aung-san-suu-kyi-has-won-myanmars-historic-election-ending-decades-of-military-rule

နေပြည်တော်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့နယ်တွင် ကျင်းပမည့် နှစ် ရ၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အတည်ပြု ပြောကြားသည်။

“ပင်လုံမှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့အနေနဲ့ တက် ရောက်မယ်၊ ပါတီအနေနဲ့ တက်တာ မဟုတ်ဘူး” ဟု ဦးဝင်းထိန်က ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည့်အပြင် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးဟောပြောပွဲများ၊ အားကစားပြိုင်ပွဲများအပြင် နိုင်ငံရေးဟောပြောပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြိုသည် ၁၉၄၇ ခုနှစ်က ပြည်နယ်၊ ပြည်မ မခွဲခြားပဲ လွှတ်လပ်ရေးအရယူ နိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား အချို့အကြား သဘောတူညီချက်များ ရယူခဲ့သည့် နေရာလည်း ဖြစ်သည်။

ကိုပေါက်

Leave a Reply