Advertisements

မော်လမြိုင်၊ မေ ၅

မြန်မာနိုင်ငံတွင် ကြက်သွန် အများဆုံး ထွက်ရာ အထက်အညာဒေသ၌ ကြက်သွန်နီ လှိုင်လှိုင် ထွက်နေသော်လည်း ပြည်ပ ဝယ်လိုအား မရှိသဖြင့် ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း မော်လမြိုင်မြို့ ရွေနဒီပွဲရုံမှ ဦးဉာဏ်စိုးက ဟင်္သာမီဒီယာကို ပြောကြားသည်။

“ဈေးကအတက်မရှိတော့ဘူး အကျပဲရှိတော့တယ် အထွက်များပြီး ပြည်ပဝယ်လိုအားမရှိတဲ့ အတွက်ဈေးကျတယ်၊ နောက်ပြီး အထားမခံတဲ့အတွက် ရတဲ့ပေါက်ဈေးနဲ့ရောင်းနေကြတယ်” ဟု ၎င်းက ဆိုသည်။

Advertisements
data-language="en"

မွန်ပြည်နယ် မော်လမြိုင်၏ ကြက်သွန်နီဈေးနှုန်းသည် ဧပြီ ပထမအပတ်က မြစ်သား၊ မြင်းခြံမှာ တစ်ပိဿလျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ အကြား ရှိခဲ့သော်လည်း မေလ ပထမအပတ်တွင် တစ်ပိဿလျှင် ကျပ် ၆၀၀ နှင့် ၇၀၀ ကြားသာ ပေါက်ဈေးရှိနေကြောင်း ၎င်းက ပြောသည်။

“ပစ္စည်းက တအားလာတယ် ဝယ်တဲ့သူကနည်းတဲ့အတွက် ဈေးကျတယ်  ပြီးခဲ့တဲ့လထက်စာရင် ဈေးတအားကျတယ်”ဟု မော်လမြိုင်မြို့ ဈေးကြိုရပ် ကျွန်းဒီပါပွဲရုံ ပိုင်ရှင် ဦးတင်နိုင်က ဟင်္သမီဒီယာသို့ ပြောသည်။

ယခုအခါ မော်လမြိုင် ကြက်သွန်ဈေးကွက်တွင် အရောင်းဝယ်အေးနေသဖြင့် နယ်ဒေသများဖြစ်သည့် ဘားအံ၊ မုဒုံ၊ သံဖြုုဇရပ်၊ ရေး၊ ထားဝယ်မြို့များကိုပါ ဖြန့်ဖြူး ရောင်းချမှုများ ပြုလုပ်နေရကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိ မော်လမြိုင် ကြက်သွန်နီဈေးကွက်တွင် မြစ်သား လတ်ချော တစ်ပိဿာလျှင် ၆၅၀ကျပ်၊ မြင်းခြံကြက်သွန်နီ ၅၅၀ကျပ်နှင့် ဆိပ်ဖြုုရှယ်တစ်ပိဿာလျှင် ၇၀၀ ကျပ် အသီးသီး ပေါက်ဈေးရှိသည်။

Written by ဂေထော

Leave a Reply