Advertisements

 

ပဲရစ် ဖေဖော်ဝါရီ ၆

အမေရိကန်နိုင်ငံအခြေစိုက် Apple ကုမ္ပဏီဟာ ပြင်သစ်အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ အခွန်ငွေ ကျန်စာရင်းအတိုင်း ပေးဆောင်သွားမယ်လို့ ဇန်နဝါရီ ၅ရက်နေ့က သဘောတူလိုက် ပါတယ်။

Advertisements
data-language="en"

Apple ကုမ္ပဏီဟာ ပြင်သစ်အစိုးရကို ယခင်ရက်စွဲတွေနဲ့ အခွန်ငွေတွေကို ပေးဆောင်ဖို့ ဒီဇင်ဘာလကတည်းက ပြင်သစ်အစိုးရဘက်က သတ်မှတ်ထားတာပါ။ ပေးဆောင်ရမဲ့ အခွန်ငွေတွေဟာ ယူရိုဒေါ်လာ သန်းပေါင်းငါးသိန်းဖြစ်ပါတယ်။

ယခင်က ကုမ္ပဏီဘက်က အခွန်ငွေကို ယခင်ရက်စွဲတွေနဲ့ ပေးဖို့ ငြင်းဆိုထားခဲ့ပြီး အခွန်ငွေတွေက ပေးဆောင် ထားပြီးသားဖြစ်တယ်လို့ တုံ့ပြန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဇန်နဝါရီလ တတိယပတ်မှာတော့ ရှယ်ယာတွေတစ်ရှိန်ထိုး ဈေးပြန်တက်လာပြီး အခွန်ငွေပေးဆောင်မယ်လို့ ကုမ္ပဏီဘက်က ပြန်လည်သဘောတူခဲ့တာပါ။

ကုမ္ပဏီဘက်က အခွန်ပေးဆောင်မယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ဘယ်လောက်ပမာဏပေးဆောင်မယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

နည်းပညာကိုအသုံးပြုပြီး ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုအတွက် နိုင်ငံအသီးသီးက အစိုးရတွေကို လေးစားပြီး သူတို့ချမှတ်ထားတဲ့ ဥပဒေတွေကိုလည်း လိုက်နာဖို့ အသင့်ရှိတယ်လို့ Apple ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဆိုပါအခွန်ငွေတွေဟာ ပြင်သစ်အစိုးရအဖွဲ့ရဲ့ စာရင်းအင်းဌာနက စစ်ဆေးရေးဝင်ပြီးနောက် ပြန်လည်ထွက်ပေါ်လာတဲ့စာရင်းဖြစ်ပါတယ်။ အစိုးရဘက်က ကုမ္ပဏီပေးဆောင်ရမဲ့ ပမာဏနဲ့ ဘာလို့ ပေးဆောင်ရမယ်ဆိုတဲ့အချက်ကို စာရင်းနဲ့ အတိအကျ အများသိအောင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။

အခုလိုအခွန်ငွေတွေကို ပြန်လည်စစ်ဆေးပြီးလိုအပ်ချက်ရှိရင် ထပ်မံတောင်းယူတာက Apple ကုမ္ပဏီတစ်ခုထဲ ကို မဟုတ်ပါဘူး။ အခြား လျှပ်စစ်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ Sony, Sansaung နဲ့ Hawei တို့ကိုလည်း ပမာဏအသီးသီး တောင်းခံခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အစိုးရအဖွဲ့ဟာ အခွန်ငွေတွေကို ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ စံနှုန်းအတိုင်း ကမ္ဘာအနှံ့က ဒီဂျစ်တယ်ဆော့ဝဲလ်နဲ့ ပတ်သတ်တဲ့ ကုမ္ပဏီတွေကို အဓိကထားကောက်ယူခဲ့တာ ဖြစ်ပါတယ်။

CNA

Leave a Reply