ပညာတော်သင်များ စေလွှတ်ရေး ကရင်ပြည်နယ်အစိုးရနှင့် အိန္ဒိယသံရုံး တာဝန်ခံတို့ဆွေးနွေး

ပညာတော်သင်များ စေလွှတ်ရေး ကရင်ပြည်နယ်အစိုးရနှင့် အိန္ဒိယသံရုံး တာဝန်ခံတို့ဆွေးနွေး

ဘားအံ ဇန်နဝါရီ

အိန္ဒိယနိုင်ငံသံရုံး အကူအညီဖြင့် ပညာတော်သင်များစေလွှတ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အိန္ဒိယသံရုံး ယာယီတာဝန်ခံ Dr.Sumit Seth တို့ ပြီးခဲ့သည့် သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး ရန်ကုန်၏ ယာယီသံရုံးတာဝန်ခံ Dr.Sumit Seth ကို ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ဘားအံမြို့ ပြည်ထောင်စုဧည့်ရိပ်သာ ပဒိုဒေးဗစ်တောခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် အိန္ဒိယနိုင်ငံသံရုံး အကူအညီဖြင့် ပညာတော်သင်များ စေလွှတ်ရေးကိစ္စရပ်များအပါအဝင် ကရင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအဆင့်မြှင့်တင်ရေး၊ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြည်နယ်အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာတင်ဝင်းကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုးကား – ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး

သတင်းဓာတ်ပုံ – ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.