ၄ ရက် မြောက်နေ့တွင် မြို့သို့ ဝင်လိုကြောင်း အကြောင်းကြား သဖြင့် အင်္ဂလိပ်အရာရှိ နှစ်ဦး ဦးမြတ်လေးထံသွားရောက်၍ မြိတ်မြို့သို့ခေါ်ဆောင်လာသည်။ ဦးမြတ်လေးကပေါ်တူဂီစစ်သား တို့မှာမိမိအမိန့်ကြောင့် တိုက်ပွဲ တွင်ပါဝင်ရသူများဖြစ်ကြောင်း မိမိကိုယ်တိုင်မှာ အင်္ဂလိပ် လက် တွင်ပါလာပြီဖြစ်၍ပေါ်တူဂီ (၄၇)ဦးကိုချုပ်မထားသင့်ကြောင့် ပြောဆိုသည်။ဤမြတ်လေးပြောဆိုချက်ကြောင့်ပေါ်တူဂီများ လွတ်မြောက်လာသည်။မြိတ် တိုက်ပွဲဦးဆောင်သူဗိုလ်မှူးကြီး မီးလ်စ်ကဦးမြတ်လေးအား အင်္ဂလိပ်အစိုးရ၏ သစ္စာတော် ကိုခံယူပါက မူလရာထူးထက်အဆင့်အတန်းမြင့်အောင်ပေး မည်ဟုပြောသည်။

ဦးမြတ်လေးက တစ်ပါးကျွန်မခံလိုဟု ဆိုကာ ခါးခါးသီးသီးငြင်းပယ်သည်။ မီးလ်စ်က အတန်တန် ပြော သော် လည်း ဦးမြတ်လေးက အကြိမ် ကြိမ် ခေါင်းခါလျက်ရှိသဖြင့် ဦးမြတ်လေးနှင့်တကွမယား သားအစုံကိုအကျယ်ချုပ်ဖြင့် အိန္ဒိယပြည် ဘင်္ဂလားနယ်သို့ ပို့
လိုက်သည်။အိုမင်းမစွမ်းရှိသော အခါ ဦးမြတ်လေး မိသားစုကို မုတ္တမမြို့တွင်ထား၍ပင်စင်လ စာထောက်ပံ့သည်။ မင်းလှသီရိနော်ရထာ ဦးမြတ်လေးသည် မြန်မာဘုရင် ဘုရင်မင်းမြတ်ထံ မှလည်းဗောင်းကတ္တီပါနီနှင့် ရွှေသားသနားတော်မြတ်ခံရသည်။

ဗိုလ်မှူးကြီး ဂေါ်ဒွင် (Colored Godwin) ဦးဆောင် သည့် ရေတပ်သည် ၁၃ အောက် တိုဘာ ၁၈၂၄ တွင် မုတ္တမသို့ချီလာရာ လမ်းမှားသွားသဖြင့် (၁၇) ရက်အကြာ ၂၉ အောက် တိုဘာ ၁၈၂၄ နေ့တွင်မှသာ မုတ္တမသို့ရောက်သည်။ မုတ္တမ
ကိုအမြှောက်များဖြင့်အဆက် မပြတ်ပစ်ခတ်သည်။ အချို့စစ် သားတို့က ကုန်းပေါ်တက်၍ တ ရှိန်ထိုးတိုက်ခိုက်သည်။ မုတ္တမ မြို့ဝန် ‘‘မင်းကြီးမဟာဥဇုနာ’’ မရပ်မခံနိုင်၍ တပ်ပါဗိုလ်အရာ ရှိ ရဲမက်အမှုထမ်းတို့နှင့် အုပ် စည်းမပျက် မုတ္တမမှ ဆုတ်ခွာ ပြီးလျှင် ဘီးလင်းနယ် ‘‘ဝင်းက တတ်’’အရပ်တွင် တပ်တည်လုပ် ခံနေရသည်။ ၂၉အောက်တို ဘာ ၁၈၂၄ တွင် အင်္ဂလိပ်တို့ကမုတ္တမကို သိမ်းယူရာတွင် အ မြောက် (၆) လုံးစိန်ပြောင်း (၈ဝ)သေနတ်(၅ဝဝ) ခန့်နှင့်ခဲယမ်း မီးကျောက်များရရှိသည်။

ထားဝယ်၊မြိတ်နှင့်မုတ္တမ တို့ ကျဆုံးပြီးနောက် ရေးမြို့ ဝန် နေမျိုးကျော်ဦးရွှန်းသည် သား မယားများနှင့်တကွရေးမြို့မှဆုတ် ခွာသည်။ ဒီဇင်ဘာ ၁၈၂၄ တွင် အင်္ဂလိပ်တို့က ရေးမြို့ကိုသိမ်း ပိုက်ရရှိသည်။ (ထိုစဉ်က မော်လမြိုင်မှာ တံငါရွာကလေးမျှ သာဖြစ်သည်။) ဤသို့ဖြင့်တန င်္သာရီကမ်းခြေနယ်ပယ်များ အင်္ဂလိပ်လက်အောက်ကျရောက် သွားသည်။

ပထမအင်္ဂလိပ်မြန်မာစစ် တွင် စစ်မျက်နှာ အသီးသီး၌ မြန် မာတို့ စစ်ရှုံးသဖြင့် ၂၄ ဖေဖော် ဝါရီ ၁၈၂၆ တွင် ရန ္တပိုစာချုပ်ကို လက်မှတ်ရေးထိုးရသည်။ စာချုပ်လက်မှတ်ရေးထိုးသည့် နေရာမှာ ရန ္တပိုရွာ အထက်နှစ်
မိုင်ကွာ(တစ်ဖက်ကမ်းနဂါး ပေါက်ရွာနှင့် တည့်တည့်) ညောင် ပင်ကြီးအောက်တွင် ဖြစ်သည်။

ရန ္တပိုစာချုပ်တွင်အပိုဒ် (၁၁) ပိုဒ်ပါဝင်သည်။ အပိုဒ် (၃) နှင့် (၄)တို့သည် ရခိုင်တနင်္သာရီတို့နှင့် ပတ်သက်သည်။ တ တိယ နောက်သဘန်ပြည်ကြီး နှစ်ပြည့်အပိုင်းအခြားကိုငြင်း ခုံရန်အကြောင်းမရှိရအောင် အင်္ဂလိပ်မင်းသည်တိုက်၍ အောင်ခဲ့သော ရခိုင်၊ ယံဗြဲ၊ မာရ် အောင်၊ သံတွဲတည်းဟူသော ရ ခိုင်ပြည်ကြီးကို အစဉ်ယူ၍ မြန်မာဘုရင်ကမစိုးမပိုင်ရရိုးမဘိုး ခေါင်တောင်တန်းမော်တင်စွန်းစေတီကြီးအထိစပ်ကြားအပိုင်း အခြားဖြစ်စေနောက်မှအပိုင်းအ ခြားငြင်းခုံရန်ရှိလျှင် အင်္ဂလိပ် မင်း၊မြန်မာမင်းကခန့်ထားသောသူတို့သည်အထက်နယ်နိမိတ်
အတိုင်းမှန်ကန်အောင်စီရင် စေခန့်ထားသောသူတို့သည် လည်းအရာရှိမှူးမတ်သူကောင်း ဖြစ်စေရမည်။

စတုတ္ထ မြန်မာဘုရင်သည်အင်္ဂလိပ်မင်းကိုယေး (ရေး)၊ မြိတ်၊ ဒဝယ်( ထား ဝယ်) ၊တနင်းသာရီ(တနင်္သာရီ) မြို့ရွာနယ်နိမိတ်တောင်ကမ်း ကျွန်းများနှင့်တကွအပိုင်ပေး သည်။ သံလွင်မြစ်အပိုင်း အခြားဖြစ်ရမည်။နောက်မှအ ပိုင်းအခြား ငြင်းခုံရန်ရှိလျှင် အထက်ဆိုခဲ့သည့်အတိုင်း စီ ရင်စေ (ဒုတိယမဟာရာဇဝင်တော်ကြီးစာ၉၇-၉၈)။

ပထမအင်္ဂလိပ်မြန်မာစစ်အပြီးတွင် အင်္ဂလိပ်တို့က တနင်္သာရီနှင့်ရခိုင်ကိုသိမ်း ပိုက်သည်။ ရခိုင်တိုင်းကိုနယ်နိမိတ်ချင်းထိစပ်နေသော ဘင်္ဂလားနယ်အစိုးရ၏လက် အောက်ခံအဖြစ်ထားသည်။ တနင်္သာရီတိုင်းကိုမှု မူလက အိန္ဒိယဘုရင်ခံချုပ် လက်အောက်တွင်ထားရန်သတ် မှတ်သည်။ သို့သော် အိန္ဒိယ အစိုးရမှာ မခိုင်မြဲသေး၍ တစ်ကြောင်း၊ တနင်္သာရီတိုင်းမှာ အိန္ဒိယပြည်နှင့်အလှမ်းဝေး သောကြောင့် တစ်ကြောင်း၊ ဤအကြောင်းနှစ်ကြောင်းကြောင့် စစ်တွင်း ကာလမှာပင် တနင်္သာရီတိုင်း တောင်ဘက် စွန်းထားဝယ်နှင့် မြိတ်နယ်နှစ် နယ်ကို ပီနန်ဘုရင်ခံ ရောဘတ်
ဖူလာတန် (Rabert Fullerton) ၏ လက်အောက်သို့ လွှဲ ပြောင်းပေးခဲ့သည်။

၁ သြဂုတ်၁၈၂၅တွင် ပီနန်ဘုရင်ခံသည်မိန်းဂေး (A.D.Maingy) အား တနင်္သာ ရီတိုင်းတောင်ပိုင်းဝန်ရှင်တော်မင်းကြီး(Commiss- ioner) အဖြစ် ခန့်အပ်သည်။ မိန်း ဂေးသည် မင်နားဗား (mineva)
အမည်ရှိ သင်္ဘောဖြင့် ပီနန် မ ှထွက်ခွာလာရာ ၂၇ စက် တင်ဘာ ၁၈၂၅ တွင်မြိတ်မြို့ သို့လည်းကောင်း၁၈အောက်တိုဘာ၁၈၂၅တွင်ထားဝယ် မြို့သို့လည်းကောင်းရောက် ရှိပြီးအုပ်ချုပ်ရေးကိုစတင် သည်။ ထိုစဉ်က ပီနန်ကျွန်းကို ဝေလမင်းသားကျွန်း (Pr -ince Of Wales Island) ဟု ခေါ်သည်။ ဝန်ရှင်တော်မင်းကြီး မိန်းဂေးက ထားဝယ်နှင့် မြိတ် ကို အုပ်စိုးနေစဉ် ထားဝယ်နှင့် သံလွင်မြစ်အကြားရှိတနင်္သာ ရီ မြောက်ပိုင်းဒေသကိုမူ စစ် ဘက်ကအုပ်ချုပ်နေသည်။ ဗိုလ်ချုပ်ကင်းဗဲ(MaJorGe-neraL Sir Archibald Com- pbell) သည် စစ်ဘက်တွင်သာ မကအရပ်ဖက်အုပ်ချုပ်ရေးမှ ဝန်ရှင်တော်မင်းကြီးများကိုကွပ်ကဲပေးရသူ ဝန်ရှင်တော် မင်းကြီးချုပ် (Senior Comm issioner) အဖြစ် တာဝန်ယူရသည်။ ထိုအချိန်တွင် ကင်းဗဲ သည်တနင်္သာရီတိုင်းမြောက် ပိုင်းဖြစ်သောရေးမြို့မှမုတ္တ မအရှေ့ဘက်ကမ်းအထိ ဒေ သများ၏ ဝန်ရှင်တော်မင်း ကြီးအဖြစ် ကရောဖို့ (Cra -wford) အားခန့်ထားသည်။ မိန်းဂေးနှင့်ကရောဖို့ နှစ်ဦးစလုံးသည်ကင်းဗဲ၏လက်အောက်ခံများဖြစ်ကြသည်။ ဇန်နဝါရီ၁၈၂၆ တွင် ကရောဖို့ကျိုက္ခမီသို့ ရောက် လာသည်။

၆ ဧပြီ ၁၈၂၆ တွင်က ရောဖို့သည် ထိုစဉ်က အိန္ဒိယ ဘုရင်ခံချုပ်ဖြစ်သော လော့ဒ် အမ်းဟတ်ကို ဂုဏ်ပြုသော အားဖြင့်ကျိုက္ခမီကိုအမ်း ဟတ်ဟု အမည်ပြောင်း၍ တ နင်္သာရီကိုင်း၏ပထမဆုံး မြို့တော်အဖြစ်သတ်မှတ်ကြောင်းကြေညာသည်။ ထို အခမ်းအနားသို့ ဗိုလ်မှူးမက် ကွင်း(MacQueen)ဦးဆောင် သောအမှတ်(၃၆) မဒရပ်ခြေလျင်တပ်ရင်းက ဂုဏ်ပြုတပ် ဖွဲ့အဖြစ်ပါဝင်ဆင်နွှဲသည်။တိုင်းမြို့တော်တည်ထောင် ခြင်းကို ဂုဏ်ပြုသောအားဖြင့် သေနတ်များ ပစ်ဖောက်ကြ သည်။
ဤသို့ဖြင့် တနင်္သာရီတိုင်း၏ ပထမဆုံးမြို့တော်ဖြစ် သော ကျိုက္ခမီတဖြစ်လဲ ‘‘ အမ်းဟတ်’’ ၏ မြို့သက် သည် ၆ ဧပြီ ၂၀၁၆ တွင် နှစ် (၁၉၀) ပြည့်သည်။

အံ့ကျော်

Leave a Reply