စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး
မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃
 
ဧရာဝတီတိုင်းမှာ ရှိသည့်ကျားဖောင်နှင့် မွန်ပြည်နယ်တွင် ရှိနေသည့် ကျားဖော်များအား တစ်ခုချင်းစီချိတ်ဆက်မည်ဆိုပါက ဧရာဝတီတိုင်း ဖျာပုံကနေ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထိ လမ်းလျှောက်လာလို့ရသည့်အနေအထားများ ရှိနေကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။
 
ယင်းကိစ္စနှင့် ပတ်သက်ပြီး ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးမှ တင်သွင်းထားသော ကျားဖောင်၊ ငါးဖမ်းလုပ်ခွင်များအတွင်း ရေးလုပ်သားနှင့်ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုးဖော်မှုများ မရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“ဧရာဝတီတိုင်းမှာ ရှိတဲ့ကျားဖောင်နဲ့ မွန်ပြည်နယ်မှာ ရှိနေတဲ့ကျားဖောင်တွေ တစ်ခုချင်း ချိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင် ဧရာဝတီတိုင်းဖျာပုံကနေ ကျွန်တော်တို့ မော်လမြိုင်မြို့အထိ လမ်းလျှောက်ပြီး လာလို့ရတဲ့အနေအထားရှိတယ်လို့ ဒါသုံးသပ်လို့ရတဲ့အနေအထားမျိုးရှိနေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းဌေးက ပြောသည်။
ကျားဖောင်ပေါ်ရောက်ရှိသွားသော လုပ်သားများသည် လုပ်ခလစာအဖြစ် အလွန်နည်းပါပြီး တစ်နှစ်လျှင် (၈) လခန့် အသက်နှင့်ရင်းပြီး ပင်လယ်ပြင်ရှိ ကျားဖောင်ပေါ်တွင် လုပ်ကိုင်နေရသည့်အတွက် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း များစွာ ခံစားနေကြရကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
 
တရားမဝင်းငါးဖမ်းလုပ်ငန်းကနေ တရားမဝင်း လူကုန်ကူးမှုတွေ တောင့်လျှောက်ဖြစ်တယ်၊ ဒုစရိုက်လုပ်ငန်းတွေလည်း ကြီးမားလာတယ်။ အဲဒါတွေက အဖွဲ့အစည်းတွေကိုဆက်သွယ်မေးမြန်းလိုက်တဲ့အခါကျတော့ လူကုန်ကူးကလည်း သူ့မှာ ရရှိတဲ့သတင်းအရင်းမြစ်တွေ မရှိလို့ သူ့မှာ လူအင်အားနည်းလို့ဆိုပြီး အကြောင်းပြတယ်၊ အလုပ်သမားကလည်း အလုပ်သမားဥပဒေလွှမ်းမိုးမှုမရှိဘူးလို့ပြောတာပေါ့နော်၊ ငါးဦးစီးကလည်း သူ့မှာ ဝန်ထမ်ံးအင်အားမရှိဘူး ဆိုတော့ကာ ဒီအတိုင်းဘော်လီဘော်ပုပ်နေရင် ဒီဟာကြီးက ဒီအတိုင်းထားရမလားဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးမှုသဖွယ်ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် သိသာစွာ သတင်းဌာနများက ထောက်ပြခဲ့ကြကြောင်း ၎င်းက ဆိုသည်။
 
ကျားဖောင်၊ ငါးဖမ်းလုပ်ခွင်များအတွင်း ရေးလုပ်သားနှင့်ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုးဖော်မှုများ မရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းကြောင်းအဆိုကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းသည့် (၁၅) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
 
(၁၅) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် လွှတ်တော် ပုံမှန်အစည်းအဝေးကို ကျင်းပလျက်ရှိသည်။
 
ရွှေရိုး

Leave a Reply