မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတွင် ဒီဇင်ဘာ ၃၀ ရက်၊ ညနေ ၆ နာရီခန့်က ဦးစခန်းအေး နေအိမ်ရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နှီးပဒေါဒေသခံများထံမှ သိရသည်။

မီးစတင်လောင်ကျွမ်းမှုသည် ဦးစန်းအေးနေအိမ်၏ အိမ်နောက်ဖေးမီးဖိုရှိ မီးကြွင်းမီးကျန်မှ ရော်ဘာပြားများကို စတင်ကူးစက်သွားပြီး ၎င်းနေအိမ်ကို လောင်ကျွမ်းခဲ့ကြောင်းနှင့် ထိုမှတစ်ဆင့် ဓါတ်ဆီဆိုင်ပါဝင်သည့် ဈေးဆိုင်နှစ်ဆိုင်ကို ကူးစက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်သဖြင့် ဦးဝင်းဗိုလ်၏ ပေ ၂၀၊ ပေ ၁၈ ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းဆိုင်းခန်းတစ်ခန်း၊ ဒေါ်ဝု၏ ပေ ၂၀၊ ပေ ၅၀ ရှိ သွပ်မိုးပျဉ်ကာ၊ အုတ်ခင်းဆိုင်ခန်းတစ်ခန်းနှင့် ဦးလွင်စိန်၏ ပေ ၂၀၊ ပေ ၄၀ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခင်းနေအိမ်တစ်လုံးနှင့် ဓါတ်ဆီ နှစ်ပီပါနှင့် ဒီဇယ်ဆီ နှစ်ပီပါ မီးလောင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
Mudon
“အိမ်အပြင်မှာ ထမင်းချက်ပြီး မီးကြွင်းမီးကျန် မရှိတော့ဘူးထင်ပြီး အပြင်ကဆိုင်မှာ ထွက်နေနေကျတာ ခဏနေတော့ အိမ်ပါ လောင်နေပြီး”ဟု နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

မီးလောင်မှုကြောင့် ဆိုင်ပိုင်ရှင် ဦးစန်းအေး (၄၃နှစ်) ကို မုဒုံမြို့နယ်ရဲစခန်းတွင် (ပ)၇၇/၂၀၁၅ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးဌာနထံမှ သိရသည်။

Leave a Reply