မော်လမြိုင် ၊

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာ တွင် သြဂုတ်လ ၉ ရက်နေ့ မနက် ၇ နာရီ အချိန် က မိုးသည်း ထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ကြောင့် ၁၇ ဦးသေဆုံးခဲ့ပြီး ၃၄ဦးဒဏ်ရာရခဲ့ကြောင်းကူညီကယ်ဆယ်ရေး လုပ်ကိုင်ဆောင်ရွက်နေသူများထံမှသိရှိရသည်။

မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်များပြိုကျကာ လမ်းများပိတ်ဆို့ နေပြီး သြဂုတ်လ ၉ ရက်နေ့ ည နေ ၅ နာရီ အချိန်ထိ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း ကနဦး သတင်းရရှိသည်။

ပေါင်မြို့၊ သဲဖြူကုန်းကျေးရွာ၊ မလတ်တောင် တောင်ခြေရှိ လူနေအိမ်များထံ မြေကြီးများ ပြိုကျပြီး အမျိုးသား ၉ ဦး ၊ အမျိုးသမီး ၈ ဦး ပေါင်း ၁၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦးရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့ က ယနေ့ညနေ ၄ နာရီ အထိ ကယ်ဆယ်ရေး နှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လူပေါင်း ၂၇ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်နယ် မီးသတ် တပ်ဖွဲ့ ထံ မှသိရှိရသည်။

လတ်တလော မွန်ပြည်နယ် တစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု မြေပြိုမှု အန္တရယ်များ နှင့် ရင်ဆိုင် နေရပြီး လူပေါင်းထောင်ချီ ကယ်ဆယ်ရေး စခန်းများ သို့ပြောင်းရွေ့ထားရသည်။


သတင်းဓာတ်ပုံ – ရွှေရိုး

Leave a Reply