နယူးဒေလီ ဧပြီ ၁

အိန္ဒိယနိုင်ငံက ပါကစ္စတန်ကိုစောင့်ကြည့်နိုင်မည့် သူလျှိုဂြိုဟ်တု တစ်လုံးကို အခြားနိုင်ငံများမှ ဂြိုဟ်တု ၂၈ လုံးနှင့်အတူ ကမ္ဘာပတ်လမ်း ကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

၎င်း ဂြိုလ်တုသည် ပါကစ္စတန် တပ်ဖွဲ့များအား စောင့်ကြည့် မှတ်တမ်းတင်ကာ ထောက်လှမ်းရေးဆိုင်ရာ သတင်း အချက်အလက်များ စုဆောင်းရေး အတွက် အိန္ဒိယနိုင်ငံက အသုံးပြုသွား ဖွယ်ရှိကြောင်း ခွဲခြမ်းစိတ်ဖြာ လေ့လာသူများက ပြောကြားကြ သည်။

အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံ တို့က ပိုင်းခြားထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား အငြင်း ပွားမှုကြီးမားစွာရှိနေပြီး စစ်ရေးအရ တင်းမာမှုများရှိနေကြသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက အိန္ဒိယက ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် အသေခံဗုံး ဖောက်ခွဲ တိုက်ခိုက် မှုတစ်ခုဖြစ်ပွားခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ သေဆုံးခဲ့ရသည်။

ယင်းသူလျှိုဂြိုဟ်တု အီးအမ် အိုင်အက်စ်အေတီကို အခြားဂြိုဟ်တု ၂၈ လုံးနှင့်အတူ ဒုံးယာဉ်တစ်စင်း တည်းဖြင့် နိုင်ငံတောင်ပိုင်းရှိ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်မှ ဧပြီ ၁ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယမှ လွှတ်တင်သည့် ဂြိုလ်တုသည် ရေဒါထောက်လှမ်းမှုများ နှင့် ရန်သူ့အခြေစိုက်စခန်းမှ ရရှိသော ထောက်လှမ်းရေးဆိုင်ရာ အချက် အလက်များကို ဖမ်းယူထုတ်လွှင့်ပေး မည်ဟု ဒေသတွင်း သတင်းဌာနများ က ပြောကြားသည်။

ယင်းအသေခံ ဗုံးဖောက်ခွဲမှုကို ပါကစ္စတန်အခြေစိုက် အစ္စလာမ်အစွန်းရောက် အဖွဲ့တစ်ဖွဲ့က ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ ပြီး ယင်းဖြစ်ရပ်မှာ နှစ်နိုင်ငံဆက်ဆံ ရေးတွင် တင်းမာမှုများဖြစ်စေခဲ့သည့် ခလုတ်ကန်သင်းဖြစ်ခဲ့ရသည်။

အိန္ဒိယနိုင်ငံက လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ကမ္ဘာပတ် လမ်းကြောင်းအတွင်း ပျံသန်းနေ သော ဂြိုဟ်တုတစ်လုံးကို ဒုံးကျည်ဖြင့် စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။

NHK

Leave a Reply