(ဓါတ်ပုံ အညွှန်း – ပေါင်မြို့နယ်တွင် အမည်မသိလူတစ်ဦး ရထားကြိတ်သေဆုံးနေသည်ကို မြင်တွေ့ရစဉ်)

မော်လမြိုင်၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ အမှတ် (၈) ရပ်ကွက်ရှိ ကတွန်ဘူတာရုံတောင်ဘက်၌ ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီက ရထားသံလမ်းပေါ်တွင် အမျိုးသားတစ်ဦးသည် ရထားကြိတ်ခံရ၍ သေဆုံးနေကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – ပေါင်မြို့နယ်တွင် အမည်မသိလူတစ်ဦး ရထားကြိတ်သေဆုံးနေသည်ကို မြင်တွေ့ရစဉ်)
(ဓါတ်ပုံ အညွှန်း – ပေါင်မြို့နယ်တွင် အမည်မသိလူတစ်ဦး ရထားကြိတ်သေဆုံးနေသည်ကို မြင်တွေ့ရစဉ်)

သေဆုံးနေသူ အမျိုးသားသည် ရထားသံလမ်းနှစ်ခုကြားရှိ ဇလီဖားတုံးပေါ်တွင် ဦးခေါင်းခွံ ကြေမွနေခြင်း၊ မျက်လုံး ကျွတ်ထွက်နေခြင်း၊ ရင်ဘတ်တွင် ပွန်းပဲ့ ညိုမဲနေခြင်း၊ ဘယ်ဒူးနှင့် ခြေသလုံး စုတ်ပြဲနေခြင်း၊ ခြေမ ကြွေမွနေခြင်းအပြင် ညာခြေကျင်းဝတ် ပြတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ယင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

သေဆုံးနေသူ၏ အလောင်းကို မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာလာသည့် စက်ခေါင်းအမှတ် DF-1256 ရထားမောင်းနှင်လာသူ စက်ခေါင်းမောင်း ဦးသန်းအောင်က ကတွန်ဘူတာအရောက်တွင် တွေ့ရှိခဲ့သည်ဟု ယင်းရဲတပ်ဖွဲ့မှတ်တမ်းတွင် ဖော်ပြထားသည်။

ဇင်းကျိုက်ဘူတာ ရုံပိုင်ကြီး ဦးဝင်းနိုင်ပြောပြချက်အရ ဇန်နဝါရီ ၁၈ ရက် နံနက် ၄ နာရီခွဲအချိန်က ရန်ကုန်မှ မော်လမြိုင်သို့ စက်ခေါင်းမောင်း ဦးစိုင်းသက်နောင် မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1336 အထူးအမြန် လူစီးရထားဖြင့် တိုက်မိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူအမျိုးသား အလောင်းအား ပေါင်ပြည်သူဆေးရုံသို့ပို့ဆောင်ထားပြီး ၎င်းအမျိုးသား၏ အမည်၊ အသက်၊ နေရပ်လိပ်စာ အပြည်အစုံကို စုံစမ်းလျက်ရှိကြောင်း ယင်းရဲတပ်ဖွဲ့မှ ပြောသည်။

အမည်မသိ အမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ဓမ္မတာအတိုင်း မဟုတ်ဘဲ ရုတ်တရက် သေဆုံးခြင်းအပေါ် စုံစမ်းစစ်ဆေးနိုင်ရန် သေမှုသေခင်းအမှတ်စဉ် ၂ / ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply