Advertisements
ကျွန်းရွာ ကျေးရွာရှိ ဖျက်ဆီး ခံထားရသည့် ဆိုင်းဘုတ် များအား တွေ့ရစဉ်။

နိုဝင်ဘာ ၂၀ ၊ ၂၀၁၇။

ပြီးခဲ့သည့် လပိုင်း အတွင်း ပါတီမှ နှုတ်ထွက် သွားပြီး ဖြစ်သည့် ပါတီဝင်ဟောင်း (၃) ဦး တို့အား ပါတီဆိုင်းဘုတ်ကို ခုတ်ဖြတ် ဖျက်ဆီးသူများ ဖြစ်သည်ဟု ပါတီ ဗဟိုမှ စွပ်စွဲ ထားပြီး ထို (၃) ဦးအား ဥပဒေ ကြောင်းလမ်း အရ အရေးယူ နိုင်ရန် စီစဉ် နေကြောင်း မွန်အမျိုးသားပါတီ (MNP) အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ကွျှန်းရွာ ကျေးရွာရှိ မွန်အမျိုးသား ပါတီ ဆိုင်းဘုတ်အား ဖျက်ဆီး ထားသည့် အပေါ် နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပ ခဲ့သည့် ပါတီဗဟို စီမံရေးရာ အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

ကျွန်းရွာ ကျေးရွာရှိ ဖျက်ဆီး ခံထားရသည့် ဆိုင်းဘုတ် များအား တွေ့ရစဉ်။

ပါတီဝင် ဟောင်းများ ဖြစ်သည့် ကျိုက်မရော မြို့နယ်မှ မိစန္ဒာနွန်၊ မိစုမွန်နှင့် နိုင်ဉာဏ်လင်းတို့ သုံးဦးအား ပါတီဆိုင်းဘုတ် ဖျက်ဆီး သူများ အဖြစ် ပါတီ ဗဟိုမှ စွပ်စွဲ ထားကာ အရေးယူ ဆောင်ရွက်ရန် ပါတီ ဥပဒေ ရေးရာ ဌာနသို့ တာဝန် ပေးထားပြီး ဖြစ်သည်။

“သူတို့ တွေက ရွာပေါင်း သုံးလေးခြောက်ရွာကို လူပေါင်း ၆၀ ကျော် စုလိုက်တယ်။ ပြီးတော့ ပါတီကနေ နှုတ်ထွက် ခိုင်းတယ်။ အဲဒီ အနားမှာ တင်ထားတဲ့ ပါတီ ဆိုင်းဘုတ်ကို ဖြုတ်လိုက်ပေါ့ လို့ပြောတယ်။ ကျွန်တော်တို့ ပါတီတွေမှ မဟုတ် တော့တာ၊ ပြောတော့ ဓားတွေ ပုဆိန်တွေ တောင်းတယ်။ သူတို့တွေက မြို့နယ် ဗဟိုကော်မတီမှာ ပါနေတော့ ဗဟို ကနေ ခိုင်းလို့ ဖြစ်မှာပေါ့ အဲဒီမှာပဲ ဆိုင်းဘုတ်ကို ခုတ်ဖြုတ် ဖြတ်ပစ် လိုက်တယ်” ဟု မွန်အမျိုးသား ပါတီ ဥပဒေရေးရာ ဌာနမှ နိုင်စိန်မြမောင်က ပြောသည်။

နိုင်ညာဏ်လင်း၊ မိစန္ဒာနွန်နှင့် မိစုမွန်တို့ သုံးဦးအား အမှားကို လာရောက် ဝန်ခံပြီး တောင်းပန်မည် ဆိုပါက အမှုကို ပြန်ရုပ်သိမ်း ပေးမည်ဖြစ်ကြောင်း၊ တောင်းပန်မှု မပြုလုပ်ပါက ပြစ်မှု ကျူးလွန်ထားသည့် ကိစ္စ မှန်သမျှကို ဥပဒေ ကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပါတီ ဆိုင်းဘုတ်ကို ဖျက်ဆီး ခဲ့သူဟု စွပ်စွဲ ခံထားရသူ မိစန္ဒာနွန်က “သူ့အိမ်က ဆိုင်းဘုတ်သူ ဖြုတ်တာ ကျွန်မတို့ ဘာမှ မပြောဘူး။ ကျွန်မ လုပ်ခဲ့မယ် ဆိုရင် ကျွန်မ တောင်းပန်မယ်။ ကျွန်မ မလုပ်ခဲ့တဲ့ အတွက် တောင်းပန် စရာလည်း မလိုဘူး။ သူတို့ ရှင်းလင်းတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့ ဆက်သွားမယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် မိစုမွန် ကလည်း “သူတိ့ု သတင်းစာ ရှင်းလင်း ပွဲတွေ ပါတီကနေ နှုတ်ထွက်တဲ့ ကိစ္စတွေ ကျွန်မလုံးဝ စိတ်မဝင်စားပါ။ ဘာဖြစ်လဲဆိုရင် ကျွန်မက ပါတီကနေနှုတ်ထွက်ထားတဲ့ သူတစ်ယောက်ဖြစ်တယ်။ သူတို့ကို ဒီလို လုပ်ပါလို့ ပြောထား တာလည်း မရှိဘူး။ တိုက်တွန်း ထားတာလည်း မရှိဘူး။ ကျွန်မ မမှားဘူးလို့ ထင်တယ်” ဟု မိစုမွန်က တုံ့ပြန် ပြောဆိုသည်။

ကျွန်းရွာ ကျေးရွာရှိ ဖျက်ဆီး ခံထားရသည့် ဆိုင်းဘုတ် များအား တွေ့ရစဉ်။

မွန်နိုင်ငံရေးနှစ်ပါတီ ပေါင်းစည်း နိုင်စွမ်းမရှိသည့် အတွက် ကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီ (MNP) ဒုတိယ ဥက္ကဋ္ဌ အပါအဝင် ပါတီဝင် (၆၀) ဦးကျော် သြဂုတ်လ (၂၉) ရက်က ပါတီမှ နှုတ်ထွက်ကြောင်း ပါတီဗဟိုထံ နှုတ်ထွက်စာ ပေးပို့ ခဲ့သည်။

ထို့ပြင် ကော့ကရိတ်မြို့နယ် မွန်အမျိုးသားပါတီ ဗဟိုကော်မတီဝင် နှစ်ဦးနှင့် မြို့နယ်ကော်မတီ သုံးဦးတို့က မွန်နိုင်ငံရေး ပါတီ ခေါင်းဆောင်များ အပေါ် ယုံကြည်မှု မရှိသည့် အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းက ပါတီမှ နှုတ်ထွက် ခဲ့ကြသည်။

စွပ်စွဲခံထား ရသော နိုင်ဉာဏ်လင်းကို ဟင်္သာမီဒီယာမှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

Written by – ရွှေရိုး

Photo by ရွှေရိုး

Leave a Reply