Advertisements

မော်လမြိုင် ၊ ဇူလိုင်

မွန်ပြည်နယ်မှထွက်ရှိသောဆားများ ပြည်နယ်တွင်းဓာတ်ခွဲနိုင်ရန်ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးနှင့်နည်းပညာများသင်ကြားပေးနိုင်ရေးအတွက် ၂၀၁၉ – ၂၀၂ဝတွင် ဘတ်ဂျက်ငွေတင်ပြထားကြောင်း ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုး ကပြောသည်။

“အိုင်အိုဒင်းအရည်အသွေးပြည့်မီခြင်းရှိမရှိဓာတ်ခွဲဖို့တော့ရတယ်သို့သော်လည်းပဲထွက်တဲ့ဆားတွေပေါ့၊ ဆားချောတွေဆားကြမ်းတွေ ဆိုဒီယမ်ကလိုရိုက်ပါဝင်နှုန်းကဘယ်လောက်ရှိလဲ စံချိန်မီလား မမီလား ခွဲချင်ရင် ရန်ကုန်ကို ပို့ရတယ်” ဟု ၎င်းကပြောသည်။

ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးအတွက် ဘတ်ဂျက်ငွေကျပ်၄၆ သိန်း၊ နည်းပညာများသင်တန်းပေးနိုင်ရန်အတွက်ဘတ်ဂျက်ငွေ ကျပ် ၄၂သိန်းစုစုပေါင်းငွေ ကျပ် ၈၈သိန်းတောင်းခံထားကြောင်းသိရသည်။

“ခုနကပြောတဲ့ရှိပြီးသားနည်းပညာတွေကိုလည်းဌာနနဲ့အရင်ပညာရှင်ကြီးတွေကိုလည်း ခေါ်ပြီးတော့ဆွေးနွေးတာမျိုး အရင်ကလည်းလုပ်ခဲ့ဖူးတယ်၊ ဒါကအခုကကြတော့ ကိုယ့်ဘတ်ဂျက်နဲ့ကိုယ်ကြတော့ကိုယ့်ဟာကိုယ်စီစဉ်လို့ရတာပေါ့” ဟု ၎င်းကပြောသည်။

သို့ဖြစ်၍ မွန်ပြည်နယ်တွင် နှစ်စဉ် နေလှန်းဆား မက်ထရစ်တန်ချိန် ၃သောင်းကျော်ထွက်ရှိနေပြီး ယခုနှစ်တွင်ဆားထုတ်လုပ်မှုဧကပေါင်း ၃၉ဝဝကျော်မှဆားမက်ထရစ်တန်ချိန် ၃၃၈၄၅ တန်ထွက်ရှိကာ ယခင်နှစ်ထက် ဆားတန်ချိန် ၁၀၇၈၇ တန်ပိုမိုထွက်ရှိခဲ့သည်။

လျှမ်းထက်

Leave a Reply