Advertisements

တိုကျို မေ

ဂျပန်ဧကရာဇ်ဘုရင် နာရုဟီတိုသည် ယခုရက်သတ္တပတ်တွင် ထီးနန်း စတင် ဆက်ခံခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

တော်ဝင်နန်းတော်ဆိုင်ရာအေဂျင်စီက ဧကရာဇ်ဘုရင်နှင့်တွေ့ဆုံပွဲသို့ ပြည်သူ ၁၄၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု ဆို၏။ အဆိုပါတွေ့ဆုံပွဲကို မေ ၄ ရက်က ဘုရင့်နန်းတော်တွင် ကျင်းပခဲ့သည်။

ဧကရာဇ်ဘုရင် နာရုဟီတို၊ ကြင်ယာတော် မာဆာကိုနှင့် တော်ဝင်မိသားစုအနွယ်ဝင်များက ခြောက်ကြိမ်တိုင်တိုင် နန်းတော်၏လသာဆောင်သို့ ထွက်ကာ တက်ရောက်လာသူ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထီးနန်းဆက်ခံပြီးနောက် ပြည်သူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲကျင်းပခြင်းဖြစ်ပြီး ပြည်သူအများအပြား တက်ရောက်ကြသည့်အတွက် လွန်စွာ ဝမ်းသာပီတိဖြစ်မိ ပါကြောင်းနှင့် ပြည်သူများ ကိုယ်ကျန်းမာ၊စိတ်ချမ်းသာ စေရန် ဆုမွန်ကောင်းများ ပို့သလိုက်ပါကြောင်း ဧကရာဇ် ဘုရင်က ပြောကြားခဲ့သည်။

“ပထမဆုံးအကြိမ် ပြည်သူတွေကို ဂျပန်ဧကရာဇ်အဖြစ်နဲ့တွေ့ဆုံနှုတ်ဆက်ရတာဖြစ်ပြီး အကုန်လုံးကလည်း ဝမ်းပန်းတသာ ကြိုဆိုကြလို့ အထူးဝမ်းမြောက်ပါတယ်”ဟု ဂျပန်ဧကရာဇ်ဘုရင် နာရုဟီတိုက ဖြည့်စွက်ပြောသည်။ ထို့ပြင် နိုင်ငံတကာနှင့် ယှဉ်တွဲ ကာ ငြိမ်းချမ်းစွာနေထိုင်ပြီး နိုင်ငံတော်အနေဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် မျှော်လင့်ပါကြောင်း ၎င်းက ဆိုသည်။

ဧကရာဇ်ဘုရင်၊ ၎င်း၏ ကြင်ယာတို့နှင့် တွေ့ဆုံရသည့် တော်ဝင် အခမ်းအနားကို တက်ရောက်ရသည့်အတွက် ပျော်ရွှင်မိကြောင်း တက်ရောက်လာသူ အမျိုးသမီးငယ် တစ်ဦးက ဆိုသည်။ ၎င်း ထီးနန်းဆက်ခံချိန်တွင် နိုင်ငံတော်အနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေမည်ဟု ယုံကြည်သည်ဟု အခမ်းအနားသို့ အိုကီနာဝါမြို့မှ တက်ရောက်လာသူ အမျိုးသားတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

Ref: NHK

Leave a Reply