ဝါရှင်တန် မေ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ပတ်သတ်တဲ့အရေးပေါ် ကြေညာချက်တစ်စောင်ကို မေလ ၁၅ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ဟာ နိုင်ငံခြားအခြေစိုက် တယ်လီကွန်းကုမ္ပဏီနဲ့ သက်ဆိုင်ပြီး ကုမ္ပဏီနာမည်ကို အတိအကျ မဖော်ပြထားပေမဲ့ ဟွာဝေးကို ရည်ရွယ်ကြောင်း ထင်ရှားနေပါတယ်။

ကြေညာချက်အရ နိုင်ငံခြားတယ်လီကွန်းကုမ္ပဏီတွေဟာ နိုင်ငံရဲ့ အချက်အလက်ပိုင်းဆိုင်ရာလုံခြုံေရးစနစ်ကို ထိပါးလို့နေပြီး လုံခြုံရေးအတွက် အလေးထားဖို့ တိုက်တွန်းထားတာပဲဖြစ်ပါတယ်။

အဲဒီတိုက်တွန်းချက်မှာ နိုင်ငံရပ်ခြားကုမ္ပဏီတွေရဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို အသုံးမပြုဖို့ တားမြစ်ချက်တွေလည်း ပါဝင်နေပါသေးတယ်။

“ထုတ်ပြန်ချက်က အဓိကရည်ရွယ်ချင်တာကတော့ အမေရိကန်နိုင်ငံကို အခြားစပိုင်ကုမ္ပဏီတွေက အချက်အလက်ပိုင်းဆိုင်ရာခိုးယူမှုနဲ့ ထိပါးလာခြင်းမရှိအောင် ကြိုတင်သတိပေးတဲ့သဘောပါ”ဟု အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒါက ပြောပါတယ်။

နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီတွေဟာ လုပ်ငန်းထူထောင်ခြင်းကနေတစ်ဆင့် နိုင်ငံတော်ရဲ့ အချက်အလက်တွေ ခိုးယူရှင်းလင်းတဲ့အဆင့်အထိ လုပ်ဆောင်နိုင်တယ်လို့ အိမ်ဖြူတော်ကနေ တရားဝင်သတိပေးထားပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ဒီလိုကြေညာချက်ထွက်လာတာဟာ တရုတ်နဲ့ အမေရိကန်ကုန်သွယ်ရေးစစ်ပွဲ နောက်ဆက်တွဲအကျိုးဆက်ဖြစ်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့အပတ်က တရုတ်သံအမတ်က အမေရိကန်ဒုသမ္မတနဲ့တွေ့ပြီး စေ့စပ်ဆွေးနွေးခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့ တရုတ်နိုင်ငံတွင်းတင်ပိုတဲ့ အမေရိကန်ပို့ကုန်တွေကို အခွန်တိုးမြှင့်ခဲ့ကြပါသေးတယ်။

တရုတ်နိုင်ငံက အခွန်တိုးမြှင့်ခြင်းမပြုမီ လွန်ခဲ့တဲ့ နှစ်လကတည်းက အမေရိကန်က တရုတ်ပို့ကုန်တွေကို အခွန် နှစ်ဆကောက်ခံခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ဟွာဝေးရဲ့ 5Gကွန်ယက်ကို နိုင်ငံတွင်းတရားဝင်ပိတ်ပင်ပြီး ဖြစ်ပေမဲ့ ရုရှားနဲ့ ဂျာမနီတို့လို တခြား အင်အားကြီးနိုင်ငံတွေက လက်ခံသုံးစွဲနေတာကြောင့် အခုလို ကြေညာချက်ထုတ်တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Ref:CNA

Leave a Reply