သြဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် နိုင်ငံအဝန်း အဂတိ လိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်း ဆောင်ရွက် ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို အတည်ပြုမဲခွဲ ခဲ့ကြသည်။

editor copy

နိုင်ငံတကာ ပွင့်လင်းမြင် သာမှုအဖွဲ့က ထုတ်ပြန်သော အဂတိလိုက်စားမှု အသန့်ရှင်းဆုံး နိုင်ငံပေါင်း ၁၆၈ နိုင်ငံအနက် အဆင့် (၁၄၇)၌ ရပ်တည်လျက်ရှိသော မြန်မာနိုင်ငံတွင် အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအရ လာဘ်ပေး လာဘ် ယူမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းထားသော်လည်း လက်ရှိအချိန်အထိ သိသာသော စစ်ဆေး အရေးယူမှုများကို မြင်တွေ့ရခြင်းမရှိသေးကြောင်းထောက်ပြ ပြောဆို မှုများ လည်း ရှိ နေပြန် သည်။

လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင် သည်ပြည်ထောင်စု အဆင့် တစ် ခုသာ ဖွဲ့စည်း ထား ပြီး ပြည်နယ် နှင့် တိုင်း အဆင့် များ တွင် ရှိမနေပေ ။
ထို့ကြောင့် ယင်းကော်မရှင်ကို လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်ရေး အတွက် လက်လှမ်းမီခြင်း မရှိသေးပေ ။

နိုင်ငံအဝန်း အဂတိ လိုက် စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက် ရောက် ကိုင်တွယ် ဖြေရှင်း ဆောင်ရွက် ပေးရေး အဆိုကို ဆွေးနွေး စဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က အဂတိတိုက်ဖျက်မှုများအတွက် ပြည်ထောင်စု အစိုးရကို တိုက်တွန်းရုံနဲ့ မလုံလောက် ကြောင်း နိ်ုင်ငံတော်အစိုးရ၊ အဖွဲ့အစည်းအသီးသီး၊ မီဒီယာများ၊ ပြည်သူလူထု တစ်ရပ်လုံးက ခိုင်လုံတဲ့အထောက်အထားများနဲ့ တိကျမှန်ကန်စွာ ဖော်ထုတ် တိုင်ကြားကြရန် လည်း တိုက်တွန်းခဲ့ပေသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်း မြင့် ပန်ကြား သကဲ့သို့ တိုင်ကြား နိုင်ရန် အတွက် လာဘ်ပေး လာဘ် ယူမှု တိုက်ဖျက်ရေး ကော်မရှင် ကို ပြည်သူ လူထု နှင့် အနီးကပ်ဆုံး ထားပေးရန်လိုအပ်လိမ့်မည် ဟုယူဆ ရပါသည်။

ထို့ကြောင့် ပြည်နယ်နှင့် တိုင်း အသီးသီး မြို့နယ်များ တွင် ပါ အောက်ခြေအဆင့် လာဘ်ပေး လာဘ် ယူမှု တိုက်ဖျက်ရေး ကော်မရှင် များ လိုအပ်ပါကြောင်း တိုက်တွန်း လိုက်ရပါသည်။

Leave a Reply