ရန်ကုန်၊ ဇူလိုင် ၂၈ ။ ။ တပ်မတော်အစိုးရ လက်ထက်တွင် ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသော ပြည်ပ ရောက် အဖွဲ့အစည်းများက အရပ်သားအစိုးရသစ်လက်ထက်တွင် ပြည်တွင်းသို့ ပြန်လာခွင့် ရရှိရေးအ တွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုလိုက်သည်။

logo-copy

မြန်မာ-ထိုင်း နယ်စပ်ဒေသတွင် အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်းများ အများဆုံးပါဝင်သော အဖွဲ့အစည်း ၄၀ က ၎င်းတို့ကို အမည်ပျက်စာရင်းမှပယ်ဖျက်ပြီး ပြည်တွင်းသို့ ပြန်လာခွင့်ပြုသည်ဟု အရပ်သား အစိုးရက တရားဝင် ကြေညာပေးရန် တောင်းဆိုကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် အိပ်ဖွင့်ပေးစာ တစ်စောင်ကို ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အရပ်သားအစိုးရ အနေဖြင့် နယ်စပ်ဒေသ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ နှင့် အဖွဲ့ဝင်များ ပြည်တွင်းသို့ လုံခြုံစွာ ပြန်လာနိုင်ရေးအတွက် အလေးအနက်ထားစဉ်းစားပေးပါရန် နှင့် အမည်ပျက် စာရင်းတွင် ပါဝင်နေသူများကို တရားဝင်ထုတ်ပြန်ပေးစေလိုကြောင်း အိပ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။
ယင်းသို့ အိပ်ဖွင့်ပေးစာပေးပို့ရာတွင် ပူးပေါင်းပါဝင်သည့် ထိုင်းနိုင်ငံချင်းမိုင်မြို့အခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင် မျိုးကျော် ကလည်း “နိုင်ငံရေးကြောင့် တိုင်းပြည်ပြင်ပကို ထွက်သွားရတဲ့လူတွေက ဂုဏ်သိက္ခာရှိရှိနဲ့ ပြည်တွင်းကို ပြန်ဝင်လာဖို့ လိုအပ်တယ်။ ဒါမှလည်း တိုင်းပြည်တည်ဆောက်ရေးမှာ ဒီလူတွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းကို အသုံးချခွင့်ရမှာ။” ဟုမှတ်ချက်ပြုသည်။

တပ်မတော်အစိုးရလက်ထက်တွင် ပြည်တွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူမှုများ ရှိသောကြောင့် အရပ်ဘက်အဖွဲ့အစည်းအများစုမှာ မြန်မာ-ထိုင်း နယ်စပ်ဒေသ သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ယင်းသို့ နယ်စပ်ဒေသများတွင် အခြေစိုက်သော အရပ်ဘက်အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာခဲ့ပြီး ယင်းအဖွဲ့ဝင်များ ကိုလည်း ပြည်တွင်းသို့ ပြန်လာခွင့် မရှိစေရေးအတွက် အမည်ပျက်စာ ရင်း(Black List) တွင် ထည့်သွင်းခဲ့မှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ယခင်အစိုးရလက်ထက်တွင် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ပြည်ပသို့ရောက်ရှိနေ သည့် အဖွဲ့အစည်းများကို ပြန်လာခွင့်ပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အဖွဲ့အစည်း အချို့သာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

အလားတူ ၂၀၁၂ ခုနှစ်တွင် အမည်ပျက်စာရင်းများကို အကန့်အသတ်ဖြင့် ပတ်ဖျက်ကြောင်း ကြေညာ မှုကြောင့် ပြန်လည်ဝင်ရောက်လာအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သတင်းရဲတပ်ဖွဲ့က အမြဲစောင့်ကြည့်ကာ ကန့်သတ်တားစီးမှုများ ပြုလုပ်ခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၄၀ ခု ပူးတွဲ ထုတ်ပြန်သော အိပ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

သိုသော်လည်း အရပ်သားအစိုးရသစ်ကမူ ၎င်း၏ ရက် ၁၀ဝ စီမံကိန်းအတွင်း အစိုးရအဆက်ဆက် က အမည်ပျက်စာရင်းသွင်းခဲ့သူ အားလုံးနီးပါးကို စိစစ်ပြီးနောက် အဆိုပါ စာရင်းမှ ပယ်ဖျက်ပေး မည်ဖြစ်ကြောင်း အလုပ်သမား၊အလုပ်အကိုင် နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောဆိုထားသည်။

Leave a Reply