Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၁၅

ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာမှ ယဉ်မောင်း (၄) ရာထူး အတွက် ဘွဲ့တစ်ခုခု (သို့) AGTI .MP/MT/EP/EC (အင်ဂျင်နီယာ ဘွဲ့များ) ရရှိ ရမည်ဟု အလုပ်ခေါ်စာ၌ ဖော်ပြ ထားသည့် အတွက် အင်ဂျီနီယာ ဘွဲ့ရများအား နှိမ့်ချသည့် သဘော သက်ရောက်သဖြင့် ၎င်းကို ဂျီတီအိုင် ကျောင်းသားဟောင်းများ အဖွဲ့က ကန့်ကွက်လိုက်သည်။

“ကျွန်တော်တို့ အင်ဂျင်နီယာတွေကိုလည်း နှိမ့်ချတဲ့သဘော သက်ရောက် နေတဲ့အတွက် ကန့်ကွက်ခြင်း ဖြစ်ပါတယ်၊ အွန်လိုင်း မှာလည်း ဒီအလုပ်ခေါ်စာနဲ့ ပက်သက်ပြီးတော့ အင်ဂျီနီယာ တွေက ပြောဆို ဝေဖန် တာတွေ ရှိတယ်” ဟု ဂျီတီအိုင် ကျောင်းသားဟောင်းများ အဖွဲ့၏ ရုံးအဖွဲ့မှူး ဦးအောင်မင်းက ပြောသည်။

အဆိုပါ အလုပ်ခေါ်စာအား ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ယခုလ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ယင်းခေါ်စာနှင့် ပတ်သက်၍ ဝန်ကြီးဌာနက အမြန်ဆုံး ပြန်လည် ရှင်းလင်း ဖော်ပြ ပေးပါ ရန်လည်း နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ထုတ်ပြန် ထားသည့် ဂျီတီအိုင် ကျောင်းသားဟောင်း များ၏ ကန့်ကွက် ကြေငြာချက်၌ ဖော်ပြ ထားသည်။

အင်ဂျင်နီယာ ဆိုင်ရာ ဘာသာရပ်များအား သင်ယူ ခဲ့ကြသည့် GTI ကျောင်းဆင်း များသည်၊ Engineer Technician များ ဖြစ်ကြကာ ယဉ်မောင်းရန် ပညာ သင်ကြား ထားခြင်း မဟုတ်ပါ၍ GTI ကျောင်းဆင်း များအား ထိုသို့ ခေါ်ယူ သည်မှ မသင့်တော်သော လုပ်ရပ် ဖြစ်ကြောင်း ကန့်ကွက် ကြေငြာချက်၌ ဖော်ပြ ထားသည်။

“အစိုးရက တစ်ခါတည်း စက်ပိုင်းပါ နားလည် အောင်လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ နည်းနဲ့ ခေါ်တဲ့ သဘောလားတော့ မသိဘူး။ အင်ဂျင်နီယာကို ယာဉ်မောင်း ခေါ်ရင်တော့ အင်ဂျင်နီယာ တစ်ယောက်ရဲ့ ရပိုင်ခွင့်တော့ ပေးသင့် ပါတယ်” ဟု အင်ဂျင်နီယာ တစ်ဦးဖြစ်သူ နန်းခင်ယုနှင်းက ၎င်း၏ ထင်မြင်ချက်အား ပြောသည်။

ထိုသို့ ကန့်ကွက် တောာင်းဆို ထားမှုနှင့် ပက်သက်၍ အစိုးရ၏ တုန့်ပြန်မှုကို စောင့်ကြည့်သွားကာ တုန့်ပြန်မှု အခြေအနေပေါ် မူတည်၍ အင်ဂျင်နီယာ ကျောင်းသားဟောင်းများ အဖွဲ့မှ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

ဖော်ပြပါ ကိစ္စနှင့် ပတ်သက်၍ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာသို့ တုံ့ပြန် ပြောကြား ပေးနိုင်ရန် အတွက် ဆက်သွယ်ရန် ကြိုးစား ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

Written by ဆုမင်းကို

Advertisements
<

Leave a Reply