ပြည်နယ်အကျိုးပြုမည်မူဝါဒများကို ပြတ်ပြတ်သာသား ချမှတ်ရန်လို

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) အတွက် ပြည်နယ်အဆင့် UEHRD ကော်မတီများကို နိုဝင်ဘာ ၁ ရက်က စတင်ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီ၏ အဓိကလုပ်ငန်းမှာ ရခိုင်ဒေသအတွက် လူသားချင်းစာနာမှုအထောက်အပံ့များ ပေးအပ်ရန်အတွက်
ရန်ပုံငွေရရှိအောင်ဆောင်ရွက်ရန်ပင်ဖြစ်သည်။ယင်းလုပ်ရပ်မှာ ကောင်မွန်သည့် လုပ်ရပ်ပင်ဖြစ်သည်။

သို့ရာတွင် ယင်းရန်ပုံငွေများကို မည်သို့မည်ပုံရရှိအောင် ဆောင်ရွက်မည်ဆိုသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။တခြားပြည်နယ်တိုင်းများကဲ့သို့ပင် တိုက်ကွန်းကြီးများဆီက အလှူခံမည်လော။ တိုက်ကွန်းကြီးများက လက်ရှိအချိန်အထိ
မည်သည့်ညွှန်ကြားချက် မျှမရရှိသေးဘူးဟုဆိုကြသည်။

မွန်ပြည်နယ်ကို နိုင်ငံခြားရင်းနှီးမြှုပ်မှုတော်တော်များက စိတ်ဝင်စားကာ လာရောက်ဆွေးနွေးကြသော်လည်း လက်ရှိအချိန်ထိ ကြီးကြီးမားမားရင်းနှီးမြှုပ်နှံမှုကို မတွေ့ရသေးချေ။ယင်းအတွက်ကြောင့်မူဝါဒပြတ်ပြတ်သားသားချမှတ်ကာ ဆောင်ရွက်ရန် လိုအပ်နေချိန်လည်းဖြစ်သည်။

ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် အစိုးရသဘောတူညီထားသည့် လုပ်ငန်းတချို့မှာလည်း ဝေဖန်သံထွက်လာသည်နှင့်တပြိုက်နက်တည်း ရပ်ထားလိုက်အတွက်လုပ်ငန်းရှင်အချို့က အစိုးရကို မပြတ်ဟု မချင့်မရဲဝေဖန်ကြသည်။

အထက်ပါအကြောင်းအရာများမှာ လတ်တလော မွန်ပြည်နယ်အစိုးရအဖွဲ့ဖြစ်နေသည့် အကြောင်းအရာများပင်ဖြစ်သည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့်အကြောင်းအရာများထဲမှ ပြည်နယ်အကျိုး ပြည်သူအကျိုးကို ဖြစ်ထွန်းမည့် အရာများကို ဦးစားပေးလုပ်သင့်သည်ဟု တိုက်တွန်းလိုသည်။

ယင်းသို့လုပ်ကိုင်ရာတွင် ပြတ်ပြတ်သားသားနှင့် ပြည်နယ်အကျိုးကိုပြုမည့် မူဝါဒများကို ချမှတ်ကာ တာဝန်ယူမှုတာဝန်ခံမှု ရှိရှိဖြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

Written by – Editor

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်