(ဓါတ်ပုံ အညွှန်း – ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်နေ့တွင် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက်ကော်) ၌ ကျင်းပနေသည်ကို တွေ့ရစဉ်)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်နေ့တွင် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက်ကော်) ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

(ဓါတ်ပုံ အညွှန်း – ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်နေ့တွင် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက်ကော်) ၌ ကျင်းပနေသည်ကို တွေ့ရစဉ်)
(ဓါတ်ပုံ အညွှန်း – ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်နေ့တွင် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက်ကော်) ၌ ကျင်းပနေသည်ကို တွေ့ရစဉ်)

“အထူးအားဖြင့် ကျွန်တော်တို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အနေနဲ့ကလည်း ဒီစာချုပ်မှာ ပါဝင်ပြီးတော့ လက်မှတ်ရေးထိုး သဘောတူခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ပြည်သူလူထုကို ရှင်းပြချင်တယ်” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ရှင်းလင်းပွဲပြုလုပ်ရသည့် အကြောင်းရင်းကို ပြောပြသည်။

ယခင်အစိုးရများ ပြုလုပ်ခဲ့သော အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုများ မအောင်မြင်ရခြင်းသည် ပြည်သူလူထု မပါဝင်သောကြောင့်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရန် ပြည်သူလူထု ပါဝင်ရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီ NCA လို သဘောတူစာချုပ်မျိုးဟာ မြန်မာ့သမိုင်းမှာ မဖြစ်ပေါ်ခဲ့ဖူးဘူး ဒီစာချုပ်မှာ အာမခံချက်အားလုံးရပြီး မဆိုနိုင်ပေမဲ့လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပါအဝင် နိုင်ငံရေးအာမခံချက်တွေ၊ နောက်တစ်ခါ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးအာမခံချက် အားလုံးဟာ ဒီစာချုပ်မှာ ပါတယ်ဆိုတာကို ပြည်သူလူထုက သိဖို့လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။

SSNLO, SNLF, SNPLO.PPLO နှင့် PNO တို့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အောက်တွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က စုစည်းခဲ့ကြကြောင်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်းလမ်းညွှန် အကိုးအကားအရ သိရသည်။

Leave a Reply