Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ ပရဟိတ မော်တော်ယာဉ်များကို လတ်တလော အခြေအနေတွင် ဖမ်းဆီးမည် မဟုတ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားသည်။

ဇူလိုင် ၁၀ ရက်က မွန်ပြည်နယ် အစိုးရုံတွင် အစိုးရအဖွဲ့၏ ဒုတိယနှစ် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဖမ်းတာတော့ ဖမ်းမယ်၊ ကျွန်တော်တို့ဘက်က ယာဉ်တွေ အလုံအလောက်ပြန်ဖြည့်ဆည်းပေးနိုင်တာနဲ့ဖမ်းမယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

လူနာတင်ယာဉ်များ အလုံအလောက် ထားရှိနိုင်အောင်ရန်အတွက် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆဲသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကားဖမ်းတာတို့ ကားသိမ်းတာတို့ ဆိုရင် ပြဿနာမရှိဘူး၊ လူတွေကိုပါ ပုဒ်မ ၈ နဲ့ အရေးယူခံရတဲ့ အနေအထားဆိုရင် အများကြီး နစ်နာသွားမယ်၊ ပရဟိတအိုးတွေ ရိုက်ချိုးလိုက်သလို ဖြစ်သွားမှာ စိုးရိမ်တာပေါ့”ဟု လူမှုကယ်ဆယ်ရေးမှ ကိုဘိုဘိုဝင်းက ဇွန် ၂၉ ရက်တွင် ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့များ၌ ရှိသော လူနာတင်ယာဉ်များသည် အစိုးရ လုပ်ဆောင်ရမည့် ကိစ္စရပ်ကို ကူညီပေးနေသည့် အဖွဲ့များဖြစ်သောကြောင့် ကားများကို သတ်မှတ် စံချိန် စံညွှန်များဖြင့် စိစစ်၍ လိုင်စင် ထုတ်ပေးသင့်သည်ဟု ၎င်းက ပြောသည်။

Written by လျှမ်းထက်

Advertisements
<

Leave a Reply