Advertisements

ပုသိမ်၊ အောက်တိုဘာ ၁၁ ရက်။

မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းပျော်ရွှင်စွာ အတူယှဉ်တွဲနေထိုင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို အောက်တိုဘာ ၁၀ ရက်၊ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တော် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဘာသာပေါင်းစုံဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေ သကြီးအတွင်းရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာခေါင်းဆောင်များ ပါဝင်ဆု တောင်းခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့အတွက် ဒါကိုအဓိကထားပြီး တစ်ဘာသာတည်းမဟုတ်၊ ဘာသာပေါင်းစုံဆု တောင်းပွဲ ကျင်းပပြုလုပ်ရတာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီကပြောသည်။

ဆုတောင်းပွဲကို ညနေ(၆)နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာခေါင်းဆောင်များက ငြိမ်းချမ်းရေးဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။

“ငြိမ်းချမ်းရေးဆိုတာ ညှိညှိနှိုင်းနှိုင်းဆွေးနွေးမှရမှာပါ။ လက်နက်ကိုင်ဖြေရှင်းနေသရွေ့ ဘယ်တော့မှ ငြိမ်းချမ်း ရေးမရပါဘူး။ အခုလို ဘာသာပေါင်းစုံအတူတူလုပ်မယ့်အချိန်ကစပြီး ပွဲအစီအစဉ်တွေရော၊ နေရာတွေကအစ ညှိနှိုင်းပြီးလုပ်ဆောင်အောင်မြင်ခဲ့တယ်ဆိုတဲ့ ဆုတောင်းပွဲတစ်ခုကလည်း ငြိမ်းချမ်းရေးရဲ့အစိတ်အပိုင်းတစ်ခုကို ပုံဖော်နိုင်ခဲ့တယ်လို့ထင်မိပါတယ်။”ဟု ဆုတောင်းပွဲကိုတက်ရောက်ခဲ့သူ ပုသိမ်မြို့ခံ ဦးဇော်ဝင်းကပြောသည်။

မြန်မာနိုင်ငံအတွင်း လူမျိုး၊ ဘာသာမရွေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်သည့်အခြေအနေကို ကမ္ဘာအား ပြ သနိုင်ရန်ဖြစ်ပြီး ရန်ကုန်မြို့အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဘာသာပါင်းစုံဆု တောင်းပွဲများကျင်းပခဲ့ကြောင်း သိရသည်။

Advertisements
<

Leave a Reply