Advertisements

ကျိုက်မရော အောက်တိုဘာ

မွန်ပြည်နယ်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ (ရွှေကျင်) ၊ ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ ဓဏ္ဍလာဇေယျုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောသိယ (သက်တော် ၈၂ နှစ် ၊ သိက္ခာတော် ၆၂ ဝါ)၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပပြီးစီးကြောင်း သိရသည်။

ဆရာတော်ကြီးမှာ အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်က ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း၊ မူလဘူတ သီတင်းသုံးရာ ကျောင်းတိုက် ပရဝုဏ်အတွင်းတွင် ဈာပနပွဲကို ကျင်းပခဲ့ကြောင်း အခမ်းအနားဖြစ်မြောက်ရေး ဦးစီး ဆောင်ရွက် ပူဇော်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ သံဃာတော်များ ကြွရောက်ခဲ့သလို ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများလည်း တက်ရောက်ခဲ့ကြသည်။

ခေတ်မင်း

Leave a Reply