Advertisements

ထားဝယ် အောက်တိုဘာ

ယခုနှစ် ထားဝယ်ရိုးရာသပိတ်မျောပွဲ၌ နှစ်၇၀ကျော်ကြာ တိမ်မြုပ်နေသည့် ရှေးဟောင်းဓလေ့အမွေ ထားဝယ်ရိုးရာအကဖြစ်သော အမျိုးသားယန်းအကကိုပြန်လည်ဖော်ထုတ်ကပြမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက် ထားဝယ်မြစ်ကမ်းဘေးတွင် အောက်တိုဘာ ၂၄ ရက်၌ သပိတ်မျောပွဲတော်ကို ဆင်ယင်ကျင်းပမည်ဖြစ်သည်။

“အောက်တိုဘာလစကတည်းက အကသင်နေတာ အခု သင်ပေးလို့ပြီးနေပြီ”ဟု အကနည်းပြ ဦးစိုးက ဆိုသည်။

ယန်းအကကိုအမျိုးသား၁၀ဦးကျော်မှ တင်ဆက်ကပြ မည်ဖြစ်ကြောင်း၊ ယန်းအကမှာ လွန်ခဲ့သောနှစ်၃၀၀ကျော်ကတည်းကရှိခဲ့ကြောင်း သိရသည်။

ထားဝယ်ရိုးရာသပိတ်မျောပွဲတွင် အမျိုးသမီးယန်းအကကို ယမန်နှစ်က ပြန်လည်ဖော်ထုတ်ကပြခဲ့ပြီဖြစ်သလို ယခုနှစ်တွင် အမျိုးသားယန်းအက ကို ထပ်မံဖော်ထုတ် ကပြဖျော်ဖြေရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ယမန်နှစ်က အမျိုးသမီးယန်းအကကိုထားဝယ်အမျိုးသားညီလာခံနှင့်နေပြည်တော်တွင်ပြုလုပ်သောပြည်ထောင်စု နေ့အခမ်းအနားတို့တွင် လည်း ဆက်လက် တင်ဆက် ကပြခဲ့ ကြောင်းသိရသည်။

အလျဉ်းသင့်ပါက အမျိုးသားနှင့်အမျိုးသမီးတွဲလျက် ယန်းအကကို ကခုန်ခြင်း ကိုလည်း ထပ်မံဖော်ထုတ် တင်ဆက်နိုင်ရန်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ဦးစိုးက ဆိုသည်။

သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ကျင်းပမည့် သပိတ်မျောပွဲတွင်ပြည်ထောင်စုအတွက် သမိုင်းပေးသစ္စာ သီချင်းဖြင့် ယန်းအကကို တင်ဆက်ကပြရန် စီစဉ်လျက်ရှိသည်။

တင့်လွင်

Leave a Reply