မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ မူးယစ်းဆေးဝါးဖမ်းဆီးမှုတွင် တနင်္သာရီတိုင်းဒေသကြီးသည် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာအဆင့်လေးနေရာတွင်ရှိကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

police car

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးပြီးပါက တနင်္သာရီတိုင်းမှာမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးနေမျိုးကပြောကြားသည်။

“ဖမ်းဆီးရမိမှုအနေအထားမှာပြည်နယ်၊ တိုင်းအားလုံးနဲ့ယှဉ်လိုက်ရင်အကြမ်းဖျင်းအားဖြင့် ၄ ခုမြောက်လောက်မှာရှိပါတယ်” ဟု၎င်း ကဆိုသည်။

လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမူးယစ်ဆေးစွဲနေသူများကိုဆေးဖြတ်ပေးသည့် လုပ်ငန်းကိုလည်းစီမံချက် ခြောက်လတာကာလအတွင်းအောင်မြင်အောင် လုပ်ဆောင်မည်ဖြစ်ပြီးယင်းလုပ်ငန်းများကို ကျွန်းစု၊မြိတ်၊ ကော့သောင်းနှင့် ထားဝယ်မြို့တို့ရှိဆေးရုံများတွင် ထိထိရောက်ရောက်ဆောင်ရွက်မည်ဖြစ်ကြောင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးကပြောဆိုသည်။

တနင်္သာရီတိုင်းတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၂၃ ရက်နေ့အထိ မူယစ်ဆေးဝါးဖြင့်ဖမ်းဆီးရမိမှုပေါင်း ၃၄၅မှုအနက် WY ဆေးပြားအမှုဖြင့် ၂၃၉မှု ဖမ်းဆီးရမိပြီးဘိန်းစာမှုန့် ၉၃မှု၊ ICE အမှုဖြင့် ၃မှု၊ ဆေးခြောက် အမှုဖြင့် ၁မှုဖမ်းဆီးရမိခဲ့ကြောင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

ယင်းကာလအတွင်း WYဆေးပြားမှာ ၂၉၁ ၅၁၈ ပြား၊ဘိန်းစာမှုန့် ၁၂၅၁.ဝ၂၆၃ကီလိုဂရမ်၊ ICE ၄၀.ဝ၁၉ ကီလိုဂရမ်နှင့် ဆေးခြောက် ဝ.ဝ၉၈ကီလိုဂရမ်တို့ကိုဖမ်းဆီးရမိခဲ့သည်ဟုယင်းရုံး၏ မှတ်တမ်းအရသိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးမှုများတွင် လက်နက်ငယ်များပါဖမ်းဆီးရရှိလာပြီးစီမံချက်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် အတူလက်နက် ဖြင့်ထားဝယ်မြို့တွင်နှစ်မှုဖမ်းဆီးရမိပြီးတနင်္သာရီနှင့် ကော့သောင်းမြို့နယ်တို့တွင်လည်းဖမ်းဆီးရမိခဲ့ကြောင်းရဲမှူး ကြီးနေမျိုးကပြောဆိုသည်။

သြဂုတ်လ ၂၂ရက်နေ့က ကော့သောင်း မြို့နယ်၊ပုလုံးတုံးတုံးကျေးရွာတွင်မူးယစ်ဆေးဝါးသုံးစွဲနေသူများထံမှ ထိုင်းနိုင်ငံလုပ် ကိုးလုံးကျည်ပစ်ခါးချိုးသေနတ် ၁လက်နှင့်အတူ WY ဆေးပြား၁ပြား၊ ဆေးရှူကိရိယာ ၄ခု၊ဘိန်းစာမှုန့် ၂ ထုပ် တို့ကို သြဂုတ်လ ၂၂ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ထို့အတူတနင်္သာရီမြို့နယ်၊ ဆင်ဒင်ကျေးရွာတွင် မူးယစ်ဆေးရောင်းချသူနှစ်ဦး၏နေအိမ်များတွင်တူမီးယမ်းထောင်းသေနတ်တစ်လက်၊ ကိုးလ်တံဆိပ်ပါပစ္စတိုတစ်လက်နှင့် အတူဆေးရှူ ကိရိယာတစ်စုံ၊WY ဆေးပြားတို့ကိုသြဂုတ်လ ၂၃ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းတနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

Leave a Reply