ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မွန်ပြည်နယ် ပေါင်မြို့နယ် ကြက်တူရွေး တောင်ကျေးရွာအရှေ့ဘက် မီတာ ၁၀၀ ခန့်အကွာ ဒုံသမိချောင်းအနီး၌ တရားမဝင် စုပုံထားသော ပိတောက်သစ်ခွဲသားများ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၂၈ တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကာလတန်ဖိုး ငွေကျပ်သိန်း ၃၅၀၀ ခန့်ရှိ ပိတောက်သစ်ခွဲသားဆိုဒ်စုံ တန် ၁၀၀ ခန့်ကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာန တာဝန်ရှိသူများက သတင်းအရ မေ ၂၈ ညနေပိုင်းတွင် သွားရောက်စစ်ဆေးခဲ့ရာ ယင်းသို့ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်း သစ်ပုံကြီးကို သထုံမြို့နယ် သစ်တောဦးစီးဌာနသို့ ဆက်လက် အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများကို တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက် စိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆိုသည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

<><><>

Leave a Reply