Advertisements

ပါရီ မတ် ၂၇

ပြင်သစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဝါရောင် ရောင်ပြန် အင်္ကျ ီဝတ် ဆန္ဒပြမှုများနှင့် ဆက်စပ်ဆုံးရှုံးခဲ့ရသည့် တန်ဖိုးမှာ ယူရိုငွေသန်း ၂၀ဝ (အမေရိကန်ဒေါ်လာ ၂၂၅ သန်း)ရှိကြောင်း ပြင်သစ်အာမခံကုမ္ပဏီများက ပြော ကြားသည်။

ယင်းဆန္ဒပြမှုများကြောင့် ပြင်သစ်နိုင်ငံ၏ခရီးသွား လုပ်ငန်းပေါ်၌ သက်ရောက်မှုရှိကြောင်း ပြင်သစ်အစိုးရက ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် ယမန်နှစ်ဒီဇင်ဘာလအတွင်းက ညအိပ်လည်ပတ် သည့် က္ဘာလှည့်ခရီးသွားဦးရေသည် ၂၀၁၇ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြင်သစ်အစိုးရက ပြောကြားသည်။

ပြင်သစ်သမ္မတ အီမင်နျူရယ်မာခရွန်၏ အစိုးရအား ဆန့်ကျင်သည့်ဆန္ဒပြမှုများကို အဝါရောင် ရောင်ပြန် အင်္က ီျဝတ်သူများက ယမန်နှစ် နိုဝင်ဘာလကတည်းက အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ခဲ့ကြသည်။

ယခုနှစ် မတ် ၁၆ ရက်အထိ အဝါရောင် ရောင်ပြန် အကျႌဝတ် ဆန္ဒပြမှု ၁၈ ကြိမ်အထိ ပျက်စီးဆုံးရှုံးမှုတန်ဖိုး များကို ပြင်သစ်အာမခံလုပ်ငန်းအဖွဲ့ချုပ်က ခန့်မှန်း ကြေညာခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြမှုများကြောင့် ဈေးဆိုင်များအား အတင်း အကျပ်ပိတ်သိမ်းမှုများ ပြုလုပ်ခံရခြင်းအတွက် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁၉၇ သန်းအထိ မြင့်တက်ခဲ့ပြီး အဆောက်အအုံများနှင့်မော်တော်ယာဉ်များ ပျက်စီး ဆုံးရှုံးရမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈ သန်းနီးပါးရှိ ကြောင်း ယင်းကြေညာချက်၌ ဖော်ပြသည်။

အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ဆန္ဒပြမှုများကို တားဆီးရန် ပြင်သစ်အစိုးရက စီစဉ်လျက် ရှိသည်။

NHK

Advertisements
<

Leave a Reply