Advertisements

ပဲခူး၊ အောက်တိုဘာ ၁၇ ရက်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ ဒီမိုကရေစီအရေး စဉ် ဆက်မပြတ်လှုပ်ရှားမှုအင်အားစု(MDCF)အဖွဲ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ(၁၅)ဦး၏ မပြီးပြတ်သေး သည့် လယ်ယာမြေမှုခင်းပြဿနာစာရွက်စာတမ်းများ တင်ပြခဲ့ကြောင်း သိရှိရသည်။

လယ်ယာမြေမှုခင်းပြဿနာများအား အထက်ဌာနအဆင့်ဆင့်သို့တင်ပြထားသော်လည်း တိုင်းဒေသကြီးအစိုးရ အနေဖြင့် မဆောင်ရွက်ပေးသောကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး အများစုမှာ သိမ်းဆည်းခံလယ်ယာမြေပြဿ နာများ၊ လယ်ယာမြေအား လန(၃၉)လုပ်ပိုင်ခွင့်မကျသေးဘဲ အခြားနည်းဖြင့်အသုံးချမှုများအပါအဝင် မဆောင် ရွက်ပေးသေးသည့် လုပ်ငန်းများအား အောက်တိုဘာ ၁၆ ရက်တွင်တင်ပြခဲ့ကြောင်း သိရသည်။

“လက်ရှိ ကျွန်တော်တင်ပြတဲ့ မြေယာပြဿနာတိုင်စာတွေကို ပြန်စိစစ်ပေးမယ်ပြောပါတယ်။ လယ်သမားအများ စုက တိုင်းဒေသကြီးအစိုးရကို ယခင်တိုင်ကြားထားပြီး ဘာမှမဆောင်ရွက်ပေးတဲ့အတွက် အထက်ဌာနအဆင့် ဆင့်ကို ထပ်မံတိုင်ကြားထားတာပါ။ ဝန်ကြီးက မြေယာပြဿနာအများစုက ယခင်အစိုးရကာလမှာ ဖြစ်ပွားခဲ့တာ ဖြစ်တဲ့အတွက် စိစစ်ပေးမယ်ဆိုတာလောက်ပဲ ပြောခဲ့ပါတယ်။ နိုင်ငံတော်အစိုးရမှာပဲ ဆုံးဖြတ်ခွင့်ရှိတယ်လို့ပြော တယ်။ ပြန်ရတာ၊ ပြန်မရတာကတော့ အာမမခံဘူးပြောပါတယ်။”ဟု ပဲခူးမြို့၊ ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု(MDCF)အဖွဲ့ခေါင်းဆောင် ကိုလင်းလင်းနိုင်က ပြောသည်။

ပဲခူးမြို့၊ ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု(MDCF)အဖွဲ့က ဦးဆောင်ကာ အောက်တိုဘာ ၁၀ ရက်က အင်အား(၂၀)ဦးကျော်ဖြင့် ပဲခူးမြို့အတွင်းလှည့်လည်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဂုဏ်သိက္ခာရှိစွာနုတ်ထွက်ရေး ကြွေးကြော်သံများဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲ အပြီးတွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့(၂)ဦးက ခေါ်ယူ တွေ့ဆုံကာ တိုင်းဒေသကြီးအစိုးရအနေဖြင့် မဆောင်ရွက်ပေးသည့် လုပ်ငန်းများအားတင်ပြရန် ညွှန်ကြားခဲ့သည့်အပေါ် လယ်ယာမြေမှုခင်းပြဿနာများ တင်ပြခဲ့ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply