ပိန်းဥနှင့်ကျန်းမာရေး

ဒီတစ်ပတ် အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးချင်တာက မြေကြီးထဲက တူးယူရတဲ့ သဘာဝဆေးဖက်ဝင်သီးနှံံတစ်မျိုးဖြစ်တဲ့က ပိန်းဥအကြောင်းပဲဖြစ်ပါတယ်။

ပိန်းဥကို အင်္ဂလိပ်လို Taro Root လို့ခေါ်ပြီး၊ရုက္ခဗေဒအမည်ကတော့ Calocasia esculentaဖြစ်ပါတယ်။
ပိန်းဥကို အရှေ့တောင်အာရှနဲ့အိန္ဒိယတောင်ပိုင်းမှာ စတင်စားသုံးကြတယ်လို့ယူဆရပေမယ့် ကမ္ဘာအနှံ့ကနေရာတော်တော်များများမှာစိုက်ပျိုးကြပါတယ်။မြန်မာပြည်မှာတော့ ပိန်းဥကို ပြုတ်စား၊ဟင်းချက်စား၊ဟင်းချိုချက်သောက်နဲ့မုန့်အမျိုးမျိုးတို့မှာထည့်သွင်းစားသုံးကြပါတယ်။

ပိန်းဥမှာ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ သဘာဝအဆီ၊ အိုမီဂါ 3 ဖက်တီးအက်စစ်၊ အိုမီဂါ 6 ဖက်တီးအက်စစ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် B1၊ B2၊ B3၊ B5၊ B6၊ B9၊ ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကြေးနီ၊ မဂ္ဂနိစ်နဲ့ ဆီလီနီယမ်တို့အပြင် ရိုင်ဘိုဖလေဘင်၊ပန်တိုသီးနစ်အက်စစ်နဲ့သိုင်ယာမင် တို့လိုဗီတာမင်ဘီအုပ်စုလည်းပါဝင်ပါတယ်။

ပိန်းဥမှာ အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက်ကြောင့် အူတွင်းလှုပ်ရှားမှုကိုကောင်းမွန်စေပြီး၊အစာချေဖျက်နိုင်စွမ်းကို ပိုကောင်းစေပါတယ်။ဒါ့ကြောင့်ဝမ်းကိုမှန်စေပါတယ်။ပြီးတော့ လေပွတာ၊ဗိုက်အောင့်တာ၊ဝမ်းချုပ်တာနဲ့ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကာကွယ်ပေးပါတယ်။အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်းက အင်ဆူလင်နဲ့ဂလူးကို့စ်ဓာတ်ထွက်ရှိမှုကို ထိန်းညှိပေးတာကြောင့်ဆီးချို၊သွေးချိုဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ဆီးချိုရှိနေတဲ့သူတွေကိုလည်း အန္တရာယ်ရှိတဲ့အဆင့်ထိ သကြားဓာတ်မြင့်တက်တာ၊ကျဆင်းတာ မဖြစ်ရအောင် ကာကွယ်ပေးပါတယ်။

နောက်ပြီး သူ့မှာ ဗီတာမင် A၊ C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှုမြင့်မားတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အန္တရာယ်ရှိတဲ့ free radicals တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ သူ့မှာပါရှိတဲ့ Cryptoxanthin က အဆုတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

beta-carotene နဲ့ cryptoxanthin အပါအဝင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အမြင်အာရုံဆဲလ်တွေကို free radicals တွေရဲ့တိုက်ခိုက်မှုရန်ကကာကွယ်ပေးပြီး အမြင်အာရုံကောင်းမွန်စေပါတယ်။

ပိုတက်စီယမ်ဓာတ်ပါဝင်တဲ့အတွက်ကြောင့်လည်း သွေးကြောတွေနဲ့နှလုံးသွေးကြောတွေ ဖိစီးမှုပြေလျော့စေပြီး သွေးဖိအားလျော့ကျစေတဲ့အခါမျိုးမှာ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးတဲ့အတွက် ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို ပိုကောင်းစေပါတယ်။

ပိန်းဥမှာ ဗီတာမင် E နဲ့ ဗီတာမင် A ပါတဲ့အတွက် အသားအရေကိုထိန်းသိမ်းနိုင်စွမ်းပိုကောင်းစေပါတယ်။ အဲဒီ ဗီတာမင်တွေက အရေပြားအတွက်ရော ဆဲလ်တွေရဲ့ကျန်းမာရေးကိုပါ ကောင်းကျိုးပြုပါတယ်။ ဒါ့ကြောင့်မို့ အနာကျက်မြန်စေပါတယ်၊ အမည်းစက်တွေ လျော့ပါးစေပါတယ်၊ အရေးအကြောင်းတွေ ပြေပျောက်စေပါတယ်၊ အသားအရေဝင်းလက်လှပစေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပိန်းဥကို စားသုံးခြင်းဖြင့် အဆုတ်နဲ့ နှလုံးကြွက်သားကင်ဆာကို တားဆီးနိုင်ပါတယ်၊ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များနဲ့အရည်ကြည်အိတ်များကို သက်တမ်းရှည်စေပါတယ်၊ သွေးတိုးနှင့်နှလုံးရောဂါများကို သက်သာစေပါတယ်၊ အရေပြား ခံတွင်းကင်ဆာများ ကာကွယ်နိုင်ပါတယ်၊ အမြင်အာရုံကို ပိုမိုကောင်းမွန်စေတဲ့အကျိုးကျေးဇူးကိုရရှိမှာဖြစ်ပါတယ်။- အမြင်အာရုံကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။အနှစ်ချုပ်ဆိုရရင်ပိန်းဥကိုစားပေးခဲ့ရင် ညဘက်မျက်စိမမြင်တာကိုလျော့ကျစေပါတယ်။ဗိုင်းရပ်စ်ပိုး ကူးစက်မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။အသားရေကိုစိုပြေစေပြီး အိုမင်းခြင်းကိုလျှော့ချပေးပါတယ်။မျက်ဝန်းနဲ့နှာခေါင်းတစ်ဝိုက်မှာရှိတဲ့အရေပြားကို တင်းအားကောင်းမွန်စေပါတယ်။အရိုးသန်မာစေပါတယ်။ပျို့အန်ချင်တာမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အကြားအာရုံဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်၊မျိုးဆက်ပွားစနစ်ကိုကောင်းမွန်စေပြီး၊ကိုယ်ခံစွမ်းအားကောင်းစေပါတယ်။ဒီလိုကောင်းမွန်မှုတွေနဲ့ပြည့်စုံ၊အစာအဟာရလည်းဖြစ်တဲ့ ပိန်းဥကို နှစ်သက်ရာပုံစံအမျိုးမျိုးနဲ့စားသုံးကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ဖိုးဝဇီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.