(ဓါတ်ပုံ အညွှန်း – အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မွန်စာပေသင်ကြားရေးအတွက် အခမ်းအနားပြုလုပ်စေဉ်)

လာမည့် ၂ဝ၁၆ -၂ဝ၁၇ ပညာသင်နှစ်မှစ၍ မွန်ဘာသာ စာပေကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိ အစိုးရ စာသင်ကျောင်းများတွင် တရားဝင်ဘာသာရပ်တစ်ခုအဖြစ် သင်ကြားသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က အခြေခံပညာမူလတန်းအဆင့် မွန်စာသင်ပြနည်း သင်တန်းဖွင့်ပွဲတွင် ပြောဆိုခဲ့သည်။

အခြေခံမူလတန်းအဆင့် မွန်စာပေသင်ကြားရေးအတွက် ဆရာဖြစ်သင်တန်းကို ဇန်နဝါရီ ၂၃ ရက်တွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သင်တန်းသား ၄၀ဝ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ပထမ အသုတ်နှင့် ဒုတိယ အသုတ်ခွဲ၍ သင်တန်း ပို့ချမည် ဖြစ်ကြောင်း မော်လမြိုင်ပညာရေးကောလိပ်မှ ကထိက မိမြင့်မြင့်သန်းက ပြောသည်။

“မွန်စာတစ်မျိုးတည်းသင်မယ်၊ မွန်ပြည်နယ်တစ်ခုတည်း မကဘူး၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းလည်း ပါတယ်၊ အဓိက ကတော့ မွန်လူမျိုးအများစုရှိတဲ့ နေရာမှာသင်မယ်၊ မြို့ပေါ်တော့မပါသေးဘူး”ဟု မွန်ဘာသာ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ခေါင်းဆောင် မင်းအောင်ဇေက ဆိုသည်။

ထိုသို့ သင်ကြားရာတွင် သူငယ်တန်းမှ လေးတန်းအဆင့်ဖြစ်သည့် မူလတန်းအထိ သင်ရိုးရေးဆွဲထားပြီး ကနဦး အနေဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး တစ်တန်းလျှင် သင်ရိုးစာအုပ်အဖြစ် Textbook (ဖတ်စာ)၊ Workbook (လေ့ကျင့်ခန်းစာအုပ်) နှင့် သင်ကြားနည်းစာအုပ်များကို ပေးအပ်သွားမည်ဟု ၎င်းက ပြောသည်။

(ဓါတ်ပုံ အညွှန်း – အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မွန်စာပေသင်ကြားရေးအတွက် အခမ်းအနားပြုလုပ်စေဉ်)
(ဓါတ်ပုံ အညွှန်း – အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မွန်စာပေသင်ကြားရေးအတွက် အခမ်းအနားပြုလုပ်စေဉ်)
“မွန်လူမျိုးတစ်ယောက်ဟာ မွန်စာတတ်ဖို့လိုတယ်၊ မွန်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်ရမယ်၊ မွန်စာတတ်မှ မွန်ယဉ်ကျေးမှုကို အကျယ်တစ်ဝင့် ထိန်းသိမ်းလို့ရမှာ”ဟု မိမြင့်မြင့်သန်းက ပြောသည်။

မွန်စာသင်ကြားမည့် ဆရာ/ ဆရာမများကို ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း ဖွင့်ပွဲအခမ်းနားတွင် မိန့်ခွန်းအဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် ပြောဆိုခဲ့သည်။

မွန်ပြည်နယ်တွင် မွန်စာတတ်မြောက်မှု အနေအထားတွင် မြို့ပေါ်နေရာများမှလွဲ၍ ကျန်နေရာဒေသများသည် အားရစရာကောင်းကြောင်း မင်းအောင်ဇေက ဆိုသည်။

“အခြေခံမူလတန်း အဆင့်နဲ့ အစိုးရကျောင်းမှာ ဘာသာရပ်တစ်ခုအနေနဲ့ တရားဝင် သင်မှာဖြစ်တဲ့အတွက် မွန်စာ ပညာသင်နှစ်ကလည်း အစိုးရသင်နှစ်အတိုင်းပဲ၊ ဒါပေမယ့် အတန်းတင် စီမံချက်တွေတော့ မရှိဘူး၊ အပိုဘာသာ အနေနဲ့သင်မယ်”ဟု ၎င်းက ပြောသည်။

Leave a Reply