Advertisements

မော်လမြိုင်၊ ဇွန် ၁၅

မွန်ပြည်နယ် လူမှုရေး ဝန်ကြီးအနေဖြင့် မော်လမြိုင်ဆေးရုံကြီးကို ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၄ ရက်၌ ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် စကားဝိုင်းအပြီး ပရိသတ် မေးခွန်း မေးမြန်းသည့် အစီအစဉ်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မေးခွန်းမေးမြန်းသည့် ပရိသတ်က မော်လမြိုင်ဆေးရုံကြီး၏ ဓာတ်လှေကားပျက်စီးနေမှု၊ လူနာများကို သယ်ဆောင်ရာတွင် ညင်သာမှုမရှိခြင်း၊ ဆရာဝန်များ ယဉ်ကျေးမှုမရှိခြင်း၊ ဆေးရုံကြီး၏ သန့်ရှင်မှု အားနည်းခြင်း စသည့် မေးခွန်းများ မေးမြန်းခဲ့သည်။

ထိုမေးခွန်းကို လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်းက မော်လမြိုင်ဆေးရုံကြီး၏ ဓာတ်လှေကားပျက်စီးနေမှုကို အမြန်ဆုံးပြုပြင်ပေးသွားမည်ဖြစ်ပြီး၊ လူနာများကို ဝန်ထမ်းများ ဆက်ဆံမှုအပိုင်းနှင့်ပတ်သက်၍ ညင်ညင်သာသာဆက်ဆံရန် ပြောဆိုထားပြီး ဝန်ထမ်းအင်အားကိုလည်း တိုးချဲ့ ခန့်အပ်ထားကြောင်း ဖြေဆိုခဲ့သည်။

ဆရာဝန်များ ယဉ်ကျေးမှု မရှိဟု မေးခွန်းကို ဝန်ကြီးက လူနာနှင့် ဆရာဝန် အင်အား မမျှတသည့်အပေါ်တွင် ဆရာဝန်များအနေဖြင့် လူနာများအပေါ် စိတ်တိုဒေါ်သထွက်မှု တစ်ခါတစ်ရံ ဖြစ်၍ မချေမငံ ဆက်ဆံမိကြောင်း ဖြေဆိုခဲ့သည်။

ထိုသို့ ဝန်ကြီး ဖြေဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က “ခပ်တိုတိုပြောရမယ်ဆိုရင် ကျန်းမာရေးပိုင်း တာဝန်ယူတာတဲ့ဝန်ကြီးက ဆေးရုံကို ကိုယ်တိုင်ဆင်းပြီးတော့ အမြန်ဆုံး တိုးတက်အောင်လုပ်ဖို့ လိုပါလိမ့်မယ်” ဟု သတိပေး ပြောဆိုခဲ့သည်။

မော်လမြိုင်ဆေးရုံကြီး သန့်ရှင်းသပ်ရပ်မှု မရှိမှု မေးခွန်းနှင့် ပတ်သက်၍ ဝန်ကြီးက အတတ်နိုင်ဆုံး သန့်သန့်ရှင်းရှင်း ဆောင်ရွက်နိုင်ရေးအတွက် သန့်ရှင်းရေးဝန်ထမ်းများကို သီးသန့် တာဝန်ပေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆိုသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply