စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း
NLD အစိုးရသစ် တတ်လာပြီးနောက် မြန်မာ့ စီးပွားရေး အခြေအနေများ၊ စီးပွားရေး မူဝါဒ ၁၂ ရပ်၏ အားသားချက် အားနည်ချက်းအပါအဝင် စီးပွားရေး ဖွံ့ဖြိုး တိုးတတ်ရေးအတွက် ပြုပြင် ပြောင်းလဲသင့်သော ကိစ္စရပ်များ၊ စိန်ခေါ်မှုများ၊ စီးပွားရေး လုပ်ငန်းရှင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ဖြေရှင်းသွားရန် လိုအပ်သော အကြောင်းအရာများကို စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် တွေ့ဆုံ မေးမြန်မှုများကို ဟင်္သာမီဒီယာက ဖော်ပြလိုက်ပါသည်။
ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် တွေ့ဆုံပြီး ဟင်္သာမီဒီယာက မေးမြန်းတင်ဆက်လိုက်ပါသည်။
ဟင်္သာမီဒီယာ။    ။ ပထမအနေနဲ့ ငြိမ်းချမ်းလုပ်ငန်းအတွက် စီးပွားရေးလုပ်ငန်းများအကြောင်း ဟောပွဲပြောလေး လုပ်ဖြစ်တဲ့အကြောင်းလေးကို ပြောပြပေးပါဦး။
ဒေါက်တာအောင်ထွန်းသက်။    ။ ဆရာတို့ မွန်ပြည်နယ်မှာ လုပ်တဲ့အကြောင်းအရင်းက စီးပွားရေးလုပ်ငန်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းမှာ ဘယ်ပုံဘယ်နည်း ပါဝင်ရမယ့်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ လုပ်ဖြစ်တာပါ၊ ဒီပွဲလေး လုပ်ဖြစ်တာက လွန်ခဲ့တဲ့ နှစ်လကျော်က နိုင်ငံတော် အတိုင်ပင်ခံက ဟောပြောပွဲလေး တစ်ခုမှာ သူက မေးခွန်းတစ်ခုမေးခဲ့တယ်၊ သူမေးခွန်းလေး အင်မတန်မှ လွယ်ကူတယ်လို့ ထင်ရပေးမယ့် အင်မတန်မှ လေးနက်တဲ့ အဖြေပေးရမှာ ဖြစ်တယ်၊
သူမေးခွန်းလေးက ရိုးရိုးလေးပါပဲ၊ ဆရာတို့ အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံတော် အစိုးရသစ်တတ်တဲ့ အချိန်က စပြီး သူတို့ရဲ့ ဦးစားပေးမှုဟာ အထူးသဖြင့် ငြိမ်းချမ်းရေး ရဖို့ဖြစ်တယ်၊ တတ်လာတဲ့ အစိုးရဟာ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့ အစိုးရဖြစ်တယ်၊ ဒီလိုဆောင်ရွက်ရင်း ၂၁ ရာစု ပင်လုံ ညီလာခံတစ်ရပ် ဖြစ်လာတယ်၊ ဒါပေမယ့် လုပ်တော့ လုပ်ဖြစ်သွားတဲ့အခါမှာ ဆရာတို့အနေနဲ့ သတိထားမိတာက လုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေမှာ နိုင်ငံတော် အစိုးရရယ်၊ တပ်မတော်ရယ်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရယ်၊ အရပ်ဘက် လူအဖွဲ့အစည်းတွေ ပါခဲ့တယ်၊ ဒီမှာ ဆရာ ထင်တာက ကွက်လပ် တစ်ခု ကျန်ခဲ့တယ်။
ဒီကွက်လပ်က စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်၊ နိုင်ငံတော် အတိုင်ပင်ခံ မေးတဲ့ မေးခွန်းက ငြိမ်းချမ်းရေးအတွက် စီးပွားရေး လုပ်ငန်းရှင်တွေက ဘယ်လို လုပ်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းဖြစ်တယ်၊ ဒီမေးခွန်း မေးလိုက်တဲ့ အတွက် သူရဲ့ မေးခွန်းကို ဖြေနိုင်ဖို့ ဆရာတို့က Business for peace ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် စီးပွားရေး လုပ်ငန်းများရဲ့ တာဝန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတို့ စက်မှုလက်မှု ကုန်သည်ကြီးများ အသင်းနဲ့ တိုင်ပင်ပြီးတော့ ဆရာတို့ လုပ်တာဖြစ်တယ်၊
ရည်ရွယ်ချက်ကတော့ နှစ်ခုပါ၊ တစ်ခုကတော့ Business for peace ငြိမ်းချမ်းရေး လုပ်ငန်းများအတွက် စီးပွားရေး လုပ်ငန်းရှင်တွေက ဘယ်ပုံဘယ်နည်း ပါဝင်ရမလဲဆိုတာ တင်ပြဖို့ ဖြစ်တယ်၊ အဲလို တင်ပြတဲ့ နေရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဘယ်လို ပါဝင်ရမလဲဆိုတာ စီးပွားရေး လုပ်ငန်းရှင်တွေက တာဝန်ကျေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ဖို့ လိုတယ်။
အဲတော့ တာဝန်ကျေတဲ့ စီးပွားရေးလုပ်ငန်းရှင်က ဘာလဲလို့မေးရင် တစ်ချိန်တုန်း ကဆရာတို့ကလွယ်လွယ်ကူကူပဲ စီးပွားရေး လုပ်ငန်းရှင်ဟာ တာဝန် ဘာရှိလဲဆိုရင် အမြတ်ရဖို့ တာဝန်ရှိတယ်၊ အခုခေတ်မှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ပတ်ဝန်းကျင်ကို စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်၊ ပြီးတော့ လူတွေကို စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်၊ အခုဆို စီးပွားရေး လုပ်ငန်းရှင်တွေဟာ တာဝန်ကျေဖို့အတွက် လေး ရပ်လိုတယ်။
လေး ရပ်ထဲမှာ နံပါတ်တစ်က လူအခွင့်အရေးကို ကာကွယ် စောင့်ရှောက် ရမယ်၊ နံပါတ် နှစ်က နိုင်ငံတကာက သတ်မှတ်ထားတဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဝန်ထမ်းရေးရာနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း ဥပဒေဘောင်အတွင်းက စီးပွားရေး လုပ်ငန်းရှင်တွေက လုပ်ရမှာ ဖြစ်တယ်၊ အခုဆို ဆရာတို့ နိုင်ငံမှာ အနည်းဆုံး လုပ်ခ လစာ သတ်မှတ်ထားတယ်၊ အခုဆို ဆရာတို့ နိုင်ငံမှာ အလုပ်သမား အစည်းအရုံးတွေ ဖွဲ့စည်းခွင့်ပေးထားတယ်၊ လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတော် သတ်မှတ်ထားတဲ့ တည်ဆဲ ဥပဒေတွေကို ဆောင်ရွက်ရမယ်။
နံပါတ် သုံးက ပတ်ဝန်းကျင် ဖြစ်တယ်၊ ဆရာတို့ နိုင်ငံမှာ စီးပွားရေး လုပ်ငန်းရှင်တွေ တာဝန်မကျေခဲ့တာ နှစ်ပေါင်း ကြာခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေဟာ ပတ်ဝန်ကျင်းကို လှည့်မကြည့်ဘူး၊ သစ်ပင် သစ်တောတွေ သယံဇာတ ပစ္စည်းတွေ အားလုံးတို့ကို စည်းကမ်းမဲ့ လုပ်ခဲ့တဲ့ အတွက် နိုင်ငံတော်က တော်တော်လေး နစ်နာတယ်၊ ဆရာတို့က နံပါတ် သုံး အနေနဲ့ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းတဲ့ ကတိ တစ်ခုကို လုပ်ရမယ်၊ နောက်ဆုံး နံပါတ် လေးက စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ အဂတိ လိုက်စားမှုကို လုံးဝ အားမပေးတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ရမယ်ဆိုတဲ့ ကတိကဝတ် လေးရပ်နဲ့ ဆောင်ရွက်တာ ဖြစ်တယ်။
ကတိကဝတ်နဲ့ မကဘူး၊ ဒေသဆိုင်ရာ လုပ်ငန်းရှင်တွေဟာ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်းတီပေးမယ်၊ ဥပမာ လမ်းတွေ ဖောက်ပေးမယ်၊ လျှပ်စစ်ဓာတ်အားတွေ ဖြန့်ဝေပေးမယ်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးမယ်၊ ဆရာတို့အနေနဲ့ သူတို့ လုပ်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို ထောက်ပြပေးမယ်၊ နောက်ပြီး လုပ်ငန်းရှင်တွေကို အကူအညီ တောင်းတဲ့ အနေနဲ့ ဒီနေရာတော့ လုပ်ပေးပါ၊ ဒီနေရာမှာ ဆရာ နားလည်းတာတော့ လုပ်ငန်းရှင်တွေဟာ မလုပ်ချင်စိတ်မရှိတာ မဟုတ်ဘူး၊ လုပ်ဖို့ လိုတာ မသိလို့ဖြစ်တယ်၊ ဆရာတို့က သူတို့တွေက သိအောင် လုပ်ရမှာ ဖြစ်တယ်။
တကယ်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒေသခံတွေရဲ့ အမြင်တွေ လိုတယ်၊ ဗဟိုက ချမှတ်တာက တစ်ပိုင်းဖြစ်တယ်၊ ဒေသဆိုင်ရာ လိုအပ်ချက်တွေအတွက် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေက သူပုံစံ သူလိုအပ်ချက်တွေနဲ့ အယူအဆတွေ အတွေးအခေါ်တွေကို တိုက်တွန်းလိုတဲ့ အနေအထား ရှိတယ်။

ဟင်္သာမီဒီယာ။    ။ ဆရာ ပြောသွားတဲ့ အဲထဲမှာဆို စီးပွားရေး လုပ်ငန်းရှင်တွေက အချက် လေး ချက်ကို လိုက်နာဖို့လိုပေါ့၊ ဒါပေမယ့် ဒီနေရာမှာ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ စီးပွားရေး လုပ်ငန်းက ဘယ်လို ဆက်စက်မှုတွေ ရှိနေလဲ။
ဒေါက်တာအောင်ထွန်းသက်။    ။ ဒီမေးခွန်းက အင်မတန် အရေးကြီးပါတယ်၊ ဆရာတို့ စီးပွားရေ လုပ်ငန်းရှင်တွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပါလို့ ပြောလိုက်လို့ ရှိရင် ရုတ်တရပ် ထင်တာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါရမယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရယ်၊ နောက်ပြီး တစ်ခြား ကိစ္စ အဝဝမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်ရမယ်လို့ အမြင်ရှိတယ်၊ B for P က အဲအမြင်မှာ မဟုတ်ဘူး၊ တကယ်တော့ စီးပွားရေး လုပ်ငန်းရှင်တွေက သူလုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို တာဝန်ကျေကျေ လုပ်ချင်သည် ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေတယ်။
ဆရာတို့ နိုင်ငံမှာ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရခဲ့တဲ့ အခြေခံအကြောင်း လေး ရပ်ပဲ ရှိတယ်၊ နံပါတ် တစ်က လူအခွင့်အရေးကို မလေးစားခဲ့လို့ အာဏာ ရတဲ့သူတွေ လူအခွင့်အရေးကို လှည့်ကို မကြည့်ခဲ့လို့ ငြိမ်းချမ်းရေး မရပဲ အဓိရှည်ခဲ့တယ်၊ ဒီလိုပဲ ဝန်ထမ်းရေးရာနဲ့ လှည့်မကြည့်ခဲ့ဘူး၊ အဆိုးဆုံးက ပတ်ဝန်ကျင်းပဲ။
ဆရာတို့ နိုင်ငံမှာ သိတဲ့ အတိုင်းပဲ အပစ်အခိုက် ဒေသတွေကို ကြည့်လိုက်လို့ ရှိရင် သယံဇာတတွေ ထွက်တဲ့ ဒေသတွေ ဖြစ်တယ်၊ ကချင်ကြည့်ကြည့် ရှမ်းကြည့်ကြည့် ကရင် ကြည့်ကြည့် မွန်ကြည့်ကြည့် ဒီနေရာတွေ အားလုံးမှာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ လူအများအတွက် အသုံးမချပဲနဲ့ လူတစ်စု အကျိုးအတွက် လုပ်ခဲ့တာ သမိုင်း သာဓကတွေ ရှိခဲ့တယ်ဆိုတာ ငြင်းလို့ မရခဲ့ဘူး၊ အဲလိုဖြစ်ခဲ့တဲ့ အတွက် ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေခဲ့တယ်၊ ပြီးတော့မှာ နံပါတ် လေးက အဂတိလိုက်စားမှု ဖြစ်တယ်၊ အာဏာရှိတဲ့ သူနဲ့ ငွေရှိတဲ့ သူတွေ ပေါင်းပြီး စီးပွားရေး အခွင့်အရေးကို ယူလိုက်တော့ ပဋိပက္ခကို အဓိရှည်စေတယ်။
တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရေရှည်တည်မြဲမယ့် ငြိမ်းချမ်းရေး ရဖို့ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံးဟာ တာဝန်ကျေတဲ့ လုပ်ငန်းရှင်တွေ ဖြစ်ဖို့ လိုတယ်၊ အများထင်တာ B for P လုပ်တာဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်ရမယ့်လို့ ဦးတည်တာ မဟုတ်ဘူး၊ ဆရာတို့ ဦးတည်တာ ရိုးရိုးလေးပါ၊ ကိုယ်အလုပ် ကိုယ်လုပ်တဲ့ နေရာမှာ အများအတွက် ကြည့်ကြပါဖြစ်တယ်။

ဟင်္သာမီဒီယာ။    ။ နိုင်ငံတော် အတိုင်ပင်ခံကလည်း ပြေားထာဖူးတယ်၊ ငြိမ်းချမ်းရေးမရလို့ စီးပွားရေး မလုပ်နိုင်သေးဘူးလို့ ပြောထားတယ်၊ ဆရာအမြင်ကကော ငြိမ်းချမ်းရေး မရသေးလို့ စီးပွားရေး မလုပ်နိုင်သေးတာလား။
ဒေါက်တာ အောင်ထွန်းသက်။    ။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ အယူအဆကတော့ ဆရာတို့ နိုင်ငံ ငြိမ်းချမ်းရေး ရဖို့ လိုအပ်တယ်၊ ငြိမ်းချမ်းရေး ရရင် ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းတွေ တိုးတတ်မယ်လို့ အယူအဆတွေ ရှိတယ်၊ ဒီအယူအဆကို လက်ခံရမယ်၊ သို့သော်လည်း ဆရာတို့ရဲ နိုင်ငံရေး ဘောဂဗေဒအရ ငြိမ်းချမ်းရေး မရှိခဲ့လို့ ဆရာတို့ နိုင်ငံ မတိုးတတ်ခဲ့တာဖြစ်တယ်၊ ဆရာတို့ရဲ့ အိမ်နီးနာချင် နိုင်ငံတွေကြည့်လိုက်မယ်ဆိုရင် စင်ကာပူ၊ ဗီယက်နမ်တို့ဟာ စစ်ငြိမ်းတော့ သူတို့ နိုင်ငံတော်ဟာ အင်းအာကြီးတဲ့ နိုင်ငံတွေ ဖြစ်လာတယ်၊ ဒီလိုပဲ ကိုရီးယာစစ်ငြိမ်းသွားလို့ ကိုရီးယာနိုင်ငံဟာ တဟုန်းတိုး တိုးတတ်လာခဲ့တယ်၊ ဆရာတို့အနေနဲ့ တစ်ဘက်က စဉ်းစားကြည့်ရင် ငြိမ်းချမ်းရေး ရမှ ဖွံ့ဖြိုးတိုးတတ်တာ ဖြစ်သလို တစ်ဘက်ကလည်း စီးပွားရေးကို ဖွံ့ဖြိုးတိုးတတ်အောင် လုပ်ရင် ငြိမ်းချမ်းရေးကို ချုပ်ငြိမ်းသွားအောင် လုပ်နိုင်မယ်လို့ ဆရာတို့ လက်ခံရမှာပဲဖြစ်တယ်၊ ဒီကြောင့်မို့ နိုင်ငံတော် အတိုင်ပင်ခံကလည်း B for P ကို ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တယ်။
ငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးတိုးတတ်မယ်ဆိုတဲ့ အယူအဆ ရှိသလို ဖွံ့ဖြိုးတိုးတတ်လာရင်လည်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်လာမယ်၊ နိုင်ငံတော်က ငြိမ်းချမ်းရေးအရမှ စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မယ်လို့ အယူအဆ ရှိပေးမယ့်လည်း အဲအယူအဆကို ဆရာတို့ လက်ခံရမှာပဲ ဖြစ်တယ်။

ဟင်္သာမီဒီယာ။    ။ NLD အစိုးရ သစ်တတ်လာပြီးတော့ သုံးလလောက်မှာ စီးပွားရေး မူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ခဲ့တယ်၊ ဒီအပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေက အများကြီး ဝေဖန်တာတွေကို တွေ့နေရတယ်၊ အစိုးရရဲ့ စီးပွားရေး မူဝါဒကိုလည်း သုံးသပ်ပေးပါဦး။  
ဒေါက်တာအောင်ထွန်းသက်။    ။ နိုင်ငံ တစ်နိုင်ငံ စီးပွားရေး မူဝါဒက အစဉ်အမြဲရှိတယ်၊ စီးပွားရေး ပေါ်လစီမချခင် ကိုယ်နိုင်ငံက ဘယ်သွားချင်တာလဲဆိုတာ မြန်မာလို့ ခေါ်တော့ ရှုပါယုံပေါ့၊ နိုင်ငံတစ်နိုင်ငံဟာ နောက် အနှစ် ၃၀ မှာ ဘယ်လိုသွားမယ်ဆိုတဲ့ ရှုပါယုံ ရှိရမယ်၊ အဲဒီရှုပါယုံအပေါ်မှာ မူတည်ပြီး ပေါ်လစီ ချမှတ်ရမှာ ဖြစ်တယ်၊ တချို့တွေက ပြောနေကြတယ်၊ အစိုးရရဲ့ ပေါ်လစီက ယေဘုယျ သိပ်ဆန်တယ်၊ ဒါပေမယ့် ယေဘုယျ သိပ်ဆန်တယ်လို့ ပြောတဲ့ နေရာမှာ ပေါ်လစီ ချမှတ်ယူံလောက်ပဲ မဟုတ်ပဲနဲ့ ပေါ်လစီကို အကောင်အထည် ဖော်တဲ့ နေရာမှာ လုပ်ရမယ့် မဟာဗျူဟာတို့ နည်းဗျူဟာတို့ ပါဖို့ လိုတယ်။
ဆရာ စိတ်ထဲမှာတော့ ဒီနည်းဗျူဟာ တို့ မဟာဗျူဟာတို့ကို အများဆုံး ဆောင်ရွက်လိုတယ်လို့ ထင်တယ်၊ ဒီနေရာမှာ တစ်ခုက ဆရာတစ်ယောက်ထဲ အမြင်ကတော့ စီးပွားရေး တိုးတတ်ဖို့ဆို ပုဂ္ဂလိက ကဏ္ဍာကို ဆောင်ရွက်ဖို့ လိုတယ်၊ ပုဂ္ဂလိက ကဏ္ဍာကသာလျှင် နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတတ်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်၊ အစိုးရရဲ့ ကဏ္ဍာဟာ စီးပွားရေး လုပ်ချင်တဲ့ သူတွေ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် တရားဥပဒေ စိုးမိုးရေး၊ ဥပဒေ လိုက်နာဖို့ မက်လုံးတွေ ပေးဖို့ ၊ အခွင့်အရေးတွေ ပေးဖို့ ၊ အခွန်အခတွေ လျော့တာ ဒါတွေအားလုံးကို ဖန်တီးရမှာ ဖြစ်တယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် ဖန်တီးရမယ်၊ ပေါ်လစီက အရေးမကြီးဘူး၊ ပတ်ဝန်းကျင်က ပိုပြီး အရေးကြီးတယ်။
ဆရာကတော့ ပတ်ဝန်းကျင် ဖန်တီးဖို့ လိုတယ်လို့ မြင်တယ်၊ ပုဂ္ဂလိကဟာ အင်းအာပဲ၊ ပုဂ္ဂလိကဟာ စက်ပဲ၊ နိုင်ငံတော် အစိုးရဟာ ဘေးကနေ ကူညီတဲ့ ဖန်တီးပေးဖို့ ဖြစ်တယ်၊ ပုဂ္ဂလိက လုပ်နိုင်တဲ့ အလုပ်တွေကို နိုင်ငံတော် အစိုးရက တတ်နိုင်ရင် မလုပ်တာ ကောင်းတယ် နိုင်ငံတော် အစိုးရဟာ စီးပွားရေး လုပ်ဖို့ မဟုတ်ဘူး၊ နိုင်ငံတော်အစိုးရဟာ စီးပွားရေး လုပ်နိုင်တဲ့ သူတွေကို ဖန်တီးပေးဖို့ ဖြစ်တယ်၊ ဘာကြောင့်ဆိုတော့ စီးပွားရေး တိုးတတ်တာဟာ လူတစ်ဦးချင် တစ်ယောက်ချင်းရဲ့ စွန့်ဦးတည်ထွင်မှု၊ လုပ်ချင်ကိုင်ချင် စိတ်ရှိဖို့ ဈေးကွက်ကို သူကိုယ်တိုင် ဖန်းတီဖို့ ဖြစ်တယ်၊ ဒီအတွက်ဆို အပြင်ထွက်ပြီး ကြည့်ဖို့ လိုတယ်၊ နောက်ပြီး အားနည်းချက်ကို အာရုံမစိုက်ပဲ အားချက်တွေ ဖြစ်တဲ့ လုပ်ငန်းတွေကို အာရုံ စိုက်ဖို့ လိုတယ်။

ဟင်္သာမီဒီယာ။    ။ လက်ရှိမှာဆို မြန်မာနိုင်ငံရဲ့ ရင်နှီးမြှုပ်နှံမှု ဥပဒေသစ်အရ ပြည်နယ်တွေကိုလည်း တိုက်ရိုက် စီမံပိုင်ခွင့်ပေးထာတယ်၊ ဒါပေမယ့် ရင်နှီးမြှုုပ်နှံသူတွေ ဝင်ရောက်လာမှု နည်းနေတဲ့ အပေါ်မှာ ဆရာရဲ့ အမြင်လေးကို သုံးသပ်ပေးပါဦး။
ဒေါက်တာ အောင်ထွန်းသက်။    ။ ရင်နှီးမြှုပ်နှံမယ့်သူတွေကို လာပါလာလို့ ဖိတ်ခေါ်နေရမယ်၊ ပြီးတော့ မင်းတို့လာပါလို့ အပြင်ထွက်ခေါ်ရမယ်၊ ဆရာ ဥပမာ ပေးကြည့်မယ်၊ ရေကို ပုလင်းအဝ ကျဉ်းနဲ့ သွားခံနေရင် အဲဒီရေဟာ ဖိတ်မှာပဲ၊ ကတော့နဲ့ ခံမှရမယ်၊ ကြိုဆိုမှ ရမယ်၊ တို့ နိုင်ငံမှာ ရင်နှီးမြှုပ်နှံပါ ရင်နှီးမြှုပ်နှံရင် အာမခံပေးမယ်၊ မြေကြီးပိုင်ဆိုင်မှုတွေ ပေးမယ်၊ ဒါကလည်း ဥပဒေထဲမှာ ပါပါတယ်၊ ဆရာတို့က သူတို့ မလာလို့ ဒီတိုင်းနေလို့ မရဘူး။

ဟင်္သာမီဒီယာ။    ။ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ မွန်ပြည်နယ်ရဲ့ စီးပွားရေး အခြေအနေလေးကို ဆရာအနေနဲ့ သုံးသပ်ပေးပါဦး။
ဒေါက်တာ အောင်ထွန်းသက်။    ။ ဆရာတို့ မွန်ပြည်နယ်မှာ ရွာလွတ်ဆိုတဲ့ ဆေးတံ လုပ်ငန်း၊ ဒီဆေးတံ လုပ်ငန်းကို ဒီမှာသာ ရောင်းနေလို့ကတော့ ရေရှည်မှာ မဖြစ်နိုင်ဘူး၊ တွက်ခြေမကိုက်တော့ ဆေးတံ လုပ်မယ့် သစ်တွေကို နိုင်ငံခြား ပို့ရတယ်၊ နိုင်ငံခြားကိုပို့ရတော့ မြန်မာပြည်မှာ တန်ဖိုးရှိတဲ့ သစ်တွေက အပြင်ရောက်ကုန်တယ်၊ ဆရာတို့မှာသာ နည်းပညာ ကောင်းကောင်းရှိမယ်၊ နိုင်ငံတော် အစိုးရရဲ့ လုပ်ငန်း တာဝန်က လျှပ်စစ်ရအောင် လုပ်ပေးတာ ဖြစ်တယ်၊ အခု တံတားတွေ ထိုးပေးတာ၊ လမ်းတွေ ဖန်တီးပေးတာ ဖြစ်တယ်၊ ဈေးကွက်တွေကိုလည်း ဖန်တီးပေးရမှာ ဖြစ်တယ်၊ ပုဂ္ဂလိကတွေက အဲလို ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်ကို စွန့်စားဖို့ လိုတယ်၊ အဲဒါဆို ဆရာတို့ လိုချင်တဲ့ နိုင်ငံတော်အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍာဟာ ဖွံ့ဖြိုးတိုးတတ်မှု ရှိလာမှာ ဖြစ်တယ်။မွန်ပြည်နယ်ရဲ့ စီးပွားရေး အခြေအနေက ဝေးဝေး သမိုင်းကို မကြည့်ဘဲနဲ့ ကိုလိုနီခေတ် သမိုင်းကို ဖြတ်ပြီးကြည့်လိုက်ရင် ဆရာတို့ နိုင်ငံဟာ အင်္ဂလိပ် ကိုလိုနီနဲ့ သုံး ကြိမ်တိတိ စစ်ဖြစ်ခဲ့တယ်၊ ဒါတွေကို လူတွေက သိပ်မသိကြဘူး၊ လူတွေ သိတာက ၁၈၈၅ ခုနှစ်လောက်ပဲ သိကြတယ်၊ သီပေါပါတော်မူတယ်၊ ပထမ အင်္ဂလိပ်မြန်မာ စစ်ဟာ ၁၈၂၄ မှာ ဖြစ်တယ်၊ ဒုတိယစစ်ပွဲက ၁၈၅၂ မှာ ဖြစ်တယ်၊ ၁၈၂၄ မှာ ဖြစ်တဲ့ စစ်လည်းပြီးရော မြန်မာပြည်အောက်ဘက် အားလုံး အင်္ဂလိပ်လက်ထဲ ပါသွားတယ်၊ ပြီးတော့ ရခိုင်ပြည်နယ် ပါသွားတယ်၊ ဒုတိယစစ်ပွဲမှာ ရန်ကုန်ကနေ ပြည်အထိ အင်္ဂလိပ်ကိုလိုနီတွေ သိမ်းလိုက်တယ်။ဆရာတို့ သမိုင်းကို ပြန်လေ့လာဖို့ လိုတယ်၊ မြန်မာပြည် တစ်ပြည်လုံးခွဲကြည့်မှာမယ် ၁၈၂၄ မှာ အင်္ဂလိပ်လက်ထက် ရောက်သွားတဲ့ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်းနဲ့ ရခိုင်မှာ စီးပွားရေး ပွင့်လင်းလာခဲ့တယ်၊ မော်လမြိုင်မှာ ထူးခြားတဲ့ ဝိသေသ လက္ခာတွေက ပထဝီအနေအထားတွေ ဖြစ်တယ်၊ သံလွင်မြစ်ကြီးရှိတယ်၊ အင်မတန်ကိုမှ နာမည်ကြီးတဲ့ မုတ္တမ ပင်လယ်ကွေ့ကြီးရှိတယ်၊ ဒါတွေဟာ ကုန်သွယ်မှုအတွက် အထောက်အကူ ဖြစ်တယ်။ မွန်ပြည်နယ်ကို ဆရာကတော့ အားပေးချင်တာ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို အထောက်အကူ ဖြစ်စေတဲ့ နေရာ တစ်နေရာမှာ ပါဝင်တယ်၊ ဘာကြောင့်လဲဆိုတော့ ရေမြေသဘာဝတရားအရ ဖြစ်တယ်၊ မွန်မှာ ထွက်ရှိနေတဲ့ ရော်ဘာဟာ ကမ္ဘာဈေးကွက် ဝင်တယ်၊ နောက်ပြီး မွန်ပြည်နယ်ကို ကြည့်လိုက်လို့ ရှိရင် လူငယ်တွေ မရှိတော့ဘူး၊ အသက် ၃၀ အောက် လူငယ်တွေ မရှိတော့ဘူး၊ အဲဒါကို ဆရာတို့ စီးပွားရေးအယူအဆအရ ဦးနှောက်ယိုစီးမှုလို့ ခေါ်တယ်၊ ဒါပေမယ့် ဆရာကတော့ အားယူတာက ကိုယ်နိုင်ငံ ငြိမ်းချမ်းရေး ရလာပြီး၊ တိုးတတ်မှု ရလာပြီးဆိုရင် နိုင်ငံခြားမှာ လုပ်တဲ့ ကလေးတွေ ပြန်လာကြလိမ့်မယ်၊ ဒီလိုဆိုရင် ဦးနှောက်ယိုးစီးတာ မဟုတ်တော့ဘူး၊ နိုင်ငံမှာ လုပ်ခဲ့တဲ့ အတွေ့အကြံတွေက ကိုယ် နိုင်ငံမှာ ပြန်သုံးလို့ရတော့မယ်၊ ဆရာကတော့ မွန်ရော ကရင်ရောကို မျှော်လင့်ချက် အပြည့်နဲ့ပါ၊ နောက်ပြီး မွန်ပြည်နယ်ဟာ ထိုင်းနဲ့ နီးစပ်နေတယ်၊ ပင်လယ်နဲ့ ထိစပ်နေတယ်၊ နောက်ပြီး အိန္ဒိယနဲ့ တည့်တည့် ကြည့်လိုက်ဆိုရင် ချိတ်ဆက်နေတာ မွန်ပြည်နယ်ပဲ ဖြစ်တယ်၊ မွန်ပြည်နယ် ဖွံ့ဖြိုး တိုးတတ်ဖို့ဆို မွန်ပြည်နယ်မှာရှိတဲ့ လူငယ်တွေ အားယူရမယ်၊ အထူးသဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေ ဈေးကွက် ဖောက်ဖို့ လိုတယ်၊ ကမ္ဘာဈေးကွက်ကြီးတွေ ဖောက်ဖို့ လိုတယ်။နောက်ပြီး မွန်ပြည်နယ်မှာ လျှပ်စစ်ထုတ်လုပ်မှု များလို့ ရန်ကုန်ကိုတောင် အကူညီပေးနေရတယ်၊ ဒါကတော့ မွန်ပြည်နယ်ရဲ့ အားသာချက်တွေပေါ့၊ ဆရာတို့ကတော့ ဒေသတစ်ခုရဲ့ အားနည်းချက်တွေကို အာရုံမစိုက်ပဲနဲ့ အားသာချက်တွေကို အာရုံစိုက်ပြီးတော့ အခွင့်အရေး ရအောင် လုပ်ရင်တော့ ဆရာတို့ လိုချင်တဲ့ ဖွံ့ဖြိုးတိုးတတ်မှုတွေ ရလာမှာ ဖြစ်တယ်။

ဟင်္သာမီဒီယာ။    ။ ဆရာ နောက်ဆုံးအနေနဲ့ NLD အစိုးရသစ် လက်ထက်မှာတောင် စီးပွားရေး လုပ်ငန်း တစ်ခု လုပ်ရဖို့ဆို စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ များစွာ အခက်အခဲတွေ ကြုံနေရသေးတယ်၊ ဒီအပေါ်မှာ ဆရာရဲ့ သဘောထားလေးကို ပြောပြပေးပါဦး။
ဒေါက်တာ အောင်ထွန်းသက်။    ။ အဓိကကတော့ ဆရာတို့ စိတ်မပြင်နိုင်သေးဘူး၊ စနစ်ကြီးသာ ပြောင်းသွားပေးမယ့် အရင်ပုံစံနဲ့ လုပ်ချင်တဲ့ သူတွေက အများကြီးပဲ၊ ဒါတွေ ရှိနေတာတွေကို ဆရာတို့အနေနဲ့ ကျော်လွှားဖို့ လိုတယ်၊ အထူးသဖြင့် လုပ်ချင်ကိုင်ချင် စိတ်ရှိတဲ့ သူတွေကို စီးပွားရေး လုပ်ငန်းရှင်တွေ ညည်းနေမယ့်အစား လုပ်ဖို့ လိုတယ်၊ နောက်ပြီး အစိုးရအဖွဲ့အစည်းက လူတွေက တာဝန်ခံတဲ့ စိတ်ရှိဖို့ လိုတယ်၊ အခုဟာ တာဝန်ခံတဲ့ စိတ် အားနည်းနေတယ်၊ တာဝန်ရှိတဲ့ သူက တာဝန်သိဖို့ လိုတယ်၊ စေတနာနဲ့ လုပ်တာကို မှားတာကို လက်ခံနိုင်တဲ့ သူဖြစ်ဖို့ လိုတယ်၊ မှားတာကြောက်ရင်တော့ ဘာမှ မလုပ်တာကောင်းတယ်၊ စေတနာနဲ့ လုပ်တာမှားရင်တော့ မှားပစေ၊ အဲဒါဆိုရင် ဆရာတို့ နိုင်ငံ တိုးတတ်လာမယ်၊ အခုတော့ အားလုံးက မှားမှာကြောက်တော့ လုပ်ရကိုင်ရခက်တယ်။
Written by – ဇော်ထိုက်

Leave a Reply