အမေရိကန်ပြည်ထောင်စုရဲ့ နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ အပြင်ဘက် အခြားနိုင်ငံတွေက တစ်နှစ်အတွင်းရရှိခဲ့တဲ့ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံအတွက် အခွန် ၃၈ဘီလီယံကို ပေးဆောင်ရတော့မှာပဲဖြစ်ပါတယ်။

ဒီအခွန်ပေးငွေပမာဏဟာ Apple ကုမ္ပဏီသက်တမ်းတစ်လျှောက် ပေးဆောင်ရတဲ့ ပမာတွေအထဲမှာ အများဆုံးဖြစ်လာမှာဖြစ်ပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အခွန်ဥပဒေအသစ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အခွန်ငွေပမာဏဟာ အမေရိကန်နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းတွေ အသီးသီးပေးဆောင်ရတဲ့ ပမာဏထဲ သုံးလေးဆထက်မနည်းများပြားနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥပဒေအသစ်အရ နိုင်ငံရပ်ခြားက ရရှိခဲ့တဲ့ ဝင်ငွေအပေါ်မှာ ပေးဆောင်ရမဲ့ အခွန်ကို ကုမ္ပဏီတွေဘက်က တစ်ခါတည်း အပြတ်ပေးသွင်း ရမယ် လို့ လည်း Apple ကုမ္ပဏီဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Apple ထုတ်ကုန်တွေဟာ နိုင်ငံရပ်ခြားတွေမှာ ရင်းနှီးမြှုပ်နှံမှုကို အဓိကထားလုပ်ဆောင်ခဲ့တာကြောင့် အခွန် ငွေပမာဏလည်း သိသိသာသာ မြင့်တက်လာရခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ရှင်းပါတယ်။

ယခင်က အမြတ်ငွေစုစုပေါင်းရဲ့ ၁၅ရာခိုင်နှုန်းကိုသာအခွန်ငွေပေးဆောင်ရတာဖြစ်ပြီးတော့ ယခုလက်ရှိမှာ တော့ ဝင်ငွေရဲ့ ၂၁ရာခိုင်နှုန်းကနေ ၃၅ရာခိုင်းနှုန်းအထိ ပေးဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။

“အခွန်ငွေတွေ တိုးပေးရတဲ့ဆိုတဲ့အဖြစ်အပျက်ဟာ ကျွန်တော်တို့ လုပ်ငန်းရဲ့ အောင်မြင်မှု အတိုင်းအတာကို ပြသနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို အများအပြားအထောက်အပံ့ပေးနိုင်ခဲ့လို့ အလွန်ဝမ်းသာပါတယ်” ဟု Apple ကုမ္ပဏီရဲ့အမှုဆောင်ဒါရိုက်တာဖြစ်သူ တင်ကွတ် (Tim Cook) ကပြောပါတယ်။

ကုမ္ပဏီရဲ့ အောင်မြင်မှုတွေကတစ်ဆင့် အမေရိကန်ပြည်ထောင်စုကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ အလုပ်အကိုင် အခွင့်အလန်းဆိုင်ရာ ထောက်ပံ့ဆောင်ရွက်မှုတွေကိုလည်း ပေးနိုင်တော့မှာဖြစ်ကြောင်း၊ Apple အနေနဲ့ အမေရိကန် ပြည်တွင်းမှာ ကုမ္ပဏီဝင်း တစ်ခု တည်ဆောက်ဖို့ ပြင်ဆင် နေပြီး၊ အလုပ်အကိုင်သစ် နေရာ ၂ သောင်းကျော် ဖန်တီးပေးဖို့ ရည်မှန်းထားကြောင်း တင်ကပြောပါတယ်။

“အကျိုးအမြတ်တွေကနေတစ်ဆင့် အမေရိကန်ပြည်သူတွေကို အခွင့်အလန်းတွေ အများကြီးသယ်ဆောင်ပေး နိုင်ခဲ့ပါပြီ” လို့ တင်က မီဒီယာများရဲ့မေးမြန်းချက်ကို ပြောကြားခဲ့ပါတယ်။

ပြည်ပအမြတ်ငွေအပေါ်မှာ အခွန်ငွေပိုမိုပေးရတာကြောင့် ပြည်တွင်းကို ရင်းနှီးမြှုပ်နှံမှုများ ပိုမို လုပ်ကိုင်သွားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ တင်ကဖြည့်စွက်ပြောကြားပါတယ်။

Apple ကုမ္ပဏီဟာ သူရဲ့ ပထမရုံးချုပ်ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြို့မှာ တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ငါးသန်းကုန်ကျခဲ့ပါတယ်။ ယခုတစ်ကြိမ် ဆောက်လုပ်မဲ့ ရုံးခွဲကတော့ Apple ရဲ့ ဒုတိယမြောက် အကြီးဆုံး ပြည်တွင်းရုံးခွဲဖြစ်လာတော့လာမှာပဲ ဖြစ်ပါတယ်။

 

Leave a Reply