ပဲခူးမြို့ ရွှေမော်ဓော ဘုရားတွင် တည်ဆောက်ထားသော မွန်ဓမ္မာရုံ ကို ထိန်းသိမ်းစောင့် ရှောက်ခွင့် ရရှိရေးအတွက် ဓမ္မာရုံစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ထံတောင်းဆိုထားကြောင်း ယင်းကော်မတီထံမှသိရသည်။
mon-dhhma

အဆိုပါ ဓမ္မာရုံ ကှို ၁၉၉၁ ခုတွင် မွန်တိုင်းရင်းသားများစုပေါင်းလှူဒါန်းငွေဖြင့် ဆောက်လုပ်ထား ခဲ့ သော်လည်း ဓမ္မာရုံ ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များကို ရွှေမော်ဓော ဘုရားဂေါပက အဖွဲ့က သာ လုပ်ပိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် အဆိုပါဓမ္မာရုံကိုဆောက်လုပ်လှူဒါန်းပြီးချိန်မှ စ၍ အစိုးရအဆက်ဆက် ထိန်းသိမ်းစောင့် ရှောက်ခွင့် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းမရရှိခဲ့ခြင်းကြောင့် ယခုအစိုးရသစ်လက်ထက်တွင် ထပ်မံတောင်းဆိုခြင်းဖြစ်ကြောင်း မွန်ဓမ္မာရုံ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး(၁) နိုင်ဗညားဉာဏ်ထွန်းက ရှင်းပြသည်။

လက်ရှိတွင် မွန်ဓမ္မာရုံမှာ ယိုယွင်းပျက်စီးမှုများလည်း ဖြစ်ပေါ်နေသောကြောင့် စက်တင်ဘာ ၁၁ ရက်နေ့က မွန်တိုင်းရင်းသားများပါဝင်သော ဓမ္မာရုံစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက် ရေးကော် မတီကို ဖွဲ့စည်းခဲ့သည်။

ယင်းနောက် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မွန်ဓမ္မာရုံ စီမံခန့်ခွဲရေး နှင့် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီတို့ တွေ့ဆုံပြီး ဓမ္မာရုံကို ထိန်းသိမ်း စောင့်ရှောက်ခွင့်ရရှိရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲ နှင့် ပတ်သက်ပြီး နိုင်ဗညားဉာဏ်ထွန်း က“ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆင်ပြေအောင်လုပ်ပေးပါမယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါ တယ်”ဟု ပြောကြားသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန များထံသို့လည်း မွန်ဓမ္မာရုံ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိရေး အတွက် စာပေးပို့တောင်းဆိုထားကြောင်း၎င်းကရှင်းပြသည်။

အဆိုပါ ဓမ္မာရုံကို မွန်တိုင်းရင်းသားများက လှူဒါန်းခြင်းဖြစ်သော်လည်း မွန်စာပေယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများနှင့် မွန်အမျိုးသားရေး အခမ်းအနားများ ပြုလုပ်ခြင်းအပေါ် ပိတ်ပင်တားဆီး ခံရခြင်းများ ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါဓမ္မာရုံ တည်ဆောက်ပြီးနောက် ပဲခူးတိုင်းငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌတိုင်းမှူး ဗိုလ်ချုပ်အေးသောင် လက်ထက် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရွှေမော်ဓော ဘုရားထံ သို့ မွန် တိုင်းရင်းသားများက ရေစက်ချလှူဒါန်းခဲ့ခြင်းဖြစ်သည်။

Leave a Reply