Advertisements

ပြည်၊ အောက်တိုဘာ ၁၉ ရက်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းအချို့တွင် အရှိုချင်းစာပေသင်ကြားပေးလျှက်ရှိရာ ပုံနှိပ်စာအုပ်လုံ လောက်မှုမရှိသောကြောင့် သင်ကြားရာတွင်အခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သင်ကြားပေးနေသော ဆရာ၊ ဆရာမများထံမှ သိရှိရသည်။

ပြည်မြို့တွင် အောက်တိုဘာ ၁၈ ရက်ကပြုလုပ်သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးနှင့် အရှိုချင်းစာပေယဉ်ကျေးမှုကော်မတီများ၊ ဆရာ၊ ဆရာမများတွေ့ဆုံပွဲတွင် ထိုသို့ပြောဆိုခဲ့ကြ ခြင်းဖြစ်သည်။

“အဓိကအခက်အခဲကတော့ အရှိုချင်းစာပေသင်ကြားရေးပုံနှိပ်စာအုပ်မလောက်ဘူး။ ထပ်မံပုံနှိပ်ပေးတာမျိုးမရှိ တော့ ဆရာလက်ကိုင်နဲ့ပဲသင်ရတဲ့အတွက် အခက်တွေ့တယ်။ ဒါ့အပြင် ကျောင်းချိန်ပြင်ပကျမှ သင်ကြားပေးရ တာဖြစ်တဲ့အတွက် ချင်းတိုင်းရင်းသားကျောင်းသားအားလုံး ပါမလာဘူး။˝ဟု ပန်းတောင်းမြို့နယ်မှ အရှိုချင်းစာ ပေသင်ကြားပေးနေသည့်ဆရာ ဆလိုင်းမိုးဇော်ဝင်းကပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော တိုင်းရင်းသားများအတွက် တိုင်းရင်းသားရေးရာကဏ္ဍများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း(၂၀၀၀)ချထား ပေးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက ပြောသည်။

“လက်ရှိအခြေအနေမှာ အစိုးရက ကူညီတာတွေရှိပါတယ်။ ရလည်းရပါတယ်။ အောက်ခြေမှာ သင်ရိုးညွှန်းတမ်း မပြည့်စုံတာရှိတယ်။ နောက် တိုင်းရင်းသားတွေက ကျောင်းစာအပြင် တခြားတစ်ခုပါဆိုတော့ သင်ချင်စိတ်ဖြစ် လာအောင် စည်းရုံးမှုအားနည်းနေတယ်လို့စတဲ့ အခက်အခဲတွေရှိတယ်။”ဟု အရှိုချင်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဒုတိယဥက္ကဌ ဆလိုင်းအေးပိုင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း အရှိုချင်းတိုင်းရင်းသားများနေထိုင်ရာမြို့နယ်ပေါင်း(၈)မြို့နယ်ရှိ စာသင်ကျောင်း (၇၈)ကျောင်းတွင် ဆရာ၊ ဆရာမ(၁၄၇)ဦးက ကျောင်းသား၊ ကျောင်းသူပေါင်း(၃၂၁၇)ဦးအား အရှိုချင်း အမျိုးသားစာပေကို ကျောင်းချိန်ပြင်ပတွင် သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

Written by – MMK

Leave a Reply