မော်လမြိုင်၊ ဖေဖော်ဝါရီ ရ ။ ။ ရန်ကုန်- မော်လမြိုင် ကားလမ်းမရှိ ပေါင်မြို့နယ်၊ ကျုံကကျေးရွာ တွင် မော်တော်ကား မောင်းနှင်လာသူ က စက်ဘီးစီးလာ သူတစ်ဦးကို တိုက်မိ ၍ စက်ဘီးစီးသူ သေဆုံး ခဲ့ကြောင်း မုတ္တမနယ် မြေရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၆ ရက် နေ့လည် ၁ နာရီတွင် ဦးရန်အောင်စိုးမောင်းနှင်လာသော ပေါင်မြို့နယ်သဲကုန်း ကျေးရွာ နှင့် မော်လမြိုင် မြို့ကိုပြေးဆွဲနေသည့် ခရီးသည်တင်ဒိုင်နာယာဉ် သည် စက်ဘီးနင်လားသူ သန်းဝင်းလင်း ကို ဝင်တိုက် ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှသိရှိရသည်။

အဆိုပါ ခရီးသည်တင်ဒိုင်နာယာဉ်သည် ကုန်တင်ယာဉ်တစ်စီး ကို ကျော်တက်လာသော မော်တော်ဆိုင်ကယ် အား တိမ်းရှောင် စဉ် စက်ဘီးစီးလာ သူကိုဝင်တိုက် မိခဲ့ခြင်း ဖြစ်ကြောင်း မုတ္တမနယ်မြေရဲစခန်း ၏ ကနဦး စစ်ဆေးချက်များအရသိရှိရသည်။

ခရီးသည်တင် ဒိုင်နာယာဉ်သည် ဦးသန်းဝင်းလင်း၏ စက်ဘီးကို နောက်မှ နေ၍ ဝင်တိုက် ခဲ့ပြီး အရှိန် မထိန်းနိုင် ဘဲ လူပေါ်တက်ကြိတ်မိခြင်းကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း မုတ္တမမြို့နယ်ရဲစခန်း တာဝန်ရှိသူများ ကပြောဆိုသည်။

စက်ဘီးနင်လားသူ ဦးသန်းဝင်းလင်းသည် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအလယ်ပိုင်း တွင် နေထိုင်သူဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှသိရှိရသည်။

ဦးသန်းဝေလင်းသည် ဦးနှောက်ထွက် ဒဏ်ရာ၊ ရင်ဘတ်နှင့် ကျော ညှိမဲပွန်း ခြစ်ဒဏ်ရာ၊ ဘယ်ပေါင်ရင်း အတွင်း ဘက် အသားပဲ့ဒဏ်ရာ၊ တင်ပါးအရေးပြာစုတ်ပြဲဒဏ်ရာများနှင့် အခင်းပွားခဲ့သည့် ဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်းမောင်း ဦးရန်အောင်းစိုကို မုတ္တမနယ်မြေရဲစခန်းက ယာဉ် (ပ) ရ / ၁၆ ပြစ်မှုပုဒ်မ ၃၀၄-(က)အရအမှုဖွင့်အရေးယူူထားကြောင်း မုတ္တမနယ်မြေရဲစခန်းထံ မှ သိရသည်။

Leave a Reply