ကျိက်မရော၊ ဖေဖော်ဝါရီ ၁၅ ။ ။ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်း ကုန်းကျေးရွာ၊ ဘုန်းကြီးကျောင်းဘုရားပွဲတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်က အုပ်စုအဖွဲ့ စကားများရန်ဖြစ်ကြရာမှ ဓါးထိုးမှုဖြစ်ပွားကာ ကိုလွင်ဖြိုးကို အပါအဝင် သူငယ်ချင်း လေးဦး မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဓါးဖြင့် ထိုးခဲ့သူ ကိုမျိုးမင်းထွေးနှင့် အပေါင်းအပါ လေးဦးတို့သည် ပိန္နဲကုန်းကျေးရွာ ခနောင်အုတ်ဖိုစုက အုတ်ဖိုအလုပ်သမားများ ဖြစ်ကြကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ဓါးထိုး မှုကြောင့် ကိုလွင်ဖြိုးကိုတွင် ဘယ်ဘက်ရင်အုံ ထိုးသွင် ဒဏ်ရာ နှစ်ချက်ရရှိ ခဲ့ ပြီး ၎င်း၏ သူငယ်ချင်း ဖြစ်သူ ကိုလင်းလက်တွင် ညာဘက်လက်ဖျံပြတ်ရှဒဏ်ရာရှိခဲ့ကာ ကိုသာပြည့်တွင်မှု ကျောကုန်းဓါးထိုးခံ ရသည့် ဒဏ်ရာ ရရှိခဲ့သောကြောင့် မော်လမြိုင်ပြည်သူ ဆေးရုံသို့ ပိုဆောင် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရန်ပွဲ ကို ဝင်ရောက် ဖြန်ဖြေသူ ဇင်ဇင်ထွန်းတွင် ညာဘက်ခါးဆောင်း ဓါးထိုးခံရသည့် ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓါးဖြင့်ထိုးခဲ့သူ ကိုမျိုးမင်းထွေးနှင့် အပေါင်းအပါး လေးဦးတို့အား ကျိုက်မရောမြို့မရဲစခန်းမှ (ပ) ၁၄ / ၁၆ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားကြောင်း ယင်းစခန်းမှ သိရသည်။

Leave a Reply