မော်လမြိုင်၊ ဇွန် ၉။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်၊ကျောက်ပြားစက်ရုံနေရာရှိ ရာဇာမင်းစက်သုံးဆီအရောင်း ဆိုင်သစ်က ပင်မရေဆိုးထုတ်မြောင်းပိတ်ဆို့ထားမှုကို အမြန်ဆုံးဖယ်ရှားရှင်းလင်းပေးရန် ဇွန်လ(၈)ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့် သိန်းက ဟင်္သာမီဒီယာသို့ပြောကြားသည်။
“ဒါတွေကို ကျွန်တော်တို့ စစ်ဆေးပြီးတော့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်၊ ညွှန်ကြားချက်ထဲမှာ လုပ်ဆောင် ချက်တွေပါတယ်၊ အဲ့အတိုင်းပါပဲ”၎င်းကဆိုသည်။

2

ရာဇာမင်းစက်သုံးဆီအရောင်းဆိုင်သစ် ဆောက်လုပ်ရာတွင် မြောင်းဝတည့်တည့်မှ ကွန်ကရစ်ရေမြောင်း ပိတ်ဆို့ ကာရန်ခြင်း၊ သွပ်ပြားစည်းရိုးပိတ်ဆို့ကာရန်ခြင်း၊ခြံဝင်းအတွင်း ချောင်းအားပိတ်ဆို့၍ မြေသားဖို့ တင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောက်လုပ်ရန် ပစ္စည်းများစုပုံထားရှိခြင်း ၊ပန္နရိုက်မြေပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရသဖြင့် အမြန်ဆုံးဖယ်ရှားပေးရန် ညွှန်ကြားခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါရေဆင်းချောင်းအား ပိတ်ဆို့ထားမှုကြောင့် ပတ်ဝန်းကျင်ရပ်ကွက်အားလုံး ရေကြီးပြည့်လျှံနေ သည့် အပြင် ပြည်သူများသွားလာမှုခက်ခဲ၍ ကတ္တရာလမ်းသားများလည်း ပျက်စီးလျက်ရှိကြောင်း ညွှန်ကြားချက် တွင်ဖော်ပြထားသည်။
ထို့ကြောင့် ရာဇာမင်း စက်သုံးဆီအရောင်းဆိုင်သစ်က ပင်မရေဆိုးထုတ်ချောင်းလက်တက် ပိတ်ဆို့ ထားခြင်းအား ချက်ခြင်းဖယ်ရှားရန်၊ မြေဖို့ထားသည့် ချောင်းရိုးတစ်လျှောက် ၁၅ပေ ပြန်လည်တူးဖော်ပေးရန်နှင့် စည်ပင်၏ခွင့်ပြုချက်မရပဲ မည်သည့်တည်ဆောက်ရေးလုပ်ငန်းမှ ဆောင်ရွက်ခြင်းမလုပ်ရန် စည်ပင်မှ ညွှန်ကြားချက်များထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး ရာဇာမင်း စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သတ်ပြီး ပြန်လည် ဖြေကြားနိုင်ခြင်းမရှိကြောင်း ဝန်ထမ်းများကပြောကြားသည်။

ရာဇာမင်း စက်သုံးဆီအရောင်းဆိုင်သစ် တည်ဆောက်ခြင်းကြောင့် ပင်မရေဆိုးထုတ်မြောင်းလက်တက်သည် သီရိမင်္ဂလာ၊ကွင်းရပ်နှင့် မုပွန်ရပ်ကွက်များအတွင်းမှ ရေဆိုးထုတ်လွှတ်မှုပြုရာ ဒီရေအတက်အကျရှိသည့် မြောင်းဖြစ်ပြီး သံလွင်မြစ်အတွင်းသို့စီးဝင်နေသည့် မြောင်းတစ်ခုဖြစ်သည်။1

အဆိုပါ စက်သုံးဆီ အရောင်းဆိုင် တည်ဆောက်ရာတွင် ပို့ဆို့မှုဖြစ်သည့် ပင်မရေဆိုးထုတ်မြောင်း လက်တက် သည် သီရိမင်္ဂလာ၊ကွင်းရပ်နှင့် မုပွန်ရပ်ကွက်များအတွင်းမှ ရေဆိုးထုတ်လွှတ်မှုပြုရာ ဒီရေအတက်အကျရှိသည့် မြောင်းဖြစ်ပြီး သံလွင်မြစ်အတွင်းသို့စီးဝင်နေသည့် မြောင်းတစ်ခုဖြစ်သည်။

Leave a Reply