ပြည်၊ အောက်တိုဘာ ၃ ရက်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်တွင် စက်တင်ဘာလအတွင်း အဓမ္မပြုကျင့်မှု(၄)မှုအပါအဝင် အမှု ကြီး(၆)မှုဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ပြည်ခရိုင်ရှိ ပြည်၊ ရွှေတောင်၊ ပေါင်းတည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ သဲကုန်းမြို့နယ်များတွင် စက်တင်ဘာလ အတွင်း အမှုကြီးများအဖြစ် အဓမ္မပြုကျင့်မှု(၄)ခု၊ လူသတ်မှု(၁)ခု၊ လုယက်မှု(၁)ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အရင်လထက် ဒီလမှာ မုဒိန်းမှုက ပိုတိုးလာတယ်။ ဖြစ်ပွားခဲ့တဲ့(၄)မှုမှာ သက်ငယ်မုဒိန်းမှုက(၂)မှုပါတယ်။ မုဒိန်းမှုဖြစ်ပွားခဲ့တဲ့မြို့နယ်တွေအနေနဲ့ကတော့ ပေါက်ခေါင်းမှာ(၃)မှုဖြစ်ပြီး ပြည်မှာ(၁)မှုဖြစ်ခဲ့တာပါ”ဟု ပြည် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

အမှုကြီးများအပြင် အဆိုပါလအတွင်း ခိုးမှု၊ နာကျင်စေမှု၊ နာကျင်(ယာဉ်တိုက်မှုကြောင့်ဖြစ်သည့် နာကျင်စေမှု) ၊ဆဲဆိုမှု အစရှိသည့်အခြားအမှု(၁၀)မျိုးမှာ အမှုပေါင်း(၁၂၆)မှုထိဖြစ်ပွားခဲ့ပြီး၊ ကြိုတင်ကာကွယ်မှုများဖြစ်သော လက်နက်ပုန်း၊ လောင်းကစား၊ ယစ်မျိုး၊ မူးယစ်ဆေး အစရှိသည့်အမှုများမှာ အမှုပေါင်း(၆၂၀)မှုအထိဖြစ်ပွားခဲ့ ကြောင်း သိရသည်။

သြဂုတ်လအတွင်း အမှုကြီးများအဖြစ် လူသတ်မှု(၂)မှု၊ တိရစ္ဆာန်ခိုးမှု(နွား) (၁)မှု၊ အဓမ္မပြုကျင့်မှု(၂)မှုဖြစ်ပွားခဲ့ ပြီး အဓမ္မပြုကျင့်မှု(၂)တွင် (၁)မှုမှာ သက်ငယ်မုဒိန်းမှုဖြစ်ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Written by – MMK

Leave a Reply