၃။ ပွဲတော်ရက်များတွင် နတ်သဘင်ညီလာခံ ကျင်းပခြင်း၊ ပုပ္ပါးမယ်တော် မယ်ဝဏကို ပင့်ဖိတ်ခြင်း၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး တောင်ပြုံးမင်းနှစ်ပါး၏ ချိုးရေတော်သုံးပွဲ၊ ထိန်ပင်ခုတ်ပွဲ၊ ယုန်ကင်ဆက်သပွဲ၊ လောင်းလှေလှော်ပွဲ၊ တောင်တော်သခင်မ မရွှေဥတို့ ယက်ကမ်းယက်ပွဲ၊ နန်းတွင်းစာတော်စာ ဆက်သပွဲများကိုလည်း ပြုလုပ်ကြသည်။

လူသားမျိုးနွယ်စု ဖြစ်တည်လာကတည်းက ယုံကြည်ကိုးကွယ်မှု ရိုးရာဓလေ့များလည်း စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အောက်တောင်ပြုံးပွဲတော်ကို သထုံမြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း များစွာကတည်းက ဝါခေါင်လဆန်း ၈ ရက် (သြဂုတ် ၁၁ ရက်) နေ့ရောက်တိုင်း အစဉ်အလာအရ ပြုလုပ်လာကြရာမှ ယနေ့တိုင်အောင် ရှင်သန်နေခဲ့ပါတယ်။

Leave a Reply