( ဓါတ်ပုံ – အညွန်း – (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာလုံးပြိုင်ပွဲ မော်လမြိုင် ကမ်းနားလမ်းတွင် ကျင်းပခဲ့စဉ် )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၀ ။ ။ ၆၉နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ၁၅နှစ်အောက် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ကျင်းပပြုလုပ် လျက်ရှိ ကြောင်း မွန်ပြည်နယ် ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းအောင် က ဟင်္သာမီဒီယာ သို့ပြောကြားသည်။

အဆိုပါ ဘော်လုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ရ ရက်နေ့မှ ၁၂ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၎င်းကဆိုသည်။

ယင်း ဘောလုံးပြိုင်ပွဲကို ပြည်နယ် အစိုးရ ဦးဆောင်မှုဖြင့်အားကစားနှင့် ကာယပညာကော်မတီက စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

( ဓါတ်ပုံ – အညွန်း – (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာလုံးပြိုင်ပွဲ  မော်လမြိုင် ကမ်းနားလမ်းတွင် ကျင်းပခဲ့စဉ် )
( ဓါတ်ပုံ – အညွန်း – (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘာလုံးပြိုင်ပွဲ မော်လမြိုင် ကမ်းနားလမ်းတွင် ကျင်းပခဲ့စဉ် )

“လူငယ်တွေကျန်းမာပျော်ရွှင်ဖို့၊ စိတ်ဓာတ်ခိုင်မာဖို့၊ အားကစားဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်ထောင်စုနေ့ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ချစ်ခင်ရင်းနှီးဖို့ ရည်ရွယ်ပြီး ပြုလုပ်တဲ့ပွဲဖြစ်တယ်”ဟု ဦးကျော်မင်းအောင်က ပြောသည်။

အဆိုပါ ပြိုင်ပွဲကျင်းပရန် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀မြို့နယ်မှ ပြိုင်ပွဲဝင် အသင်း များကို ဖိတ်ခေါ်ခဲ့သော်လည်း အသင်း ၆သင်းသာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြောင်း ၎င်းကပြောသည်။

ဘော်လုံးပြိုင်ပွဲ တွင် ပထမဆုရ ရှိသော အသင်း ကို သုံးသိန်း၊ ဒုတိယဆု ရရှိ သောအသင်း ကို နှစ်သိန်းနှင့် တတိယဆု ရရှိသော အသင်း ကို တစ်သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါဆပ်ကော်မတီထံမှ သိရ သည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ် ၁၅နှစ်အောက် သဲသောင်ပြင်ဘောလုံးပြိုင် ကို မွန်ပြည်နယ်တွင် တတိယအကြိမ်မြောက် ကျင်းပပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply