ရန်ကုန်၊ စက်တင်ဘာ ၁၈ ။ ။ ပြည်နယ် နှင့် တိုင်းဒေသကြီးများအလိုက် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေးကို ခေါင်းစဉ်ခွဲ တစ်ရပ် အဖြစ် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံမှသိရသည်။ae

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံညီလာခံပြီးနောက် ဆက်လက် ပြုလုပ်မည့် အမျိုး သားအဆင့် နိ်ုင်ငံရေး ဆွေးနွေးပွဲများကို နိုဝင်ဘာလဆန်းပိုင်းတွင် စတင်နိုင်ရန် နှစ်ဘက် လျာထား သတ်မှတ်ထားပြီးဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍ ငါးခု ဖြင့် ဆွေးနွေးမည်ဖြစ်ကာ မူးယစ်ဆေးဝါးဖြေရှင်းရေးကိုလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။

“မူးယစ်ဆေးဝါး ကိစ္စကို လူမှုရေး ကဏ္ဍအောက်မှာ ခေါင်းစဉ်ခွဲတစ်ခု အနေနဲ့ ဆွေးနွေးမယ်။ ဒါက သဘောတူညီမှု အသစ်ပေါ့နော်” ဟုအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် ရေးဆွဲရေးအဖွဲ့ဝင် လည်းဖြစ်သူ ခွန်မြင့်ထွန်းက ရှင်းပြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံ များတွင် ဒုတိယမြောက် ဖြစ်ပြီး မူးယစ်ဆေးဝါးများကို ကုန်ချောအဖြစ် ထုတ်လုပ်ကာ အာရှ နိုင်ငံများမှ တစ်ဆင့် ကူးသန်းရောင်းဝယ်မှုများ ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်ဆိုင်ရာ ရုံး (UNODC) က ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

အဆိုပါ ဘိန်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည် တိုင်းရင်းသား ဒေသများတွင် အများဆုံးဖြစ်ပြီးယင်းမှာ ပြည်တွင်းစစ် ရှည်ကြာခြင်း၏ အကျိုးဆက် တစ်ခုလည်း ဖြစ်ကြောင်း UNODC ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

Photo-U Hla Maung Shwe Facebook

Leave a Reply