Advertisements

နိုဝင်ဘာ ၁၆ ၊ ၂၀၁၇။

ပါတီမှ အစုလိုက် အပြုံလို ၆၀ ဦးကျော် နှုတ်ထွက် ခဲ့ကြသည့် ဖြစ်စဉ် ပြီးနောက် ဗဟို အဆင့်မှ တာဝန် ရှိသူများ လာရောက်၍ စုံစမ်းမှု ပြုလုပ် နေသည့် အပေါ် ထိုသို့ နှုတ်ထွက် ခဲ့ခြင်းသည် မိမိတို့၏ ဆန္ဒ အလျောက်သာ နှုတ်ထွက် ခဲ့ခြင်း ဖြစ်ကြောင်း မွန်အမျိုးသား ပါတီမှ နှုတ်ထွက် ခဲ့ကြသူများ ယနေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောကြား ခဲ့သည်။

နှုတ်ထွက် ခဲ့သည့် မွန်အမျိုးသားပါတီမှ ကျိုက်မရောမြို့နယ် အထွေထွေ အတွင်းရေးမှူးဟောင်း ဦးမင်းဉာဏ်လင်းက “ပါတီ အကြီးပိုင်း တွေက အောက်ခြေ အထိ ဆင်းလာပြီး နုတ်ထွက်တဲ့ အကြောင်းကို မေးမြန်း နေတာဟာ ဘာသဘော လဲပေါ့၊ မိမိ သဘော အတိုင်း ပါတီမှ နုတ်ထွက်တာ ဖြစ်တယ်ဆိုတာ ရှင်းပြ ချင်လို့ အခုလို လုပ်တာ ဖြစ်တယ်”ဟု ၎င်းက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း အကြောင်း ဟင်္သာ မီဒီယာ၏ မေးမြန်းချက်ကို ဖြေကြား ခဲ့သည်။

Advertisements
data-language="en"

ပါတီမှ နုတ်ထွက် ထားသူ ကျွန်းရွာမှ မွန်အမျိုးသား ပါတီဝင် ဦးသိန်းအောင် ကလည်း“ကျွန်တော်တို့ ပါတီမှ နုတ်ထွက် လိုက်မှသာ ပါတီ လူကြီးတွေက ပါတီ ညီညွတ်ရေးကို ဦးစား ပေးမှာ ဖြစ်တယ်၊ ပါတီမှ နုတ်ထွက် လိုက်တော့ အင်းအား နည်းပြီး ပါတီ ပေါင်းမှာ ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ နုတ်ထွက်တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်နှစ်ပါတီ၏ မဲရလာဒ်ကို ပေါင်းကြည့်ပါက တခြား ပါတီများထက် မဲပို နေသော်လည်း ပါတီ တစ်ခုတည်း မဟုတ်သောကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့် ရခြင်းဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းအခြေအနေမျိုးနှင့် မကြုံ ရအောင် ပါတီနုတ်ထွက်ခြင်း ဖြစ်ကြောင်း ဦးမင်းဉာဏ်လင်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ပါတီ ဗဟို အလုပ်အမှုဆောင် အပါအဝင် ကျိုက်မရော မြို့နယ်တွင်းရှိ ရွာ (၅) ရွာ ခန့်မှ မွန်အမျိုးသား ပါတီဝင် ၆၂ ဦးတို့က တစ်ပြိုင်နက်တည်း နှုတ်ထွက် ခဲ့ကြပြီး ယင်းအပေါ် ပါတီဗဟိုအဆင့်မှ တာဝန်ရှိသူများက စုံစမ်းမှုများ ပြုလုပ်နေသည့် အပေါ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဖြေရှင်း လိုက်ခြင်း ဖြစ်သည်။

ထိုစုံစမ်း စစ်ဆေး နေမှု ကိစ္စရပ်နှင့် ပတ်သက်၍ မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမက “ဒီကိစ္စကို သံသယ ဖြစ်လို့ ကျွန်တော်တို့က ပါတီ အစည်းအဝေးမှာ ပါတီဝင်တွေ နုတ်ထွက်တဲ့ ကိစ္စကို အခြေအနေမှန် သိရှိဖို့ အတွက် ဗဟိုအလုပ်မှုဆောင် သုံးယောက်ကို တာဝန်ပေးတယ်၊ စုံစမ်း လိုက်တော့ တချို့ လူတွေက သူတို့ မသိဘူး ဆိုတဲ့ အကြောင်း၊ သူတို့ ရွာကိုလည်း မရောက်ဘူးဆိုတဲ့ အကြောင်း ရှင်းပြ ပေးတယ်”ဟု နိုင်လယီတမက ဆိုသည်။

ထိုသို့ နုတ်ထွက်စာ တင်သည့် ပါတီဝင် ၆၂ ဦး၏ အမည်စာရင်းနှင့် လက်မှတ်များကို စစ်ဆေးရာ လက်မှတ် နေရာတွင် နာမည် ကိုသာ ရေးထားပြီး လက်ရေး မှာလည်း တူနေ ခြင်းကြောင် ထိုအချက်အား သံသယ ဖြစ်ခဲ့၍ ပါတီ ဗဟိုမှ သွားရောက်၍ စုံစမ်း စစ်ဆေးရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပါတီဝင် ဟောင်းများက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအား မိမိ မသိရှိ ထားကြောင်းနှင့် ၎င်းအပေါ် တုံ့ပြန် ပြောဆိုစရာ မရှိကြောင်းလည်း နိုင်လယီတမက ပြောဆိုသည်။

မွန်လူထုများက တစ်ပါတီတည်း ပေါင်းစည်း နိုင်ရန် လိုလား နေသည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့သည် အချက် သုံးချက် သဘော တူညီမှု ရရှိ ထား ပြီးဖြစ်သည်။

နှစ်ဖက် ကိုယ်စားလှယ်များ တစ်လ တစ်ကြိမ် တွေ့ရန်၊ အရေးပေါ် ကိစ္စများ ချိတ်ဆက် ဆောင်ရွက်ရန်၊ အမျိုးသားရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ပေါင်းစည်းရေး အတွက် အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေး သွားရန် စသည့် အချက်များကို နှစ်ပါတီ စလုံးမှ သဘောတူ ထားကြသည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် မွန်သံဃာတော်များနှင့် မွန်ပြည်သူများက ၂၀၁၂ ခုနှစ်တွင် စတင် ကြိုးပမ်းခဲ့ပြီး အဆင်မပြေမှု များကြောင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် လက်လျှော့ ခဲ့သည်။

မွန်အမျိုးသား ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် နှစ်နေရာနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ် နေရာအနိုင်ရရှိခဲ့သည်။

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီကမူ ၂၀၁၅ ရွေးကောက် ပွဲတွင် ကိုယ်စားလှယ် ၃၅ နေရာ ဝင်ရောက် ယှဉ်ပြိုင်ကာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ် နေရာ အနိုင်ရရှိ ခဲ့သည်။

Written by – ဇော်ထိုက်

Leave a Reply