Advertisements

ထားဝယ်၊ ဒီဇင်ဘာ ၁၂

နေအိမ်အတွင်းရှိ ပုရွက်ဆိတ်အိမ်ကို ဓာတ်ဆီလောင်၍ မီးရှိုးခဲ့ရာ အနီးရှိ ဓာတ်ဆီပုံးမှ တဆင့် နေအိမ်သို့ မီးကူးစပ် လောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့သည်။

ထိုဖြစ်ရပ်မှာ ထားဝယ်မြို့၊ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်ရှိ အိမ်အမှတ်(ဏ/ ၁၅၄ ) နေအိမ်တွင် ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

“ပုရွှက်ဆိတ်အိမ်ကို မီးရှို့နေတာ ဓာတ်ဆီပုံးနဲ့ နီးသွားလို့ မီးလောင်သွားတာ”ဟု ထိုအိမ်၌ အိမ်ဌားနေသူ ကိုမျိုးမင်းအောင်က ဆိုသည်။

ယင်းမီးလောင် ကျွမ်းမှုသည် နေအိမ် ခေါင်းမိုး အထိ မီးကူးစပ်ခဲ့ပြီး ဘေးနားဝန်ကျင်းရှိ ဒေသခံများ၏ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့သည့်အတွက် မီးငြိမ်းသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

နေအိမ် မီးလောင် ကျွမ်းမှုတွင် မည်သူမျှ ထိခိုက် ဒဏ်ရာ မရရှိခဲ့ကြောင်း ထားဝယ်မြို့မှ ဇမ္မူသီရိအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ထိုနေအိမ် မီးလောင် ကျွမ်းမှုကြောင့် အိမ်ဌားဖြစ်သူ ကိုမျိုးမင်းအောင်ကို ထားဝယ်မြို့မ ရဲစခန်းတွင် (ပ)၂၃၃၁/၂၀၁၇ မီးပေါ့ဆမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply