Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၁

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့၌ မီနီ မာရသွန်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။

“ကမ်းနားလမ်း ရေပေါ်ဈေးက တာ စ လွှတ်မယ်၊ အဲဒီကနေ သိပ္ပံလမ်းတည့်တည့် ပြေးမယ်၊ ပြီးရင် အထက – ၁ ကနေ ပတ်ပြီး အထက်လမ်းမကြီးအတိုင်းကနေ မိုင်ဒါကွင်းထဲမှာ ပန်းဝင်မယ်”ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

ပြိုင်ပွဲတွင် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။

ပြိုင်ပွဲဝင် အားကစား အင်္ကျ ီ၊ဆုချီးမြှင့်ငွေ စသည်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပံ့ပိုးပေးပြီး ပြိုင်ပွဲကျင်းပစရိတ်ကို ပြည်နယ်အား/ကာဘတ်ဂျက်မှ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ဆုချီးမြှင့်မှုအနေဖြင့် ပထမဆု ကျပ် သုံးသိန်း၊ ဒုတိယဆုကို ကျပ် နှစ်သိန်း၊ တတိယဆု ကျပ် တစ်သိန်းအပြင် ဦးဆုံး ပန်းဝင်လာသူ ဦးရေ ၃၀ အထိ ရှေ့နောက် အစီအစဉ်အလိုက် ဆုကြေးအတန်းအစား အသီးသီး သတ်မှတ်ချီးမြှင့်ပေးရန်လည်း ရှိသည်။

“အဓိကကတော့ ပြည်သူတွေ အားကစားကို ပိုပြီး စိတ်ဝင်စားလာအောင်ပါ”ဟု ၎င်းကပြောသည်။

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မာရသွန်ပြိုင်ပွဲအပြင် ကာယဗလပြိုင်ပွဲကိုလည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လျှမ်းထက်

Leave a Reply