အမျိုးသား/အမျိုးသမီးဝတ်စုံချုပ်နည်းအမျိုးမျိုးအားသင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၁)လကြာမြင့်၍ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပါသည်။

ပေါင် ဒီဇင်ဘာလ ၄

မွန်ပြည်နယ်၊ သထုံခရိုင် ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလန်းနှင့်မိသားစုဝင်ငွေ တိုးတက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဘန့်ဘွေးကုန်းကျေးရွာတွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာဝင်း၊ သထုံခရိုင်ဦးစီးမှူး ဦးမိုးဝင်း၊ ပေါင်မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ
တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး သင်တန်းသူများအားသင်တန်းဆင်း လက်မှတ်နှင့် ထူးချွန်
သင်တန်း သူများအား ဆုများ ပေးအပ်ခဲ့သည်။

အမျိုးသား/အမျိုးသမီးဝတ်စုံချုပ်နည်းအမျိုးမျိုးအားသင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၁)လကြာမြင့်၍ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပါသည်။

Leave a Reply