မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်တွင် ပြည်တွင်းကြက်သွန်ဈေးနှုန်းမြင့်နေသောကြောင့် တရုတ်ကြက်သွန်အဝင်များလာသည်ဟု ရွေနဒီပွဲရုံပိုင်ရှင် ဦးဉာဏ်စိုးက ပြောသည်၊၊

ပြည်တွင်းကြက်သွန်မှာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးပြီး အထွက်နည်းသည့်အတွက် ဈေးနှုန်းမြင့်တက်လာကာ တရုတ်ကြက်သွန်အဝင်များလာရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်၊၊

“အရင်ကတရုတ်ကြက်သွန်ကို လူတွေသိပ်မသုံးကြဘူး၊၊ အခုနောက်ပိုင်း တရုတ်ကြက်သွန်က အရည်အသွေးလည်းကောင်းတယ်၊ ဈေးလည်းနည်းတယ် ။အဲဒါကြောင့် လူတွေပိုသုံးလာကြတယ်”ဟု ၎င်းက ပြောသည်၊၊

ဒီဇင်ဘာ၂၆ ရက်နေ့တွင် ပြည်တွင်းကြက်သွန် အသစ်တစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ အဟောင်း အလတ် တစ်ပိဿာလျှင် ၂၉၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်အထိရှိပြီး တရုတ်ကြက်သွန်မှာ တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၇၅၀ ကျပ်အထိသာ ရှိကြောင်း ၎င်းထံမှ သိရသည်၊၊

“အရင်က ပြည်တွင်းကြက်သွန် ဈေးဘယ်လောက်တက်တက် ၊အဲဒါပဲဝယ်သုံးတယ်။ အခုတော့ တရုတ်ကြက်သွန်က အရည်အသွေးကောင်းလာတော့ တရုတ်ကြက်သွန်ပဲ ဝယ်သုံးဖြစ်တယ်”ဟု မော်လမြိုင်မြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်၊၊
အဆိုပါ တရုတ်ကြက်သွန်ကို ဟိုတယ်များ၊ လက်ဖက်ရည်ဆိုင်များ၊ မုန့်လုပ်ငန်းများ အစရှိသည်တို့၌ တွင်ကျယ်စွာ အသုံးပြုလာကြောင်း သိရသည်၊၊

Written by ဂေထော

 

 

Leave a Reply