မော်လမြိုင်၊ ဖေဖော်ဝါရီ

မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်တွင် ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု ဆိုသောလူငယ်နှစ်ဦးကို ဖေဖော်ဝါရီ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဇေယျာသီရိနယ်မြေရဲစခန်းမှ သိရသည်။

သာယာအေးရပ်ကွက်၊ လှိုင်ရွှေဝါလမ်းနေ မာဒဝင်း (ခ) ကောင်းထက် (၁၂ နှစ်)နှင့် စိုးဝင်း (၁၃ နှစ်)တို့နှစ်ဦးသည် မိန်းကလေးငယ် ဝတ်ဆင်ထားသော ဘောင်းဘီတိုအား ဆွဲချွတ်ပြီးအဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်နေစဉ် မိန်းကလေးငယ်၏ အဒေါ်ဖြစ်သူက ယင်းနေအိမ်အရှေ့သို့ရောက်ရှိလာပြီး “မာဒဝင်း မာဒဝင်း”ဟု အော်ခေါ်လိုက်ချိန် ၎င်းလူငယ်နှစ်ဦးက နေအိမ်အနောက်ဘက်သို့ ထွက်ပြေးသွားကြောင်း တိုင်တန်းချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဇေယျာသီရိနယ်မြေရဲစခန်းမှ အမှုစစ်ရဲအရာတစ်ဦးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆နာရီကျော်ခန့်က အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ် ကောင်လေးနှစ်ယောက်ကအပြင်ကနေ စက်ဘီးစီးပြီး ပြန်လာတဲ့အချိန်မှာ မိန်းကလေးငယ်က ခဲနဲ့ပေါက်လိုက်တဲ့အချိန်မှာ မာဒဝင်းဆိုတဲ့ကောင်လေးက သူတို့ကိုခဲနဲ့ပေါက်ရမလားဆိုပြီး ကောင်မလေးရဲ့ဇက်ပိုးကို တစ်ချက်ရိုက်လိုက်တယ်။ ရိုက်ပြီးပြန်ထွက်သွားတဲ့အချိန်မှာ ဒီကောင်မလေးက သူ့ရဲ့ တန်ဆာကို လက်နဲ့နှိုက်နေတာ ဒီကောင်လေးတွေက မြင်သွားပြီး နင်တို့အိမ်ကို သွားတိုင်မယ်။ နင်ဘာလုပ်တာတုန်းပြောတဲ့အခါမှာ ကောင်မလေးက မလုပ်နဲ့ မတိုင်နဲ့။ နင့်ကိုပေးလုပ်မယ်” ဟု ၎င်းစစ်ဆေးစဉ်က ထွက်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လူငယ်နှစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့သည်ဟု ယင်းရပ်ကွက်နေ ဒေသခံတစ်ဦး၏ သတင်းပေးပြောပြချက်အရ သိရှိရသဖြင့် ကာယကံရှင်မိန်းကလေးငယ်နှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး ပြစ်မှုကျူးလွန်ပါက တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်းမေတ္တာဆုံဆည်းရာအဖွဲ့မှဦးသက်ထွန်းက ဆိုသည်။

“ကောင်မလေးရဲ့ ဘောင်းဘီနဲ့ စကတ်ကို သူ့ဘာသာသူ ဆွဲချွတ်တာ၊ တိုင်တာတော့ ကောင်လေးတွေ ဆွဲချွတ်တယ်ဆိုပြီး တိုင်တာပေါ့လေ။ ကောင်မလေးက အခင်းဖြစ်တဲ့ အိမ်အောက်ထပ် နံရံဘေးကပ်ရပ်ပြီး မာဒဝင်းက စပြီး သူ့ဂျင်းဘောင်းဘီကို ချွတ်ပြီး ကောင်မလေးရဲ့ တန်ဆာကို ထိုးတယ်။ ထိုးနေတုန်းပဲရှိသေးတယ် ကောင်မလေးရဲ့ အဒေါ် … .က အိမ်အပြင်ကနေပြီး သူ့တူမကို ဇက်ပိုးရိုက်တဲ့ကိစ္စနဲ့ မာဒဝင်း မာဒဝင်းလို့ လှမ်းခေါ်တော့ ဘာလဲလို့ ပြောတဲ့အခါမှာ နင်ငါ့တူမကို ဘာလို့ဇက်ပိုးရိုက်လဲပြောတော့ ကျွန်တော့်ကို ခဲနဲ့ပေါက်လို့ ရိုက်တာပေါ့ ပြောတော့ နင့်မိဘတွေကို သွားတိုင်မယ်ဆိုပြီး ထွက်သွားတယ်။ ဒီကောင်လေးတွေလည်း ဘာမှဆက်မလုပ်တော့ဘဲ ပြန်သွားကြတယ်။ အဲလိုဖြစ်တဲ့ ကိစ္စကို ကောင်မလေးကလည်း သူ့အိမ်ကိုချက်ချင်းမပြောဘူး။ နောက်တစ်နေ့ နံနက် ၉ နာရီလောက်မှ ကောင်မလေးက သူ့ရဲ့အဖွားကိုပြောပြတယ်”ဟု အမှုစစ်ဆေးသည့် ရဲအရာရှိက ရှင်းပြသည်။

အဆိုပါမိန်းကလေးငယ်ကို မာဒဝင်းဆိုသူက အတင်းလုပ်ခိုင်း၍ လုပ်ခဲ့ရတာဖြစ်သည်ဟု စိုးဝင်းဆိုသူက ရဲစခန်းမှတာဝန်ရှိသူများ စစ်ဆေးမေးမြန်းစဉ် ပြောဆိုခဲ့သည်ကို ကြားသိခဲ့ရကြောင်း ဦးသက်ထွန်းက ထပ်မံပြောဆိုသည်။

မိန်းကလေးငယ်၏ အဖွားဖြစ်သူမှ ဇေယျာသီရိနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ကောင်းထက်နှင့် စိုးဝင်းတို့နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/ ၅၁၁ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးထားသော လူငယ်နှစ်ဦးကို စမ်းကြီးလူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းတွင် ထားရှိရန်စီစဉ်လျက်ရှိကြောင်း အမှုစစ်ရဲအရာရှိက ဆိုသည်။

Written by ခေတ်မင်း

Leave a Reply